Sometimes silence is a really good answer.

ကျားကျား ... မီးယပ်ပဲ


စကားပုံတစ်ခုရှိတယ်။
"ကျားကျား... မီးယပ်ပဲ" တဲ့။
ဆေးဆရာယောင်တစ်ယောက်ဟာ သူ့ဆီလာတဲ့ လူနာမှန်သမျှကို မီးယပ်ရောဂါလို့ပဲ ပြောပြောလွှတ်သတဲ့။ ဖြီးရလွယ်သကိုး။ တစ်နေ့... သူ့ဆီလူနာတစ်ယောက် ရောက်လာတယ်။ ထုံးစံအတိုင်း မီးယပ်ရောဂါလို့ ပြောတယ်။ လူနာက ယောက်ျားကြီးဟဆိုလည်း မရဘူး။ ကျားကျား... မီးယပ်ပဲတဲ့။
အခုခေတ်မလည်း ကျားကျားမီးယပ်တွေ တယ်မနည်းလှဘူး။ ၅၉(စ)ကို ဖြုတ်ရင် နိုင်ငံခြားသား သမ္မတဖြစ်မတဲ့။ ဟဲ့... ၅၉(ခ) မှာ အမိရော အဖပါ မြန်မာနိုင်ငံသား စစ်စစ်ဖြစ်ရမယ် ပြဌာန်းထားတယ်လေဆိုလည်း မရဘူး။ ၅၉(စ) ပြုတ်ရင် နိုင်ငံခြားသား သမ္မတဖြစ်မယ်။ ကျားကျား... မီးယပ်ပဲ။
၅၉(စ) မှာ သမ္မတက ဗုဒ္ဓဘာသာဝင် ဖြစ်ရမယ် မပြဌာန်းထားဘူးလေ။ ဘယ့်နှယ့်ကြောင့် ၅၉(စ) ပြုတ်တာနဲ့ ဗုဒ္ဓဘာသာ ပျက်မှာတုန်း။ ဟင့်အင်း... မရဘူး။ ကျားကျား... မီးယပ်ပဲ။
၅၉(ခ) မှာ အမိရော အဖရော မြန်မာနိုင်ငံသား ဖြစ်ရပါမယ်ဆိုမှ ၅၉(စ) ပြုတ်တာနဲ့ နိုင်ငံခြားသားက မြန်မာသမ္မတ တက်ဖြစ်မယ်ဆိုတော့ အဖေ မြန်မာ၊ အမေမြန်မာ၊ သားသမီးက အဖြူကောင် အဖြူမဖြစ်နေရအောင် သူတို့ဘေးပတ်ဝန်းကျင်က အတန်းစားတွေလို ကြားကားများ မှတ်နေကြလား မသိဘူး။ ကျားကျား... မီးယပ်ပဲ။
ကျားကျား... မီးယပ်ပဲ ဖင်ပိတ်ငြင်းမပေါ့။ ဘာမှမှ မတတ်တာ။ နှုတ်တိုက်သင်ပေးထားတဲ့ အတိုင်းပဲ ပြောတတ်တာ။ အသေအချာမေးရင် ခွေးအကြီး လှည်းသုံးခါ နင်းသလို တအီအီ တအိုင်အိုင် တဝုတ်ဝုတ်ပဲ ထွက်မှာ။ ဒါတောင် တပြန်စီးကြီး ဆိုင်းဘုတ်ထောင်လိုက်သေး။ နိုင်ငံခြားသား သမ္မတဖြစ်မယ့်အကြံ တို့လက်မခံတဲ့။ နင့်မေကလိန်း နိုင်ငံခြားသား သမ္မတဖြစ်မှာလား။ ၅၉(ခ) ရှိပါတယ်ဆိုမှ...
ဒါနဲ့ ဘယ်သူက ၅၉(စ)ကို စိတ်ဝင်စားနေလို့လဲ။ ခြေဥပြင်မယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ မဟုတ်ဘူး။ သမ္မတထက် မြင့်တဲ့ နေရာက နေမယ်လို့ ပြောခဲ့တဲ့အတိုင်း လုပ်ပြခဲ့ပြီးပြီ။ သမ္မတဖြစ်စရာကို မလိုတော့တာ....
ခြေဥပြင်မယ်ဆိုတာ အလေးခိုးခံထားရတဲ့ ရွှေရည်စိမ် ဒီမိုကရေစီ အနေအထားကို ပြင်ဖို့ရယ်၊ ဖယ်ဒရယ်မူဝါဒအစစ်အမှန်ကို ပေးနိုင်ဖို့ရယ်၊ တစ်ဝက်တစ်ပြက် အစိုးရဖြစ်နေရတဲ့ အာဏာခွဲဝေမှုပုံစံကို ပြင်ဆင်ဖို့ရယ်။
၅၉(စ)လောက်ကို ဟိုက အလှမပျက် ချွေးမထွက်ဘဲ အသာလေး ခုန်ပျံထွက်သွားနိုင်တာ မျက်မြင်ပဲ မဟုတ်လား။ ခြေဥသံကြားရင် အမြှီးနင်းခံလိုက်ရသလို ၅၉(စ) ဝုဝု အိုင်အိုင် ... ဒါပဲ။
ကျားကျား မီးယပ်ပဲဆိုတာ အတော်ပိန်းတဲ့ အကွက်တွေ။ ပိန်းဥတွေမှန်းလည်း သိကုန်ပြီ။ ဒူလာဆိုတဲ့ စကားလုံးလောက်တော့ အလွတ်ကျက်ကြပါဦးဟယ်။ အခြားအကွက်လေးတွေလည်း ပြောင်းသုံးကြပါဦး။
မျက်နှာပြောင်ချက်က စတီးအိုး ဆီသုတ်ထားသလိုပဲ။
ဦးနှောက်မပါလို့ ကြေးအိုးပွဲသေးလို့ ပြောပြန်ရင် ၂၅၀၀တန်တယ်ထင်ပြီး မာန်တက်ဦးမယ်။ ငှက်ပျောအူလို အလွှားလိုက်ခွာရင်တောင် အနှစ်တစ်ကျပ်သား မထွက်မယ့် လူ့ဂလိုင်ပေါက်တွေ။ အရှက်ဆိုတာ ပိဿာချိန်နဲ့ ဝယ်ကပ်ပေးရင်တောင် အချပ်လိုက် ကွာကျမယ့်ဟာတွေ။ ထမင်းစားရင် ချီးတန်းဖြစ်ပြီး ဦးနှောက်ကို အာဟာရမရောက်ဘဲ ဦးနှောက် ပိုလီယို ဖြစ်နေတဲ့ဟာတွေ။ အသိဉာဏ် သက်ကြီးပုတွေ....
ချဉ်ပေါင်ရိုးကောင် တုတ်ထိုးကောင်၊ဘူးသီးအဆံချောင်ကောင်၊ အုတ်ကြားမြက်ပေါက်၊ ဓါတ်တိုင်သေးပန်း၊ ပလပ်ဖောင်း ခေါင်းအုံး၊ အလှူရှိမှ ထမင်းစား၊ မိုးရွာမှ ရေချိုး၊ ရထားလမ်း သေးပန်းတဲ့ ဟာတွေ...
အမ်မလေး... ညောင်းလက်ထှာ
ဆက်ရေးပေးသွားကြဇမ်းပါဟယ်...

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!