Sometimes silence is a really good answer.

AYA Bank Tour 2018 in Mandalay

ယနေ့ မေလ ၁၁ ရက်နေ့၊ ညနေ ၆ နာရီအချိန်၊ မန္တလေးမြို့ မန္တလာသီရိကွင်းတွင် ကျင်းပမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် လိဒ်ယူနိုက်တက် အသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွင် လိဒ်ယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ပထမပိုင်းတွင် ဂိုးမရှိသရေကျခဲ့ပြီး ဒုတိယပိုင်းတွင် လိဒ်ယူနိုက်တက်အသင်းမှ ၅၈ မိနစ်တွင် Ryan David ၊ ၈၄ မိနစ်တွင် JAY-Roy jornell က သွင်းယူခဲ့ခြင်း ဖြစ်သည်။
ပွဲပြီးပြောစကားအနေဖြင့် " မြန်မာကစားသမားတွေ အရည်အချင်းရှိကြတာကို တွေ့ခဲ့ရပါတယ်။ လူငယ်တွေကလည်း ဘောလုံးကိုစိတ်ဝင်တစားရှိကြတယ်။ သေချာလုပ်လိုက်ရင်တိုးတက်လာမှာပါ" ဟု လိဒ်ယူနိုက်တက်နည်းပြ ဟက်ကင်းဘော်တွန်က ပြောသည်။
မြန်မာဖက်က " ပြင်ဆင်ချိန်သိပ်မရခဲ့ပေမယ့် ကစားသမားတွေကြိုးစားကစားခဲ့ကြပါတယ်။ ငယ်ရွယ်တဲ့ကစားသမားတွေကိုလည်း အသင်းမှာရွေးချယ်ခဲ့ပါတယ်။ ဒီအသင်းက ကစားသမားတော်တော်များများဟာ နောင်တစ်ချိန်လက်ရွေးစင်မှာ ပြန်ပါလာမယ့်သူတွေလို့ ယုံကြည်ပါတယ်။" ဟု မြန်မာအသင်းနည်းပြ ဦးစိုးမြတ်မင်းက ပြောသည်။
ဓာတ်ပုံ-EPA

လိဒ်ယူနိုက်တက်အသင်း ၂ ဂိုး ဂိုးမရှိဖြင့် မြန်မာ့လက်ရွေးစင်အသင်းကို အနိုင်ရ

မေ ၁၁ ။            ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး Sushma Swaraj အား မေလ ၁၁ ရက်က လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
" နှစ်နိုင်ငံအကြား ကဏ္ဍစုံမှာ တိုးမြှင့် ပူးပေါင်းလုပ်ဆောင်သွားရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်" ဆိုပြီး အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Raveesh Kumar က တွစ်တာကနေတဆင့် ပြောသည်။
အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj သည် မြန်မာနိုင်ငံသို့ မေလ ၁၀ မှ ၁၁ ရက်အထိ နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ယမန်နေ့ကလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံထားခဲ့သေးသည်။
ယင်းအပြင် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး Sushma Swaraj သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သေးသည်ဟု သိရသည်။
သူမ၏ ယခုခရီးစဉ်သည် မြန်မာနှင့် အိန္ဒိယ အကြား အဆင့်မြင့်လယ်ဗယ် အပြန်အလှန် ဆက်ဆံမှု တစ်စိတ်တစ်ဒေသအဖြစ် လာရောက်ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် အိန္ဒိယသည် မြန်မာနိုင်ငံအတွက် အဓိကကျသည့် ဖွံ့ဖြိုးမှုပံ့ပိုးရေး ပူးပေါင်းလုပ်ကိုင်နေပြီး မြန်မာနိုင်ငံတွင်လည်း အခြေခံအဆောက်အအုံ စီမံကိန်းများ ဖော်ဆောင်လုပ်ကိုင်နေလျက်ရှိသည်။
 http://www.mizzimaburmese.com/article/39555

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယ ပြည်ပရေးရာဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

မေလ ၁၁ ။            ။ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က အမှုမှန်ပေါ်အောင် တရားဥပဒေနှင့် အညီ ရင်ဆိုင်သွားမည်ဟု ပြောဆိုလိုက်သည်။
ယနေ့ မေလ ၁၁ ရက် မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဂတိလိုက်စားမှုဖြင့်တရာစွဲဆိုခံထားရသော FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်က "ဂျာနယ်တွေက ရေးတဲ့အခါမှာ လာဘ်စားတယ်လို့ ရေးတယ်၊ အလွဲသုံးတယ်လို့လည်း ပြောကြတယ်။ အလွဲသုံးတာ မဟုတ်ပါဘူး။ အမှုမှန်ပေါ်သွားအောင် အန်ကယ်တို့က တရားရုံးမှာ ဥပဒေနဲ့အညီရင်ဆိုင်သွားမယ်။ အန်ကယ်နဲ့ ဆက်ဆံနေတဲ့ အဖွဲ့တွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံဆေးကုန်သည်များအသင်းတို့၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်းတို့ရှိတယ်။ အန်ကယ် လာဘ်စား၊ မစား သူတို့ကိုမေးကြည့်ပါ။ အခုကိစ္စကိုလည်း အမှုမှန်ပေါ်အောင်တရားဥပဒေအရ လုပ်ဆောင်သွားမှာပါ"ဟု မီဒီယာကို ပြောသည်။
ယနေ့ရုံးထုတ်တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားခွင်(၂)တရားသူကြီးဒေါ်ညိုညိုဝင်းက တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်း အား လိုပြသက်သေသွင်းမှုနှင့်အတူ အမှုကိုဆက်လက်စစ်ဆေးခဲ့သည်။
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားမှုများပေါ်စစ်ဆေးရာမှ လုပ်ကိုင်ခွင့်အာဏာ ကို အသုံးပြုကာ အဂတိလိုက်စားမှုများ စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့်ဟု ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် က တရားလိုပြုလုပ်ကာ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရီမြို့နယ်၊ ရဲစန်းတွင် ၂၀၁၃ ခုနှစ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ဧပြီလ ၂၀ ရက်နေ့က အမှုဖွင့်ခံခဲ့ရပြီး မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်တွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
အဆိုပါအမှုအား စစ်ဆေးရန်အတွက် တရားလိုပြသက်သေ ၃၆ ဦးတင်ပြထားသည်ဟု သိရပြီး နောက်တစ်ပတ် ရုံးချိန်းအား ၂၀၁၈ ခု မေလ ၁၈ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။

http://www.mizzimaburmese.com/article/39559

ဒေါက်တာသန်းထွဋ်က အမှုမှန်ပေါ်အောင် တရားဥပဒေနှင့် အညီ ရင်ဆိုင်သွားမည်ဟု ပြော

ဘုရားသာသနာမှာ လက်ဝဲတော်ရံ လက်ယာတော်ရံဆိုတာ
မရှိဘူးလား
"ရှိပါတယ်ဘုရား"
လက်ဝဲတော်ရံဆိုတာ
"တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်ပါဘုရား"
လက်ယာတော်ရံဆိုတာ
"ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာပါဘုရား"
ဟုတ်ပြီဗျာ..တန်ခိုးက လက်ဝဲ၊ ပညာကလက်ယာ... တန်ခိုးဆိုတာ အာသဝေါတရားတို့ ရဲ့  ကုန်ရာခန်းရာ အရဟတ္တဓဇ၊ အရဟတ္တရဲ့ အလံတံခွန်သာဖြစ်တယ်။ ပညာဆိုတာကတော့ ၀ိပဿနာပညာ၊ မဂ်ပညာ၊ဖိုလ်ပညာကနေ နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ မဟုတ်လား။ ပုထုဇဉ်တို့ ရဲ့ စိတ်သဘာဝဆိုတာ အဆန်းကြိုက်၊ တစ်ခုရိုး တစ်မျိုးပြောင်းပြီး တစ်သံသရာလုံးဆန်းတယ်ထင်တာတွေနောက်လိုက်ခဲ့ကြ တယ်။ ရိုင်းရိုင်းပြောရရင် လမ်းဘေးက မျောက်ပွဲ၊မျက်လှည့်ပွဲကအစ ဆန်းတယ်ထင်တာ မှန်သမျှမှာ လူတွေမေ့မျော သာယာနေတတ်ကြတယ်။
ဒီတော့ တန်ခိုးရဲ့  ဆန်းဆန်းပြားပြား ဖမ်းစားမှုအပေါ် မေ့လျော့တွေဝေ သာယာနေကြရင် မဂ်ပညာ ဖိုလ်ပညာကွယ်မှာပဲ၊ မဂ်ပညာ ဖိုလ်ပညာကွယ်ရင် သာသနာကွယ်မှာပဲ။ သာသနာကွယ်ပြီ ဆိုတာနဲ့  သတ္တ၀ါတွေရဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ရာ တရားတွေလည်း ကွယ်တာပဲ။
ယောဂီတို့  တရားထိုင်ရာမှာလည်း တင်ပျဉ်ခွေကြား လက်နှစ်ဖက် ယှက်တင်တဲ့အခါ လက်ဝဲလက်ကို အောက်က လက်ယာလက်ကို အပေါ်က ထားရတာလည်း ဒီသဘောပဲ။ လက်ဝဲဆိုတဲ့ တန်ခိုးသဘောကို လက်ယာဆိုတဲ့ ပညာက ဖုံးထားအုပ်ထား ဆင့်ထားရတယ်။တစ်နည်းအားဖြင့်တော့ လက်ဝဲက သမထ၊ လက်ယာက ၀ိပဿနာ။ သမထ တန်ခိုးကိုသာ ပြလိုက်လို့ ကတော့ အညှီ ယင်အုံသလို နေတော့မှာပေါ့။
ရုပ် နာမ် ဖြစ်ပျက်တွေ အနိစ္စ ဒုက္ခ အနတ္တတွေ ဘာမှဟောလို့  ပြောလို့ နားဝင်တော့မှာ မဟုတ်ဘူး။ တန်ခိုးပြမိရင် တန်ခိုးပဲ ကိုးကွယ်မှာ။ ၀ိပဿနာပညာ၊ဖိုလ်ပညာ၊မဂ်ပညာတွေဆိုတာ ကျင့်ကြံအားထုတ်ရမှန်းတောင် သိမှာမဟုတ်တော့ဘူး။
တန်ခိုးလောက်ရင် မိန်းမောနေရင် သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်ဘူး။ ဒါ့ကြောင့်တန်ခိုးဆိုတာ ဖုံးထားအပ်သောအရာ၊ပညာသာလျှင် အမြဲအစဉ် ဖွင့်ထားအပ်သောအရာ၊ ဖော်ထားအပ်သော အရာ၊ဒါကြောင့် တန်ခိုးကို ကိုယ်စားပြုတဲ့ လက်ဝဲဘက်ကို သင်္ကန်းနဲ့ ဖုံးထားရတယ်။ပညာကိုကိုယ်စာြး ပုတဲ့ လက်ယာဘက်ကိုတော့ ဖွင့်ပြထားရတယ်၊ ဖော်ထားရတယ်။
♦️မဟာဗောဓိမြိုင်ဆရာတော်ကြီး♦️
Copy # ယူ၍ မိတ်ဆွေ များအတွက် ဓမ္မဒါနပြု ကုသိုလ် ယူပါသည်

ရဟန်းသံဃာတော်များသည် ၀ဲဘက်ပုခုံးကို သင်္ကန်းတော် ဖြင့် ဘာ့ကြောင့် ဖုံးလွှမ်းရသနည်း

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမည့် နေရာအဖြစ် စင်ကာပူ နိုင်ငံကို ရွေးချယ်လိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ကြေညာခဲ့သည်။
အတိတ်တွင် ဆက်ဆံရေး ဆိုးရွား ခါးသီးခဲ့သည့် နိုင်ငံနှစ်ခု၏ ခေါင်းဆောင်များ တရားဝင် တွေ့ဆုံမှုသည် ဇွန်လ ၁၂ ရက်တွင် အထမြောက်မည်ဟုလည်း Twitterပေါ်တွင် ထရမ့်က ရေးသားထားသည်။ အဆိုပါ တွေ့ဆုံပွဲ ဖြစ်မြောက်စေရေးအတွက် နှစ်နိုင်ငံ အစိုးရ အရာရှိများနှင့် တောင်ကိုရီးယား၊ တရုတ်တို့မှ အစိုးရ ကိုယ်စားလှယ်များကြား လနှင့်ချီ အချိန်ယူ ညှိနှိုင်းခဲ့ရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွမ်ပီယို၏ ပြုံယမ်းခရီးစဉ် အပြီးတွင်မူ ထရမ့်က ကင်မ်နှင့် တွေ့ဆုံမည့် အချိန်နှင့် နေရာကို တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“ကျုပ်တို့ နှစ်ယောက်စလုံးက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အရမ်းထူးကဲတဲ့ အခိုက်အတန့် တစ်ခုကို အတူပူးပေါင်း ဖန်တီးနိုင်ဖို့ ကြိုးစားသွားမှာပါ”ဟုလည်း ထရမ့်က Twitterပေါ်တွင် မှတ်ချက် ပေးခဲ့သည်။
ကင်မ်နှင့် ထရမ့်တို့သည် ယခင်က ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် စကားများ၊ ကျိန်ဆဲမှုများ အပြန်အလှန် ပြောဆိုခဲ့ကြဖူးသည်။ ၎င်းတို့ တွေ့ဆုံချိန်တွင် ကိုရီးယား ကျွန်းဆွယ်၌ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကိစ္စများကို အဓိကထား ဆွေးနွေးရန် ရည်ရွယ်ထားသည်။
မြောက်ကိုရီးယားက ဖမ်းဆီးထိန်းသိမ်းထားသည့် အမေရိကန် နိုင်ငံသား သုံးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ထရမ့်ကိုယ်တိုင် ၎င်းတို့ကို ကြိုဆိုခဲ့သည့် ဖြစ်ရပ်အပြီး နာရီပိုင်း အကြာတွင် ထရမ့်က ကင်မ်နှင့်တွေ့မည့် အချိန်၊ နေရာများကို အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခင်က မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးနှင့် အမေရိကန်၏ အာဏာရ သမ္မတ တစ်ဦးတို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုမျိုး သမိုင်းတလျှောက်တွင် လုံးဝ မရှိခဲ့ဖူးသေးချေ။
Ref: Reuters 

Fri, 2018-05-11 10:41
Issue No.

စင်ကာပူတွင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံမည်ဟု ထရမ့် အတည်ပြု ကြေညာ

တားမြစ်ဇုန်အတွင်း ဘင်္ဂလားဒေ့ရှ်က အဆောက်အအုံနှင့် ဘန်ကာများ တည်ဆောက်မှု မြန်မာအစိုးရကန့်ကွက်
ဒါကာကြေညာချက်သည် ဟန်ချက်ညီမှုနှင့် တရားမျှတမှု ကင်းမဲ့ကြောင်း တုံ့ပြန်
http://www.7daydaily.com/story/126306

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်သည် ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာမန်ဂျူရယ်ခါရီခမ်ချော့ဟူရီအား နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ၍ နယ်စပ်လုံခြုံရေးနှင့် နေရပ်စွန့်ခွာသူ များ အမြန်ဆုံးပြန်လည်ဝင်ရောက်ရေး အခက်အခဲများကို ဆွေးနွေး ပြောကြားခဲ့သည်ဟု ယင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အပြင် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံမဆောက် လုပ်ရန် တားမြစ်ထားသည့်ဇုန်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း၌ အဆောက်အအုံအချို့နှင့် ဘန်ကာများ ဆောက်လုပ်ထားမှုကို ဝန်ကြီး ဦးကျော်တင်က ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား တရားဝင် ကန့်ကွက်ခဲ့ကြောင်း ဆိုသည်။ယင်းအဆောက်အအုံများ သည် နှစ်နိုင်ငံအကြား ချုပ်ဆို ထားသော နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များကို ဖောက် ဖျက်ရာရောက်သဖြင့် ဖယ်ရှားပေးရန် ပြောကြားကြောင်း၊ တားမြစ်ဇုန်အတွင်း မြန်မာဘက်ခြမ်း၌ နေအိမ်၊ အဆောက်အအုံများ ဆောက်လုပ်ရာတွင် ဘင်္ဂလား ဒေ့ရှ်ဘက်က ပံ့ပိုးပေးနေမှုများ ရပ် ဆိုင်းပေးရန်နှင့် ယင်းဇုန်အတွင်း တရားမဝင်နေထိုင်သော နေရပ် စွန့်ခွာသူများ ပြန်လည်ထွက်ခွာ ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ရန်  ဦးကျော်တင်က တိုက်တွန်းခဲ့ကြောင်း ဆိုသည်။
အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC)နိုင်ငံ ခြားရေးဝန်ကြီးများအစည်းအဝေး ၌ ချမှတ်သော ဒါကာကြေညာ ချက်သည် ဟန်ချက်ညီမှု၊ တရား မျှတမှုကင်းမဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက မေလ ၉ ရက် တွင် ထုတ်ပြန်ကြေညာသည်။
ဒါကာ ကြေညာချက်တွင် မြန်မာလုံခြုံရေး တပ်ဖွဲ့များ၏လူ့ အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲ ချက်များအပေါ် စိုးရိမ်ပူပန် ကြောင်း ဖော်ပြထားခြင်းကို မြန်မာအစိုးရက အထက်ပါအတိုင်း တုံ့ ပြန်ခဲ့သည်။
ထို့အပြင် ယင်းကြေညာ ချက်တွင် ARSA အကြမ်းဖက်အ  ဖွဲ့၏ရက်စက်စွာ အကြမ်းဖက် တိုက်ခိုက်မှုများကို ရှုတ်ချခြင်း လုံးဝမရှိကြောင်း တွေ့ရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ် ပြန်ချက်တွင် ဖော်ပြသည်။
ရခိုင်ပြည်နယ် ဖြစ်စဉ်များ နှင့်ပတ်သက်၍ လူမျိုးစုသုတ်သင် ရှင်းလင်းမှု၊ အစိုးရအားပေးသည့် အကြမ်းဖက်မှုဟူသော အသုံးအ နှုန်းများကို တာဝန်မဲ့စွာ ဖော်ပြ ခြင်းအပေါ် မြန်မာအစိုးရက ပြတ် သားစွာ ပယ်ချကြောင်း၊ မောင် တောဒေသတွင် မွတ်စလင် အ သိုက်အဝန်းက အများစုဖြစ် ကြောင်းနှင့် ၎င်းတို့အနက် ၅၀ ရာခိုင်နှုန်းကျော်သည် မူလကျေးရွာ များ၌ ဆက်လက်နေထိုင်ဆဲဖြစ် ကြောင်း ထုတ်ပြန်ချက်က ဆို သည်။မြန်မာအစိုးရသည် လူ့အခွင့် အရေးချိုးဖောက်မှုမှန်သမျှကို ခွင့် လွှတ်မည်မဟုတ်ကြောင်း ကြိမ် ဖန်များစွာ ပြောကြားထားပြီး ခိုင် မာသော အထောက်အထားရှိ သည့် စွပ်စွဲပြောကြားမှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူမည်ဖြစ် ဟုဆိုသည်။
ယင်းနောက် မြန်မာအစိုးရ သည် နေရပ်စွန့်ခွာသူများ ပြန် လည်လက်ခံရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးစတင်နိုင်ရန် ဦးစားပေး ဆောင်ရွက်နေကြောင်းနှင့် နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင်ရေး လိုအပ်သည့်လုပ် ငန်းအဆင့်ဆင့်ကို ဆောင်ရွက် ပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရအား တိုက်တွန်းကြောင်း ဆက်လက် ဖော်ပြသည်။
ထို့အပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ၎င်းတို့ဆန္ဒ အလျောက် ဘေးကင်းစွာနှင့် ဂုဏ် သိက္ခာရှိစွာ နေရပ်ပြန်လာရေး မြန်မာအစိုးရက အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် ချက်၌ ပါရှိသည်။

ရည်းစားဟောင်းအမျိုး သမီးကို ကိုယ်ထိလက်ရောက် ကျူးလွန်နှိပ်စက်ကာ  နှစ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အဆိုတော်အစ္စဏီကို အဓမ္မပြုကျင့်မှုအပါအဝင်ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုခဲ့သည်။ 
အဆိုပါအမှုကို တာမွေမြို့ နယ်တရားရုံးရှိ တွဲဖက်မြို့နယ် တရားသူကြီး (၁)က တာဝန်ယူစစ် ဆေးမည်ဖြစ်ပြီး အဓမ္မပြုကျင့်မှု ပုဒ်မ ၇၃၆၊ ဘေးဖြစ်စေသော လက်နက်ဖြင့် နာကျင်စေမှုပုဒ်မ ၃၂၄၊ သာမန်နာကျင်စေမှုပုဒ်မ ၃၂၃ တို့ဖြင့် မေလ ၁၀ ရက်က တရားစွဲဆိုခဲ့သည်။ 
တာမွေမြို့နယ်တရားရုံး တွင် အသက်(၂၇)နှစ်အရွယ် တရားလို မဇာခြည်ဌေး(ခ)စူးရှ ထက်အပါအဝင် တရားလိုပြ သက်သေ ၁၁ ဦး တင်သွင်းထား ပြီး မေလ ၂၃ ရက် ရုံးချိန်း၌ တရားလိုကို စတင်စစ်ဆေးမည် ဖြစ်ကြောင်း တရားရုံးတာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
‘‘ဇာခြည်ပြောတာက ပြတ် သွားတဲ့ ရည်စားဟောင်းပေါ့။ အဲဒါက တကယ်တော့ မဟုတ် ဘူး။ လက်ရှိမှာ တွဲနေတာပဲ။ ဒါ ကို စိတ်ဝင်စားနေတဲ့သူတွေအ တွက်ကျတော့ ဒီအဖြစ်အပျက် ပေါ်မှာ အရမ်းဝေဝါးစေတယ်။ သူတို့နှစ်ယောက်က အခုလက်ရှိ တွဲနေတာပါပဲ။ ချစ်သူသက်တမ်း တစ်နှစ်ကျော်ကျော်လောက်ရှိပါ ပြီ။ တွဲနေဆဲပါပဲ။ အဲဒီညက Chatထားတဲ့ဟာတွေ၊ စာတွေတောင် အကောင့်အဟက်ခံရတုန်းက ပါ သွားသေးတယ်။ အဲဒီနေ့ညမဖြစ် ခင်ထိ သူတို့နှစ်ယောက်စကား ပြောနေတာက သက်သေပါပဲ။ အရမ်းလိုအပ်လာလို့သာ ပြောရ တာပါ။ စွပ်စွဲခံရတဲ့သူအပေါ်မှာ ဝေဝေဝါးဝါးထင်မြင်ယူဆချက် တွေ ဖြစ်သွားမှာစိုးလို့ပါ’’ ဟု အဆိုတော်အစ္စဏီ အစ်ကို ကိုကျော်စွာ က ပြောသည်။ 
အစ္စဏီအစ်ကို ကိုကျော်စွာ က ၎င်း၏ညီဖြစ်သူသည်  စွပ်စွဲပြောဆိုသူများပြောနေသကဲ့သို့ ပြုလုပ်မည်မဟုတ်ကြောင်း ပြော ကြားသည်။ 
‘‘သူတို့အရင်ကတည်းက စကားများရန်ဖြစ်တာတော့ရှိ တယ်။ ပြီးသွားရင် ခဏပဲ။ နောက် နေ့ကျရင် သူတို့ဟာ သူတို့ ပြေ လည်သွားကြတာပဲ။ ကျွန်တော် ပြောနိုင်တာတစ်ခုက တကယ့် ဆိုက်ကိုဆန်ဆန်ကြီးပြောနေတာ ပေါ့။ အဲဒီလိုမဟုတ်ဘူးဆိုတာ တော့ ကျွန်တော်ယုံတယ်။ လက် သည်းတွေ လှန်ချိုးတယ်တို့၊ ပုလင်းကွဲနဲ့ ခြေထောက်ကို လုပ်တယ်လို့ဆိုတာ သာမန်လူတွေ မလုပ်နိုင်ဘူး။စိတ္တဇဖြစ်နေတဲ့သူမှ ပဲ လုပ်လိမ့်မယ်။ နှစ်ပေါင်း ၃၀ ကျော်ပေါင်းလာတဲ့အတွက် သူ့ (အစ္စဏီ)အကြောင်း ကျွန်တော် သိတယ်’’ ဟု ကိုကျော်စွာက ဆို သည်။  ပြီးခဲ့သည့် ဧပြီ ၁၁ ရက် ည ၁၁ နာရီက အသက်(၂၇)နှစ်အ ရွယ် မော်ဒယ်စူးရှထက်သည် သူ ငယ်ချင်းများနှင့်အတူ ဆယ်လီ အရက်ဘားသို့ ရောက်နေစဉ် ဧပြီ ၁၂ ရက် နံနက် ၃ နာရီခန့်တွင် ရည်းစားဟောင်း အသက်(၃၂) နှစ်အရွယ် ဟန်ထွန်းဇော်(ခ)အစ္စဏီရောက်ရှိလာကာ ပြဿနာရှာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။ 
အစ္စဏီသည်  ရည်းစား ဟောင်းကို နာကျင်အောင်ပြုလုပ် သည့်အပြင် နှစ်ကြိမ်အဓမ္မပြုကျင့် ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။ 
မော်ဒယ်အမျိုးသမီးက အိမ် သာအသုံးပြုမည်ဟု အကြောင်း ပြကာ အိမ်သာတံခါးလော့ချ၍ သူငယ်ချင်းထံ ဖုန်းဆက်အကူအ ညီတောင်းရာမှ လွတ်မြောက်ခဲ့ ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက် တွင် ပါရှိသည်။ 
အစ္စဏီက  ကိုယ်ထိလက်ရောက်ရိုက်နှက်သဖြင့် အမျိုးသမီး၏ဦးခေါင်းနှင့် ခန္ဓာကိုယ်အနှံ့တွင် နာကျင်ဒဏ်ရာများရရှိသည့်အပြင် နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ အပေါ်သွားတစ်ချောင်းကျွတ် ဒဏ်ရာ၊ ခြေထောက်ပြတ်ရှဒဏ်ရာများရရှိကြောင်း တိုင်ကြားခံထားရသည်ဟု တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

http://www.7daydaily.com/story/126310

ယမန်နေ့ ရုံးထုတ်စဉ် တွေ့ရသော အစ္စဏီ (ဓာတ်ပုံ − ခင်ဆွေသက်)

အဆိုတော်အစ္စဏီပုဒ်မသုံးခုဖြင့် တရားစွဲတင်ခံရ လာမည့်ရုံးချိန်းတွင် တရားလိုကို စစ်မည်

အရက်သေစာသောက် စားမူးယစ်ပြီး ကျောင်းထိုင်ဆရာ တော်ကို အော်ဟစ်ဆဲဆိုနေသည့် သံဃာတစ်ပါးအား တိုက်အုပ်ဆရာတော်က သွားရောက်တား ဆီးရာမှ စကားများကာ လူသတ် မှုဖြစ်ပွားခဲ့သည်။

အုတ်တွင်းမြို့နယ် ဗောဓိ ကုန်းကျေးရွာရှိ အောင်နန်းတောင် တောရကျောင်းတိုက်တွင် မေလ ၉ ရက်  ည ၁၀ နာရီက ဖြစ်ပွားခဲ့သည်။ အဆိုပါကျောင်းမှ သက် တော်(၄၇)နှစ်၊ ၀ါတော်ခြောက် ၀ါရှိ ဦးသုဇာတသည် အရက်သေ စားသောက်စားမူးယစ်ကာ ကျောင်းထိုင်ဆရာတော်ကို   ဆဲဆိုခဲ့သည်။
 တိုက်အုပ်ဆရာတော်ဖြစ် သည့် သက်တော် (၃၈)နှစ်၊ ၀ါ တော်(၁၈)၀ါရှိ ဦးကုသလကသွား ရောက်တားဆီးသည်ကို အရက်မူးနေသည့် သံဃာက ခွဖြင့်ရိုက်ရန် ပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။
တိုက်အုပ်ဆရာတော်က တုတ်ဖြင့် ရိုက်နှက်ပြီး ဓားဖြင့်ထိုးသောကြောင့် ဦးခေါင်း၊ မျက်လုံးနှင့် ဒူးတို့တွင် ဒဏ်ရာများရသည့်အပြင် ရင်ဘတ်၌ ဓားဒဏ်ရာနှစ်ချက်ရရှိကာ အခင်းဖြစ်နေရာတွင်ပင် ပျံလွန်သည်။ 
တိုက်အုပ်ဆရာတော်ကို ကျောင်းထိုင်ဆရာတော်က သိက္ခာချ၊ လူဝတ်လဲစေပြီး ရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ကာ ဖမ်းဆီးစစ်ဆေးနေသည်။ 

http://www.7daydaily.com/story/126307

ကျောင်းထိုင်ကို ဆဲဆိုသည့် သံဃာအား တားဆီးရာမှ သံဃာချင်း သတ်မှုဖြစ်

လွိုင်ကော်မြို့ရှိ ရှေး ဟောင်းဘုန်းကြီးကျောင်းအပေါ် ထပ်တွင် ဘုရားမီးပူဇော်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်ထား သည့် ကျောင်းထိုင်ဆရာတာ် ပျံလွန်ခဲ့ကြောင်း ကယားပြည် နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မေလ ၉ ရက် သန်းခေါင် ကျော်တွင် ယင်းဖြစ်စဉ် ဖြစ်ပွားပြီးသက်တော် (၈၅)နှစ်၊ ၀ါတော် (၆၇)၀ါရှိ ဆရာတော် ဘဒ္ဒန္တပညိန္ဒသီရိသည် မီးလောင်ဒဏ်ရာများ ရရှိကာ ပျံလွန်ခဲ့သည်။
‘‘မီးလောင်တဲ့အချိန်ကကျောင်းမှာ ဦးပဉ္စင်းတစ်ပါးနဲ့ ကျောင်းသားတစ်ယောက်ပဲ ရှိ တာ။ သူတို့ကကျောင်းအောက် ထပ်မှာနေတာပေါ့။ ကျောင်းပေါ် မှာ မီးလောင်နေတာကိုသိတဲ့အ ချိန်မှာ ဆရာတော်ကြီးကိုကယ် ဖို့ လုပ်ပေမယ့် မီးကအရမ်းများ တော့ မကယ်နိုင်တော့တာ’’ဟု ကယားပြည်နယ်အစိုးရအဖွဲ့ဝင် တာဝန်ရှိသူက ပြောသည်။
မီးလောင်မှုကို လွိုင်ကော် မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ် ယာဉ်၊ ရေသယ်ယာဉ်၊ အုပ်ချုပ် မှုယာဉ်စုစုပေါင်း ၁၈ စီးအပြင် ပြည်သူများပါ ၀ိုင်းဝန်းငြှိမ်းသတ် သဖြင့် မေလ ၁၀ ရက် နံနက် ၁ နာရီခွဲကျော်တွင် မီးထိန်းနိုင်ခဲ့ပြီး  နံနက် ၄ နာရီ ၁၀ မိနစ်၌ မီးငြှိမ်း သတ်နိုင်ခဲ့ကြောင်း ပြည်နယ်မီး သတ်ဦးစီးဌာနဦးစီးမှူးက ပြော သည်။
မီးလောင်မှုကြောင့် ကျပ် သိန်း ၆၀ ခန့်ဆုံးရှုံးပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းက မီးလောင်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထား သည်။

http://www.7daydaily.com/story/126308

ဘုန်းကြီးကျောင်း မီးလောင်စဉ် လေဖြတ်နေသော ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

ရန်ကုန်ဆင်ခြေဖုံးမြို့ နယ်များတွင် တစ်စတုရန်းမီတာ လျှင်အနည်းဆုံးဈေး ကန်ငါးဒေါ် လာ၊ တစ်ဧကကျပ် ၆၇၀,၀၀၀ သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံသူ များကို မြေရှာပေးမည်ဟုရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေး မှူး ဦးသန်းကပြောသည်။

ရင်းနှီးမြှုပ်နှံလိုသူများသည် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ စီမံခန့်ခွဲမှုမြေပေါ် တွင် ရင်းနှီမြှုပ်နှံလိုပါက အကျိုး တူလုပ်ကိုင်နိုင်သလို အထက်ပါ ဈေးဖြင့်ငှားရမ်းနိုင်ကြောင်း ၎င်း က ပြောသည်။
‘‘ဒီဟာက ဈေးနှုန်းမကြီးပါ ဘူး။ ဒီအာဆီယံ၊ အာရှနိုင်ငံတွေ မှာ အထူးသဖြင့် တရုတ်တို့၊ ဂျပန်တို့၊ ကိုရီးယားတို့မှာ ဈေး နှုန်းတွေက ဒီထက်များပါတယ်။  အာဆီယံနိုင်ငံ ဒီနားလေးကထိုင်း တို့၊ ကမ္ဘောဒီးယားတို့၊ လာအိုတို့ ဆိုရင်လည်းပဲ အခုဒီသတ်မှတ် လိုက်တဲ့နှုန်းထက် သိပ်မကွာပါ ဘူး’’ ဟု ဦးသန်းက ပြောကြားသည်။
ဆင်ခြေဖုံး မြို့နယ်များသည်  ဒလ၊ ဆိပ်ကြီးခနောင်တို၊ လှိုင် သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊  ဒဂုံမြို့သစ်လေးမြို့နယ်တို့ ဖြစ် ပြီး အနည်းဆုံးဈေးသည်တစ် စတုရန်းမီတာလျှင်ငါးဒေါ်လာနှင့် အမြင့်ဆုံးဈေး ၁၃ဒေါ်လာသတ် မှတ်ထားကြောင်းဦးသန်းကပြော သည်။
မြို့တွင်းဖြစ်သည့် ပန်းဘဲ တန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ဆိပ်ကမ်း၊  ဗိုလ်တ ထောင်၊ ပုဇွန်တောင်၊ ဒဂုံ၊  စမ်း ချောင်း၊ ဗဟန်း၊ မင်္ဂလာတောင် ညွှန့်၊ တာမွေ၊ ရန်ကင်း၊ ကမာ ရွတ်၊ လှိုင်နှင့် မရမ်းကုန်းမြို့နယ် တို့တွင် တစ်စတုရန်းမီတာလျှင် ငှားရမ်းခဒေါ်လာ ၄၀  (တစ်ဧက ကျပ် ၅၃သိန်းကျော်)  သတ်မှတ် ထားကာထိုနေရာများ၌ လုပ် ငန်းလုပ်ရန်မြေ အလွန်နည်းသွား ပြီဖြစ်ကြောင်း ဦးသန်းကပြော သည်။
အဆိုပါမြေဈေးများသည် စည်ပင်သာယာရေး ကော်မတီ စီမံမှုအောက်တွင်သာရှိသည့် မြေ များဖြစ်ပြီး ပြင်ပ၌အဆိုပါနှုန်း  ထက်ပိုမိုများကြောင်း ၎င်းက ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံမှုအောက်တွင် အရှေ့ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်၌သုံးဧကအောက်မြေကွက် ၁၂၀ နှင့် သုံးဧကအထက် ၂၉ ကွက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင်တိုင်းအစိုးရ စီ မံမှုအောက်ရှိ စက်မှုဇုန် ၁၁ ခု တွင် မြေဧက ၁၁,၇၀၀ ရှိကြောင်း  ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ထုတ်ပြန်ထား သည်။
ရင်းနှီးမြှုပ်နှံလိုသူများအနေ  ဖြင့်မြေ၀ယ်ယူလိုပါက ရွှေပြည် သာမြို့နယ်ဝါးတစ်ရာတွင် တစ် ဧကလျှင် ကျပ်သိန်းတစ်ထောင် ပေါက်ဈေးရှိကြောင်း၊ မှော်ဘီ မြောင်းတကာတွင် တစ်ဧကလျှင် ကျပ်သိန်း ခုနစ်ရာပေါက်ဈေးရှိ ကြောင်း ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြော သည်။
     ‘‘၀ယ်ချင်ရင်ဝယ်လို့ရတယ်။ ကျူးကျော်ပြဿနာတော့ ကိုယ့် ဘာသာရှင်းရမယ်’’ ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းရှိမြေဈေးကြီး မြင့်မှုကို သင့်တင့်မျှတသည့် ဈေးနှုန်းဖြစ်အောင် ဆောင်ရွက် မည်ဖြစ်ကြောင်း  ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

http://www.7daydaily.com/story/126270

ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များရှိ စည်ပင်ပိုင်မြေများကို ငှားရမ်းမည်ဟုဆို

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!