မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့်
အရှေ့တောင်အာရှအားကစားပွဲတော် ဆီးဂိမ်း(SEA GAMES) အကြိုကာလ မှာ
ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတဲ့အတွက် စိုးရိမ်ပူပန်မိတယ်လို့ 
ဖိလစ်ပိုင်နိုင်ငံက ဒီကနေ့ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၂၂ ရက်နေ့ထိကျင်းပမယ့်ပြိုင်ပွဲတွေမှာ ဖိလစ်ပိုင်နိုင်ငံက အားကစားသမား ၂၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် အားကစားသမားတွေနဲ့  သူတို့အရာရှိတွေလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေ တယ်လို့  ဖိလစ်ပိုင်နိုင်ငံ အားကစားကော်မရှင် ဥက္ကဌ ရစ်ချီဂါဆီယာ ကပြောပါတယ်။
မြန်မာနိုင်ငံက ဗုံးပေါက်ကွဲမှုအခြေအနေတွေကို မိမိတို့အနေနဲ့ ဂရုတစိုက်အနီးကပ်စောင့်ကြည့် နေကြောင်း၊ ပြိုင်ပွဲမှာ ဖိလစ်ပိုင် ဝင်ပါ-မပါကို အခုချိန်ဆုံးဖြတ်ချက်ချဖို့ စောနေသေးပြီး၊ နိုဝင်ဘာလကုန်ကျမှ အစိုးရရဲ့အကြံဉာဏ်ကို ရယူဆုံးဖြတ် ရမှာဖြစ်ကြောင်း ဂါဆီယာက ပြောပါတယ်။
အရှေ့တောင်အာရှအားကစားပွဲကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့  ငွေဆောင်ကမ်းခြေတို့မှာ ကျင်းပမှာဖြစ်ပါတယ်။
http://www.rfa.org/burmese/news/sea-games-phillipines-bomb-10182013124310.html

0 စာဖတ်သူတို့စကားများ:
Post a Comment