Sometimes silence is a really good answer.

ဗျောက်အိုးဖောက်သူ လူငယ်နှစ်ဦး ဖမ်းဆီးခံရ

ကြည့်မြင်တိုင် သီရိမင်္ဂလာဈေးဟောင်း အနီးတွင် ဗျောက်အိုးဖောက်သူ လူငယ်နှစ်ဦးကို အောက်တိုဘာ ၂၀ ရက် နံနက်အစောပိုင်းက ဖမ်းဆီးအမှုဖွင့်လိုက်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

သီတာရပ်ကွက် သီရိမင်္ဂလာဈေးဟောင်းအနီး သီရိစံမိုတယ်တွင် ဗျောက်အိုးများ ပစ်ဖောက်နေခဲ့ကြောင်း ရဲတပ်ဖွဲ့က သိရှိခဲ့ပြီး အောက်တိုဘာ ၁၉ ရက်ည ၁၂ နာရီကျော်က မြို့နယ်ရဲတပ်ဖွဲ့မှ လှည့်ကင်းအဖွဲ့က သွားရောက်ဖမ်းဆီး လိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှာ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်မှ ညီညီကျော်(၁၉)နှစ်နှင့် ကြည့်မြင်တိုင်၊ ဆေးငြိမ်းရပ်ကွက်၊
ဆေးရိုးတန်းလမ်းနေ မောင်ဇော်လင်းအောင် (၂၀) နှစ်တို့ ဖြစ်သည်။

၎င်းတို့နှစ်ဦးကို ဗျောက်အိုးများ ပစ်ဖောက်နေစဉ်အတွင်း ဖမ်းဆီးလိုက်ပြီး ယင်းတို့ထံမှ အသံရှစ်ချက် ပေါက်ကွဲသည့် ပစ်ဖောက်ပြီး မီးရှုးဗျောက်အိုး နှစ်ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

၎င်းတို့ နှစ်ဦးကို အရေးယူပေးရန် ရဲတပ်ကြပ်ကြီး ခင်မောင်ဇော်က တိုင်တန်းသဖြင့် ကြည့်မြင်တိုင် ရဲစခန်းက (ပ) ၇၀၄/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး စစ်ဆေးနေကာ ပြစ်မှုပုဒ်မ ၂၈၆ ဖြင့် တရားစွဲတင်မည်ဟုလည်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ စခန်း၏ မှုခင်းမှတ်တမ်းအရ သိရသည်။

ရန်ကုန်တိုင်းအတွင်းတွင် လက်လုပ်ချိန်ကိုက်မိုင်း ပေါက်ကွဲခြင်းများနှင့် လက်လုပ်မိုင်းများ တွေ့ရှိမှု ဖြစ်စဉ်များကြောင့် ထင်ယောင်ထင်မှားမဖြစ်စေရန် သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးဖောက်ခြင်းများ မပြုလုပ်ကြရန် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

 http://www.mizzimaburmese.com/news/2013-08-21-06-42-44/15037-2013-10-21-04-05-34.html

1 စာဖတ်သူတို့စကားများ:

  1. ဗျောက်ဖောက်တာဖမ်းမအေလိုးတေ

    ReplyDelete

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!