ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာနဲ့
သာယာကုန်းကျေးရွာနားတစ်ဝိုက်က အမျိုးသားကြီးပွား တိုးတက်ရေး၊ ခိုင်လုံ၊
ကြိုင် အင်တာနေရှင်နယ်စတဲ့ ကျောက်စိမ်း ကုမ္ပဏီလုပ်ကွက်တွေထဲမှာ
တစ်နိုင်တပိုင်ကျောက်စိမ်း တူးဖော်နေသူတွေထဲက ၅၀ လောက်ကို တပ်မ ၁၀၁
လက်အောက်ခံ လှုပ်ရှားတပ်နဲ့ လုံခြုံရေးအဖွဲ့က ဖားကန့်မြို့နယ်ရဲစခန်း ကို
ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေက အဲ့ဒီလုံခြုံရေးအဖွဲ့တွေနဲ့ ရေမဆေးကျောက်ရှာသူတွေကြားမှာ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့မှာ အခုလိုဖမ်းဆီးသွားတာလို့ လုံးခင်းကျေးရွာ NLD ပါတီဝင်တစ်ဦးက RFA ကိုပြောပါတယ်။
ဒီကနေ့မနက်ပိုင်း ဖမ်းဆီးမှုတွေဖြစ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး မှော်စီစာကျေးရွာရဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးကလည်း အခုလိုရှင်းပြပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တစ်နိုင်တပိုင်ကျောက်ရှာဖွေသူတွေ သောင်းနဲ့ချီရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
http://www.rfa.org/burmese/news/police-arrested-workers-hpakant-10182013133735.html

0 စာဖတ်သူတို့စကားများ:
Post a Comment