4-4-2017
မြန်မာနိုင်ငံအနှံ့တွင် ရဲစခန်းနှင့် တရားရုံးအချုပ်ခန်းပေါင်း ၂၀၀၀ ကျော်ရှိနေပြီး တိုးတက်လာသော ရာဇဝတ်မှုများ အတွက် အဆင်သင့်ဖြစ်နေစေရန် အချုပ်သား ၃၀ ဆန့်အခန်းများအား ၄၅ ဦးဆန့်အခန်းများ ပြင်ဆင်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြံပြုခဲ့သည်။
အကျဉ်းဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးမှ "ရန်ကုန်ကတော့ အထူးသဖြင့်ပေါ့လေ ရာဇဝတ်မှုနှုန်းက
အရင်တုန်းကထက် တောက်လျှောက်မြင့်တာက်လာတယ် ဒီတော့အချုပ်ခန်းတွေမှာ
သတ်မှတ်ဦးရေထက် ပိုထားနေရတဲ့ ပြဿနာ ရှိလာတယ် ကျပ်ကျပ်တည်းတည်းလည်းဖြစ်နေတာ
တွေ့ရတယ် ပြင်ဆင်မယ့် အပိုင်းတော့ ပြည်ထဲရေးက ဘတ်ဂျက်တစ်ခုအနေနဲ့
သီးခြားဆောင်ရွက်မှ အဆင်ပြေမယ် "ဟု ဆိုသည်။
လူ့အခွင့်အရေးကော်မရှင်၏ အစီရင်ခံစာတွင်
အချုပ်ခန်းများသို့ ဝင်ပေါက်သည် ၂ ပေခွဲသာအမြင့်ရှိသောကြောင့် တရားခံများကုန်းဝင်နေရခြင်းသည် လူမြင်မတော်၍ ၅ ပေခွဲအမြင့်တံခါးပေါက်များ ပြုပြင်ရန်ဟုပါရှိသောကြောင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြန်လည် ပြုပြင်နေပြီဖြစ်သည်။
THE vOICE WEEKLY

0 စာဖတ်သူတို့စကားများ:
Post a Comment