Sometimes silence is a really good answer.

ဒီရက်ပိုင်းမှာ ရေပန်းစားနေတဲ့ မင်္ဂလာပွဲ (သို့) အဆိုတော် ချမ်းချမ်း နဲ့ သရုပ်ဆောင် ဘုဏ်းသိုက် (သို့) ဦးဝီရသူကို အိုးမဲသုတ်သူများ (သို့) ဒီမိုကရေစီစံပြစုံတွဲ


ဒီရက်ပိုင်းမှာ ရေပန်းစားနေတဲ့ အနုပညာရှင်စုံတွဲရဲ့ မင်္ဂလာပွဲအခမ်းအနား မှတ်တမ်းပါ။သူတို့ကတော့ အဆိုတော် ချမ်းချမ်း နဲ့ သရုပ်ဆောင်ဘုဏ်းသိုက် တို့ပဲ ဖြစ်ပါတယ်။
ဦးဝီရသူရဲ့ မျက်နှာကို သတ္တိရှိရှိ ဗျောင်ကျကျ အိုးမဲသုတ်လိုက်တဲ့ အနုပညာရှင် ဇနီးမောင်နှံ လို့လဲ အချို့ကဝေဖန်ကြတယ်။ ချမ်းချမ်းကလဲ ဗုဒ္ဓဘာသာကို မပြောင်း၊ ဘုဏ်းသိုက်ကလဲ ကသလစ်ခရစ်ယာန်ဘာသာကို မပြောင်းဘဲ လွတ်လပ်စွာ ကိုးကွယ်ကြတာမို့ စံပြဒီမိုကရေစီစုံတွဲလို့ အချို့က ချီးကျူးခန်း ဖွင့်ကြပါတယ်။ စိန့်မေရီဘုန်းတော်ကြီး ဖာရာဒေါမနစ်ကိုယ်တိုင်က ဒီမိုကရေစီစံပြစုံတွဲလို့ ချီးကျူးထောမနာပြုထားတာကို တွေ့ရပါတယ်။
သူတို့ဟာ ဂျူလိုင် ၁၄ ရက်နေ့က ဗုဒ္ဓဘာသာဝင်ဓလေ့ထုံးတမ်းအတိုင်း မင်္ဂလာဆွမ်းကျွေး ခဲ့ပြီး ဂျူလိုင် ၁၇ မှာ ဒုတိယအကြိမ် မင်္ဂလာဧည့်ခံပွဲကို စိန့်မေရီဘုရားကျောင်းမှာ ကသလစ်ဘာသာ ထုံစံအတိုင်း ပြုလုပ်ခဲ့ပါတယ်။ ဘုရားကျောင်းမှာ ပြုလုပ်တဲ့ ဧည့်ခံပွဲမှာ အနုပညာရှင် လုပ်ဖော်ကိုင်ဖက်တွေ အသိမိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေအပါအ၀င် စုစုပေါင်း သုံးရာကျော်လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
YouTube မှာ ကြည့်ချင်ရင်

Singer Cham Cham Marries to Buddhist Actor Praised in Rangoon မှာ ကြည့်နိုင်ပါတယ်။


YouTube မှာ ဗုဒ္ဓဘာသာထုံတမ်းနဲ့ မင်္ဂလာဆွမ်းကျွေးပွဲ မှတ်တမ်းကို မတွေ့ရသေးတာကြောင့် ပရိတ်သတ်အချို့က ဒီမိုကရေစီစံပြလို့ မစစ်သေးဘူးလို့လဲ ပြောဆိုလာကြတာ တွေ့ရပါတယ်။
ချမ်းချမ်းရဲ့ မင်္ဂလာပွဲကို ချမ်းချမ်းကိုယ်တိုင်သီဆိုပူဇော်ထားတဲ့ ဗုဒ္ဓပူဇနိယ ဓမ္မတေးလေး လက်ဖွဲ့လိုက်ပါတယ်။ ပရိတ်သတ်ကြီးလဲ ချမ်းချမ်းအတူ YouTube မှာ နားဆင်ခံစားကြည့်နိုင်ပါတယ်။

ချမ်းချမ်းရဲ့ ဓမ္မပူဇာ တေးလေးပါ

1 စာဖတ်သူတို့စကားများ:

  1. မောင်ကီးအပ်ကျနေလား ခစ်ခစ်

    ReplyDelete

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!