Sometimes silence is a really good answer.

4-4-2017
မြန်မာနိုင်ငံအနှံ့တွင် ရဲစခန်းနှင့် တရားရုံးအချုပ်ခန်းပေါင်း ၂၀၀၀ ကျော်ရှိနေပြီး တိုးတက်လာသော ရာဇဝတ်မှုများ အတွက် အဆင်သင့်ဖြစ်နေစေရန် အချုပ်သား ၃၀ ဆန့်အခန်းများအား ၄၅ ဦးဆန့်အခန်းများ ပြင်ဆင်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြံပြုခဲ့သည်။
အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ "ရန်ကုန်ကတော့ အထူးသဖြင့်ပေါ့လေ ရာဇဝတ်မှုနှုန်းက အရင်တုန်းကထက် တောက်လျှောက်မြင့်တာက်လာတယ် ဒီတော့အချုပ်ခန်းတွေမှာ သတ်မှတ်ဦးရေထက် ပိုထားနေရတဲ့ ပြဿနာ ရှိလာတယ် ကျပ်ကျပ်တည်းတည်းလည်းဖြစ်နေတာ တွေ့ရတယ် ပြင်ဆင်မယ့် အပိုင်းတော့ ပြည်ထဲရေးက ဘတ်ဂျက်တစ်ခုအနေနဲ့ သီးခြားဆောင်ရွက်မှ အဆင်ပြေမယ် "ဟု ဆိုသည်။
လူ့အခွင့်အရေးကော်မရှင်၏ အစီရင်ခံစာတွင်
အချုပ်ခန်းများသို့ ဝင်ပေါက်သည် ၂ ပေခွဲသာအမြင့်ရှိသောကြောင့် တရားခံများကုန်းဝင်နေရခြင်းသည် လူမြင်မတော်၍ ၅ ပေခွဲအမြင့်တံခါးပေါက်များ ပြုပြင်ရန်ဟုပါရှိသောကြောင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြန်လည် ပြုပြင်နေပြီဖြစ်သည်။

THE vOICE WEEKLY

ဆက်လက်တိုးတက်လာမည့် ရာဇဝတ်မှုများအတွက် အချုပ်နှင့် ထောင်များ ချဲ့ရန် လူ့အခွင့်အရေးကော်မရှင်မှ ပြည်ထဲရေးသို့ အကြံပေး

4-4-2017
မြန်မာနိုင်ငံအနှံ့တွင် ရဲစခန်းနှင့် တရားရုံးအချုပ်ခန်းပေါင်း ၂၀၀၀ ကျော်ရှိနေပြီး တိုးတက်လာသော ရာဇဝတ်မှုများ အတွက် အဆင်သင့်ဖြစ်နေစေရန် အချုပ်သား ၃၀ ဆန့်အခန်းများအား ၄၅ ဦးဆန့်အခန်းများ ပြင်ဆင်ရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြံပြုခဲ့သည်။
အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ "ရန်ကုန်ကတော့ အထူးသဖြင့်ပေါ့လေ ရာဇဝတ်မှုနှုန်းက အရင်တုန်းကထက် တောက်လျှောက်မြင့်တာက်လာတယ် ဒီတော့အချုပ်ခန်းတွေမှာ သတ်မှတ်ဦးရေထက် ပိုထားနေရတဲ့ ပြဿနာ ရှိလာတယ် ကျပ်ကျပ်တည်းတည်းလည်းဖြစ်နေတာ တွေ့ရတယ် ပြင်ဆင်မယ့် အပိုင်းတော့ ပြည်ထဲရေးက ဘတ်ဂျက်တစ်ခုအနေနဲ့ သီးခြားဆောင်ရွက်မှ အဆင်ပြေမယ် "ဟု ဆိုသည်။
လူ့အခွင့်အရေးကော်မရှင်၏ အစီရင်ခံစာတွင်
အချုပ်ခန်းများသို့ ဝင်ပေါက်သည် ၂ ပေခွဲသာအမြင့်ရှိသောကြောင့် တရားခံများကုန်းဝင်နေရခြင်းသည် လူမြင်မတော်၍ ၅ ပေခွဲအမြင့်တံခါးပေါက်များ ပြုပြင်ရန်ဟုပါရှိသောကြောင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြန်လည် ပြုပြင်နေပြီဖြစ်သည်။

THE vOICE WEEKLY

25-4-2017
ဧပြီလ ၂၅ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန Website တွင် ထုတ်ပြန်ထားသော သတင်းဓါတ်ပုံတစ်ခုတွင် နိုင်ငံခြားရေး ဒုတိယဝန်ကြီး Liu Zhenmin နှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းတို့ ၂၄ နေ့ရက်နေ့က တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် One Belt, One Road ထိပ်သီးအစည်းအဝေးနှင့်ဖိုရမ်တက်ရောက်ရန် တရုတ်နိုင်ငံသို့ မသွားရောက်မီ သူရဦးရွှေမန်းက တရုတ်နိုင်ငံသို့ အလည်အပတ်သွားမည်ဖြစ်ကြောင်း သတင်းအချို့ထွက်ပေါ်ခဲ့သော်လည်း တရားဝင်ထုတ်ပြန်ခြင်းမရှိခဲ့ပေ။ ယခုတွေ့ဆုံမှုအား မြန်မာနိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်နှင့် တရုတ်နိုင်ငံခြားရေးတို့တွေ့ဆုံခြင်းဖြစ်ပြီး ဆွေးနွေးသည့်အကြောင်းအရာများအား ထုတ်ပြန်ပြောကြားခြင်းမရှိဟု တရုတ်မီဒီယာများက ဆိုသည် ။
သူရဦးရွှေမန်းသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် မြောက်ကိုရီးယားနိုင်ငံသို့လည်း လျှို့ဝှက်စွာ ခရီးသွားခဲ့ဖူးပြီး နိုင်ငံတကာမှ ဝေဖန်ပြစ်တင်မှုများ ကြုံတွေ့ခဲ့ရသည့် ကိစ္စရပ်အပြီး ယခုတရုတ်နိုင်ငံခရီးစဉ်မှာ ၎င်း၏ ဒုတိယမြောက်ပြည်ပလျှို့ဝှက်ခရီးစဉ်ဖြစ်ကြောင်း သိရှိရသည်။
သူရဦးရွှေမန်း၏ ယခုခရီးစဉ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ဖိလစ်ပိုင်ခရီးစဉ်နှင့် မေလ၂၄ တွင်ပြုလုပ်မည့်
ဒုတိယပင်လုံညီလာခံများနှင့် ဆက်စပ်နေနိုင်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးမှ သုံးသပ်ပြောကြားခဲ့သည်။
author နိုင်လင်းအောင်

သူရဦးရွှေမန်း၏ ဒုတိယမြောက်ပြည်ပလျှို့ဝှက်ခရီးစဉ်အဖြစ် တရုတ်သို့ရောက်ရှိနေ

ကျိုင်းတုံမြို့နယ်တွင် အသက် ၁၇ နှစ်ခန့်အရွယ် ညီမတော်စပ်သူ နှစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ရောင်းချခဲ့သည့် အစ်ကိုဖြစ်သူကို ယနေ့ (မေလ ၂၁ ရက်) နံနက် ၃ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။
မိုင်းပန်လယ် ကျေးရွာအုပ်စု ပိန်းအုပ်ရွာနေ အသက် ၃၅ နှစ်ခန့်အရွယ် ကျမူးဆိုသူသည် မေလ ၁ ရက်နေ့က အသက် ၁၇ နှစ်ခန့်အရွယ်ရှိ ညီမအရင်း တစ်ဦးနှင့် ညီမဝမ်းကွဲ တော်စပ်သူတစ်ဦးတို့ကို အထူးဒေသ (၄) မိုင်းလားမြို့၌ အလုပ်ရရှိမည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး တရုတ်နိုင်ငံ၌ တရုတ် ဇနီးမယားများအဖြစ် ငွေကြေး ရယူကာ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မောင်မောင်သင်းက ပြောကြားသည်။
“ရောင်းချခံရတဲ့ မိန်းကလေး နှစ်ဦးကို ကယ်တင်နိုင်ဖို့နဲ့ လွတ်နေတဲ့ တရားခံနှစ်ဦးကို ဖမ်းမိဖို့ စုံစမ်းနေတယ်”ဟု အဆိုပါ အမှုစစ်အရာရှိလည်းဖြစ်သူ ၎င်းက ဆိုသည်။

The Voice Weekly 

ညီမနှစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ရောင်းချသည့် အစ်ကိုဖြစ်သူကို ဖမ်းမိ

သူလေးရဲ့နာမည်က ငုရင်ထရန်ဟုရန်မေ တဲ့

ကိုနေကိုတိုးနဲ့တွဲရိုက်မယ့်ဗီယာက်နမ်အလှမယ်

သူလေးရဲ့နာမည်က ငုရင်ထရန်ဟုရန်မေ တဲ့

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်ဒေသ အာသံပြည်နယ် Haflong မြို့၌ နိုဝင်ဘာလ ၄ရက်နေ့ စတင်ကျင်းပပြုလုပ်သော Zofest (ဇို (ချင်း) ယဉ်ကျေးမှုပွဲတော်)သို့ ချင်းယဉ်ကျေးမှုအဖွဲ့ Fidi Art & Culture Forum (FACF) လည်း ပါဝင် တက်ရောက် ကြသည်ဟုသိရ သည်။
မီဇိုရမ်ပြည်နယ်ရှိ မီဇိုးကျောင်းသားများသမဂ္ဂ(MZP) မှ နှစ်စဉ်ကျင်းပလေ့ရှိသော Zofest ပွဲတော်ကို ဒီဇင်ဘာလ ၄ ရက် မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ကြ မည်ဖြစ် ပြီး အိန္ဒိယ-ဘင်္ဂလားဒေရှ့်-မြန်မာနိုင်ငံတို့မှ ဇို(ချင်း)မျိုးနွယ်စုကိုယ်စားလှယ် အသီးသီး တက်ရောက်ကြသည်။
272531 original 348706
Zofest ပွဲတော်ကို ယခင်က မီဇိုရမ်၊ မဏိပူရ်၊ အာသံ နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများမှ (Zohnahthlak) ဇို(ချင်း)မျိုးနွယ်စု ကိုယ်စားလှယ်များဖြင့် ကျင်းပလေ့ရှိပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုများကြောင့် ချင်းပြည်နယ်မှ ကိုယ်စားလှယ်များ ဖိတ်ကြားရန် အခက်ကြုံခဲ့ကြရသည်။
သို့သော်လည်း ယခုနှစ်မှစတင်၍ MZP အဖွဲ့မှ ချင်းပြည်နယ် ကိုယ်စားပြုအနေဖြင့် ပါဝင်တက်ရောက်ရန် တရားဝင်ဖိတ် ကြားလာပြီးနောက် FACF ယဉ်ကျေးမှုအဖွဲ့ သည် Zofest ပွဲတော်သို့ ပထမဆုံးအကြိမ်ပါဝင်တက် ရောက်ခဲ့ကြခြင်းဖြစ်သည်။
ကိုယ်စားလှယ်(၁၉) ဦးပါဝင်သော FACF အဖွဲ့သည် Zofest ပွဲတော်သို့ ချင်းလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အတီး စသည်တို့ကို တင်ဆက်ဖျော်ဖြေကြ မည် ဟုသိရသည်။
ယခုနှစ် Zofest ယဉ်ကျေးမှုပွဲတော်၏ ဆောင်ပုဒ်မှာ “ စုစည်းမှု ပြန်လည်တည်ဆောက်ရေး’’ ဖြစ်ပြီး အိန္ဒိယ-ဘင်္ဂလားဒေရှ့်- မြန်မာ စသည့် သုံးနိုင်ငံတွင် သီးခြား အုပ်ချူပ်မှုအောက်သို့ရောက် ရှိနေကြသော ဇို(ချင်း) မျိုးနွယ်စုများ ပြန်လည်စည်းလုံးညီ ညွတ်ရေးအတွက် ဦးတည်ကျင်းပကြခြင်းဖြစ်သည်။
ယင်းပွဲတော်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Moria, Khaileng, Khiang, Bawm ,Pang  မျိုးနွယ်စုများ၊ အိန္ဒိယနိုင်ငံ တြိပူရ ပြည်နယ်မှ Ranglong, Darlong, Halam, Chorai, Molsom, Sakechep ,Kaihpeng၊ အာသံပြည်နယ်မှ Hmar, Biate, Hrangkhawl, Kuki ,Vaiphei မျိုးနွယ်များ၊ မဏိပူရ်ပြည်နယ်မှ  Gangte, Chiru, Komrem, Aimol, Simte, Zou, Kuki, Paite, Hmar ,Maring၊ အရွန်နချယ်ပရာဒစ်ပြည်နယ်မှ Singpho  မျိုးနွယ်စု၊ မီဇီုရမ်ပြည်နယ်မှ Mizo, Paite, Lai, Mara, Páng, Ranglong, Bawm, Hmar မျိုးနွယ်စုများ နှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်မှ ချင်းမျိုးနွယ်စုများ အသီးသီးတက်ရောက်ကြသည် ဟုသိရသည်။

 http://burmese.bnionline.net/index.php/news/khonumthung/19729----zofest---.html

ချင်းယဉ်ကျေးမှုအဖွဲ့  အိန္ဒိယနိုင်ငံ Zofest ပွဲတော်သို့  တက်ရောက်

Recent

Recent Posts

Connection သိပ်မကောင်းဘူးထင်တယ်နော် ကျွန်တော်ဝင်လာလို့မရသေးလို့ စောင့်ပေးနော်...

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!