Sometimes silence is a really good answer.

သူရဦးရွှေမန်း၏ ဒုတိယမြောက်ပြည်ပလျှို့ဝှက်ခရီးစဉ်အဖြစ် တရုတ်သို့ရောက်ရှိနေ


25-4-2017
ဧပြီလ ၂၅ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန Website တွင် ထုတ်ပြန်ထားသော သတင်းဓါတ်ပုံတစ်ခုတွင် နိုင်ငံခြားရေး ဒုတိယဝန်ကြီး Liu Zhenmin နှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းတို့ ၂၄ နေ့ရက်နေ့က တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် One Belt, One Road ထိပ်သီးအစည်းအဝေးနှင့်ဖိုရမ်တက်ရောက်ရန် တရုတ်နိုင်ငံသို့ မသွားရောက်မီ သူရဦးရွှေမန်းက တရုတ်နိုင်ငံသို့ အလည်အပတ်သွားမည်ဖြစ်ကြောင်း သတင်းအချို့ထွက်ပေါ်ခဲ့သော်လည်း တရားဝင်ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ ယခုတွေ့ဆုံမှုအား မြန်မာနိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်နှင့် တရုတ်နိုင်ငံခြားရေးတို့တွေ့ဆုံခြင်းဖြစ်ပြီး ဆွေးနွေးသည့်အကြောင်းအရာများအား ထုတ်ပြန်ပြောကြားခြင်းမရှိဟု တရုတ်မီဒီယာများက ဆိုသည် ။
သူရဦးရွှေမန်းသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် မြောက်ကိုရီးယားနိုင်ငံသို့လည်း လျှို့ဝှက်စွာ ခရီးသွားခဲ့ဖူးပြီး နိုင်ငံတကာမှ ဝေဖန်ပြစ်တင်မှုများ ကြုံတွေ့ခဲ့ရသည့် ကိစ္စရပ်အပြီး ယခုတရုတ်နိုင်ငံခရီးစဉ်မှာ ၎င်း၏ ဒုတိယမြောက်ပြည်ပလျှို့ဝှက်ခရီးစဉ်ဖြစ်ကြောင်း သိရှိရသည်။
သူရဦးရွှေမန်း၏ ယခုခရီးစဉ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ဖိလစ်ပိုင်ခရီးစဉ်နှင့် မေလ၂၄ တွင်ပြုလုပ်မည့်
ဒုတိယပင်လုံညီလာခံများနှင့် ဆက်စပ်နေနိုင်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးမှ သုံးသပ်ပြောကြားခဲ့သည်။
author နိုင်လင်းအောင်

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!