Sometimes silence is a really good answer.

“ကျား၊ မ တန်းတူအခွင့်အရေး မရသေးဘူး”

မြန်မာနိုင်ငံ အမျိုးသမီး ဖိုရမ်၏သံတမန်အဖြစ် ခန့်ခံထားရသည့် အထက်မြန်မာပြည် ကိုယ်စားလှယ် ရေဗက္ကာဝင်းနှင့်
အောက်မြန်မာပြည် ကိုယ်စားလှယ် ချစ်သုဝေတို့က မြန်မာနိုင်ငံတွင် ကျား၊ မ တန်းတူ အခွင့်အရေး မရသေးကြောင်း
ပြောဆိုလိုက်သည်။ အောက်တိုဘာလ ၂၉ မှ ၃၀ ထိ ရန်ကုန်မြို့ အင်း လျားလိတ်ဟိုတယ်တွင် ကျင်းပပြုလုပ်မည့် အမျိုးသမီးဖိုရမ်နှင့် ပတ်သတ်၍ သတင်းစာရှင်းလင်းပွဲကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၈ က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ
ရွှေရသာဆိုင်တွင် ပြုလုပ်ခဲ့ရာတွင် အမျိုး သမီးသံတမန်များက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

ရေဗက္ကာဝင်း (အထက်မြန်မာပြည် သံတမန်)

ကျွန်မကိုယ်တိုင် အမျိုးသမီးဖြစ်နေတဲ့အတွက် အမျိုးသမီးတွေကို မြှင့်တင်ချင်တယ်၊ ကူညီချင်တယ်၊ ကိုယ့်ဘာမှ မလုပ်ပေးနိုင်ရင်တောင် အမျိုးသမီးတွေရဲ့ ဘ၀ကိုမြှင့်တင်ပေးချင်တယ်၊ ဒီဖိုရမ်မှာ အစ်မ တွေရဲ့ သဘောထားတွေက ကျွန်မရဲ့ စိတ်ဓာတ်နဲ့ တိုက်ဆိုင်တာကြောင့် ဒီသံတမန်အလုပ်ကို လုပ်ရ တာပါ။

မြန်မာနိုင်ငံမှာ ဒီအတိုင်းကြည့်မယ်ဆိုရင် အမျိုးသားနှင့် အမျိုးသမီးကို ခွဲခြားထားတယ်လို့ဆိုတာ မသိရပါဘူး၊ အမျိုးသမီးတွေက အလုပ်အကိုင်အခွင့်အလမ်းတွေမှာ ပညာရေးအပိုင်း၊ အလုပ်အကိုင်ရှာတဲ့နေရာ တွေမှာလဲ ၀င်ငွေကောင်းတယ်လို့ ထင်ရတယ်၊ ဥပမာ- လေကြောင်းလိုင်း၊ ဘဏ်တွေမှာ Ph.D ဘွဲ့၊ မာစတာ အတန်းတွေမှာ လည်း အမျိုးသမီးတွေချည်းပဲဆိုပြီး လူမှုကွန်ရက် စာမျက်နှာတွေ ကာတွန်း၊ မီဒီယာတွေမှာ ဖော်ပြကြတယ်။

တကယ်တော့ တန်းတူအခွင့်အရေးရရဲ့လားဆိုတဲ့ မေးခွန်းကိုတော့ ကျွန်မစိတ်ထဲမှာရှိတယ်၊ ဒါဘာလို့ လဲဆိုတော့
မြန်မာနိုင်ငံမှာက လူရယ်လို့ မွေးဖွားလာကတည်းက ယောက်ျားလေးက ငါယောက်ျားဆိုတဲ့ စိတ်၊ မိန်းကလေးဆို ငါမိန်းကလေးဘဲလေးဆိုတဲ့စိတ်ဖြစ်ကြတယ်၊ ဒါဟာ သူတို့နဲ့ သက်ဆိုင်တဲ့ မိဘတွေ ဆွေမျိုးသားချင်းတွေ ကျောင်း ပတ်ဝန်းကျင် ဆရာ၊ ဆရာမတွေက နေရာပေးကြတယ်၊ အရာအား လုံးကို ယောက်ျားလေးတွေကိုဘဲ အသိအမှတ်
ပြုကြတယ်။

ဆရာ၊ ဆရာမတွေအနေနဲ့လည်း ယောက်ျားလေးတွေဆိုရင် အသင်းခေါင်းဆောင်၊ အတန်းခေါင်းဆောင် လုပ်ခိုင်း တယ်၊ ညီအကို မောင်နှမတွေမှာလည်း သားယောက်ျားလေးကို အခွင့်အရေးပေးတယ်၊ ဦးစားပေးတယ် အဲဒီကတည်း က မိန်းကလေးကို ခွဲခြားဆက်ခံခဲ့ရတယ်၊ ကြီးပြင်လာတဲ့ အခါမှာလည်း ယောက်ျားလေးဆို အပြည့်အ၀ ယုံကြည်ကြ တယ်၊ အဲဒီကတည်းက ခံယူချက်တွေ အတွေးအခေါ်အယူ အဆတွေက ကွဲလွဲခဲ့ကြတယ်၊။

အမျိုးသမီးတွေက ပညာရေးပိုင်း၊ စီးပွားရေး၊ လူမှုရေးတွေမှာ နေရာတစ်နေရာတော့ ရလာကြတယ်၊ ဒါပေမဲ့ အမျိုးသမီးတွေ တကယ်ရောလုပ်နိုင်စွမ်းရှိပြီးလားဆိုတော့ အားလုံးကို ပြောလို့မရသေးပါဘူး၊ တချို့တစ်ဝက်ကသာ လုပ်နိုင်ခဲ့ကြတာပါ၊ တော်တော်ကြီးစွန့်ဦးတဲ့ အမျိုးသမီးတွေသာ လုပ်ခွင့်ရခဲ့တာ ပါ၊ ဥပမာဆို နိုင်ငံရေးအပိုင်းမှာတော့ အမျိုးသမီး နိုင်ငံရေးလုပ်ဖို့နဲ့၊ အမျိုးသား နိုင်ငံရေးလုပ်ဖို့ဆိုရင် သူတို့ ရဲ့နောက်ပါတီတွေ ပြည်သူလူထုတွေရဲ့ အားကိုး ယုံကြည်မှုရဖို့လိုတယ်၊ မိန်းကလေးတွေက ကိုယ့်ကို ယုံကြည်မှုရပါ့မလားဆိုတဲ့ အတွေးတွေက အမျိုးသမီးတွေမှာ
ပေါ်လာပါတယ်၊ ယုံကြည်မှုရဖို့ကို အမျိုး သားနဲ့ အမျိုးသမီးကို ယှဉ်ပြီးစဉ်းစားရင် အမျိုးသားတွေက လွယ်လွယ်ကူကူနဲ့ ရဖို့လွယ်ပါတယ်။ ယောက်ျားတွေက ဦးဆောင်နိုင်တယ်၊ ယောက်ျားတွေက အကုန်လုံး နာခံဖို့အတွက် ဖြစ်လာတယ် ဆိုတဲ့ အတွေးကို ငယ်ငယ်ကတည်းက ခံယူထားကြတယ်။

အမျိုးသားနဲ့ အမျိုးသမီးတန်းတူအခွင့် အရေးရဖို့ဆိုရင် ငယ်စဉ်ကတည်းက မိဘဆရာသမားတွေ ပူးပေါင်းမှသာလျှင် တန်းတူအခွင့်အရေး ရလာမှာဖြစ်ပါတယ်၊ တစ်ခါတလေကြရင် အမျိုးသမီးတွေကအခွင့် အရေးတောင်းတယ်ဆိုတာ တကယ်တော့ အခွင့်အရေးတောင်းတာ မဟုတ်ပါဘူး၊ လူတိုင်းမှာ အခွင့်အရေးရှိတယ်၊ ကိုယ့်ရဲ့အခွင့်အရေးကို
တောင်းနေစရာမလိုဘူး၊ ဖော်ထုတ်ဖို့ အခြေအနေတစ်ခုဘဲ လိုပါ တယ်။

အမျိုးသမီးဖိုရမ်မှာ လုပ်ရခြင်းရည်ရွယ်ချက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေ တန်းတူ အခွင့်အရေးမရတဲ့ အမျိုးသမီးတွေ အမျိုးသားနဲ့ တန်းတူအလုပ်လုပ်နိုင်ပါရက်နဲ့ အခွင့်အရေး ပေးမခံရတာတွေကို အမျိုးသမီးဖိုရမ်မှာ ထိထိရောက်ရောက် ပါဝင်ဖော်ထုတ်ပေးပါမယ်လို့ မျှော်လင့်တယ်၊ ဒီလိုအရာတွေ များများ
ဖော်ထုတ်ရမယ့်နေရာမှာ မီဒီယာတွေကလည်း ဖော်ထုတ်ပေးပါ။ မီဒီယာတွေမှ တစ်ဆင့် information များများ ပို့ပေးပါ၊ အားငယ်နေတဲ့ အမျိုးသမီးတွေကို အားတက်အောင် ဖေးမပေး ကြပါ၊ ယောက်ျားဝါဒီတွေ အနေနဲ့
ယောက်ျားတွေအတွက် ဆောင်ရွက်နိုင်တယ်၊ ဒီနေရာက ယောက်ျား တွေဘဲ ထိုက်တန်တယ်ဆိုတဲ့ ပုဂ်္ဂိုလ်အချို့တွေ ကိုလည်း အမျိုးသမီးတွေလည်း ဦးဆောင်နိုင်တယ်၊ စဉ်း စားဆုံးဖြတ်နိုင်တယ်ဆိုတာကို မီဒီယာကနေ ပြောပေးပါ၊ မီဒီယာက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးတဲ့ လက်နက်တစ်ခုပါပဲ။ တန်းတူအခွင့်အရေးရဖို့ အဓိက လက်နက်ဖြစ်တဲ့ မီဒီယာကပူးပေါင်း ပေးပါ။

ချစ်သုဝေ (အောက်မြန်မာပြည် သံတမန်)

အမျိုးသမီးဖိုရမ်မှာ သံတမန်အဖြစ် အဓိက လက်ခံခဲ့ရတာတော့ ကျွန်မကိုယ်တိုင် အမျိုးသမီးတစ်ဦး ဖြစ်နေလို့ပါ။ သံတမန် တစ်ဦးဖြစ်လာဖို့ကိုလည်း သေချာစဉ်းစားပြီးမှ လက်ခံခဲ့တာပါ၊ ဒီဖိုရမ်ရဲ့ အသင်း အဖွဲ့တစ်ခုအနေနဲ့ လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်တွေကို စဉ်းစားပြီးမှ လက်ခံခဲ့တာပါ၊ ကျွန်မကို သံတ မန်တာဝန်ထမ်းဆောင်ဖို့ အရင်ဆုံး ဆက်သွယ်ခဲ့တာက ကျားမတန်းတူညီမျှ ကွန်ရက်မှ (Gender Equality Network) မှ Senior Coordinator
ဒေါ်မေစံပယ်ဖြူမှ ကမ်းလှမ်းခဲ့ပါတယ်၊ ဒီဖိုရမ်ရဲ့ လုပ် ဆောင်ချက်တွေကိုကြည့်ပြီး ဘယ်လိုအခန်းကဏ္ဍတွေနဲ့ လုပ်ဆောင်နေကြတယ်၊ ရည်ရွယ်ချက်တွေကို ကြည့်ပြီးမှ ကြိုက်လို့ သံတမန်အဖြစ် လက်ခံခဲ့တာပါ။

အမျိုးသမီးဖိုရမ်မှ အခန်းလေးခန်းမှကဏ္ဍတစ်ခုအနေနှင့် ပါဝင်ခွင့်ရခဲ့တယ်၊ အမျိုးသမီးတွေရဲ့ လူမှုရေး အခွင့်အရေး
တွေ ချိုးနှိမ်ခံခဲ့ရတယ်၊ ကိုယ်တိုင်လဲ ချိုးနှိမ်ခံခဲ့ရတယ်၊ ဒီဖိုရမ်ကြီးတာ အောင်မြင်သွားရင် ကျွန်မ အပါအ၀င်
နောက်လာမည့် မျိုးဆက်သစ် အမျိုးသမီးတွေပါ ကောင်းစားဖို့ လက်ခံခဲ့တာပါ၊ အမျိုး သမီးတွေက အိမ်ထောင်ရှင်မ
တွေပဲ ဖြစ်ရမယ်၊ အမျိုးသားတွေရဲ့နောက်လိုက်ပဲ ဖြစ်ရမယ်ဆိုတဲ့ အယူ အဆအမှားတွေရှိနေသလို အမျိုးသမီးတွေ မှာလည်း ကိုယ်စီကိုယ်စီမှာ အယူအဆအမှားတွေ ရှိတယ်၊ ဒီအယူအဆအမှားတွေ ပပျောက်ဖို့ ထိ ရည်ရွယ်ပါတယ်၊
နောက်တစ်ခုက တော့ ခေါင်းဆောင်မှုအပိုင်းမှာ ဆိုရင် အမျိုး သမီး အင်းအားတွေ အရမ်းနည်းတယ်၊ ဌာန ဆိုင်ရာ
တွေ ရေတွက်ကြည့်ရင် ပရိုမိုရှင်း အပိုင်းမှာဆို အမျိုးသမီးဆိုလို့ ရှားရှား ပါး ပါးပါဝင်တာ တစ်ယောက်ဘဲရှိတယ်၊ လွှတ် တော် အပါအ၀င် အခြားသော ဌာနဆိုင်ရာ တွေမှာလည်း ပါဝင်မှုနှုန်းက အရမ်းနည်း နေတယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ဖို့ဆိုရင် အမျိုးသမီးနှင့်အတူ အမျိုးသားပါ ပူးပေါင်းပါဝင်ဆောင်ရွက်မှရမှာပါ၊ နောက်တစ်ခု ကိုယ်တိုင် ခံစားခဲ့ရတဲ့ ပညာရေးအပိုင်းပေါ့၊ တက္ကသိုလ်ဝင်ခွင့်မှာဆိုရင် အင်ဂျင်နီယာအပိုင်း၊ ဆရာဝန်အပိုင်းမှာ ဘဲဖြစ်ဖြစ်၊ အမျိုးသမီးကျောင်းသူဆို အမှတ်ဝင်ခွင့်က တစ်မျိုး၊ အမျိုးသား ကျောင်းသားဆိုရင် အမှတ်က တစ်မျိုး၊ ကြိုးစားတာချင်းလဲ အတူတူဘဲ အားထုတ်မှု အချင်းချင်းလဲနည်းပြီး ကန့်သတ်တာလဲ၊ အဲဒီမှာက တည်းက အမျိုးသမီး
တွေကို ကျောင်းဝင်ခွင့်ကို အဲဒီလို လျှောက်ထားခံခဲ့ရတယ် အဲဒီလို သတ်မှတ်တဲ့သူ တွေမှာ တာဝန်ရှိတယ်၊ ဒါ လုံးဝမဖြစ်သင့် မဖြစ်ထိုက်ဘူး၊ အဲဒီအချက်ကို ကြည့်ခြင်းအားဖြင့် တန်းတူ အခွင့်အရေး မရသေးဘူးလို့ မြင်တယ်၊

နောက်တစ်ခုကတော့ မီဒီယာပေါ့ ကျွန်မက မင်းသမီး အဆိုတော်ဖြစ်တဲ့အတွက်ကြောင့် မီဒီယာကို အရမ်းအားကိုး ပါတယ်၊ နောင်လာမည့် မျိုးဆက်သစ်တွေမှာ မီဒီယာကိုကြည့်ပြီး အတုယူကြတယ်၊ မီဒီယာရဲ့ဖော်ပြမှုတွေက အရမ်းအရေးကြီးပါတယ်၊ အမျိုးသမီးခေါင်းဆောင်မှုတွေ အောင်မြင်မှုတွေကို ဖော်ပြတာထက်လွဲမှားနေတဲ့ အယူအဆ မှားနေတဲ့ အမျိုးသမီးတွေကို အားပေးအားမြှောက်လုပ်တဲ့ အနုတ်သဘောဆောင်တဲ့ ဖော်ပြနေတာက ရင်လေးစရာပါ။ ဒါကြောင့် လွဲမှားနေတဲ့ အမျိုးသမီးတွေရဲ့ ဘ၀ကို အပြုသဘောဆောင်တဲ့ ဖော်ပြမှုတွေနဲ့ အရေးအသားလေးတွေနဲ့
ဖော်ပြပေးပါ၊  လွတ်လပ် လာတဲ့ တိုင်းပြည်မှာ လွတ်လပ်သော အရာတွေအားလုံးဟာ လူတိုင်း ကိုယ်စီမှာ တာဝန်ရှိ တယ်၊ မီဒီယာတွေက လည်း တာဝန်ယူပေးပါ ကျွန်မအနေနဲ့ ဒီဖိုရမ်ရဲ့ တစ်ထောင့်တစ်နေရာမှာ ပါဝင်ဆောင် ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

 http://www.mizzimaburmese.com/news/inside-burma/15042-2013-10-21-04-34-12.html

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!