အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂ EU ၅
နိုင်ငံကို သွားရောက်ဖို့အတွက် ဒီနေ့ ည ၇နာရီဝန်းကျင်လောက်မှာ ရန်ကုန်
အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သွားရောက်တဲ့ ဥရောပခရီးစဉ်အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ပုသိမ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က RFAကို အခုလိုပြောပါတယ်။
ခရီးစဉ်ဟာ ၂ ပတ်ဝန်းကျင်လောက် ကြာမြင့်မှာဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ရှိသလို လွန်ခဲ့တဲ့ ၂၃ နှစ်ကရရှိခဲ့တဲ့ လူ့အခွင့်အရေးဆု Sakharov ဆုကိုလည်း လက်ခံယူဖို့ရှိတယ်လို့ သိရပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာ၂ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/dassk-departed-europe-10182013132003.html

0 စာဖတ်သူတို့စကားများ:
Post a Comment