ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်မှာရှိတဲ့
မြန်မာ့ဆိုလာမိုဒါ အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ နီးပါးဟာ အလုပ်ချိန်
တိတိကျကျသတ်မှတ်ပေးဖို့နဲ့ တနင်္ဂနွေနေ့အပြင် အခါကြီးရက်ကြီးတွေကို
စက်ရုံပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့အတွက် အောက်တိုဘာ (၁၅) ရက်ကနေစပြီး
စက်ရုံပြင်ပမှာ တောင်းဆိုဆန္ဒပြနေကြပါတယ်။ ဆန္ဒပြရာမှာပါဝင်တဲ့
အလုပ်သမတစ်ဦးဖြစ်သူ မအေဘီကျော်က လက်ရှိအလုပ်လုပ်ရတဲ့ အခြေအနေကို
အခုလိုပြောပါတယ်။ အဲဒီအထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅၀၀ ကျော်ရှိပြီး
ဒီကနေ့ ညနေပိုင်းမှာ အလုပ်သမားခေါင်း ဆောင်တချို့ဟာ စက်ရုံတာဝန်ရှိသူတွေနဲ့
ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှုမရရှိသေးဘူးလို့ သိရပါတယ်။ မနေ့ကလည်း
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန်က
ဖာမိုဆိုအထည်ချုပ်စက်ရုံမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၃
ဦးကို ပြန်ခန့်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ အလုပ်သမား ၆၀၀ ကျော်ကို
အလုပ်က ထုတ်လိုက်ကြောင်း စက်ရုံမှာစာကပ်ထားတယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/hlaing-thar-yar-garment-protest-workers-10182013135952.html
http://www.rfa.org/burmese/news/hlaing-thar-yar-garment-protest-workers-10182013135952.html
0 စာဖတ်သူတို့စကားများ:
Post a Comment