လက်သန်းအဆစ်ကလေး ၃ ဆစ်ရဲ့ အရှည်အတိုကို ကြည့်ပြီး ဗေဒင်ဟောကြည့်ကြရအောင်။ ယောက်ျားလေးဆို "ဘယ်" လက်ကို ကြည့်၊ မိန်းကလေးဆို "ညာ" လက်ကိုကြည့်ရမှာနော်။
(၁)
လက်သန်းလေးရဲ့ ပထမအဆစ်ဟာ အရှည်ဆုံးဖြစ်နေခဲ့မယ်ဆိုရင်-ဒီလို လက်သန်းပိုင်ရှင်ဟာ အချိန်တိုင်းမှာ စွဲဆောင်မှုအားအပြည့်ရှိသူဖြစ်ပြီး၊ အပြောကောင်းသူများဖြစ်တတ်ပါတယ်၊ အကင်းပါးပြီး လူကဲခတ်တော်တာကြောင့် အလွယ်တကူ လူလိမ်မခံရနိုင်ပါဘူး တဲ့။
(၂)
လက်သန်းလေးရဲ့ ဒုတိယအဆစ်သာ အရှည်ဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင်များဟာ သူတပါးကို ကရုဏာအပြည့်နဲ့ ပြုစုယုယတဲ့တဲ့ပညာကို မွေးရာပါတတ်မြောက်ခဲ့တဲ့သူမျိုးတွေဖြစ်ပါသတဲ့- ဒါ့အပြင် သူတို့ဟာတဖက်သားကိုလည်း အင်မတန် စိတ်ရှည် သည်းခံတတ်ကြတယ်တဲ့၊ ဒီလို လက်သန်းပိုင်ရှင်မျိုးကို ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနဲ့ ကျန်းမာရေးဌာန ၀န်ထမ်းများမှာ အတွေ့ရ များတတ်ပါတယ် တဲ့။
(၃)
အချုပ်အချယ်မရှိ လွတ်လပ်တဲ့ အရသာကို ကောင်းကောင်းကြီးခံစားတတ်သူများဖြစ်ကြပါတယ်တဲ့၊ ဒီလက်သန်းပိုင်ရှင်များဟာ အဟောအပြောပိုင်းဆိုင်ရာမှာ ပါရမီထူးကဲကြပြီး၊ အမှန်တရားကို မြတ်နိုးတန်ဖိုးထားတတ်ကြပါတယ် တဲ့။
(၄)
လက်သန်းလေးရဲ့ အပေါ်ဆုံးအဆစ်ဟာ အတိုဆုံးဖြစ်ခဲ့မယ်ဆိုရင်- ဒီလိုလက်သန်းပိုင်ရှင်တွေကတော့ မွေးရာပါ အရှက်အကြောက်ကြီးသူများဖြစ်တတ်ကြပြီး၊ အရာရာကို ထုတ်ဖေါ်ပြောကြားတတ်ခြင်းမျိုးမရှိပဲ အစဉ်အမြဲ စိတ်ထဲတွင် မြိုသိပ်ထားလေ့ရှိတတ်ကြတယ်(အုံ့ ပုန်းလို့ပြောလို့ရမယ်ထင်ပါတယ်)- ဒီလို လက်သန်းပိုင်ရှင်အများစုကတော့ ကံမကောင်းတတ်ကြပါဘူး တဲ့။
(၅)
လက်သန်းလေးရဲ့ ဒုတိယ အဆစ်ကသာ အတိုဆုံးဖြစ်ခဲ့မယ်ဆိုရင်တော့- ဒီလိုလက်သန်းပိုင်ရှင်မျိုးကတော့ အင်မတန် သစ္စာရှိတတ်သူများဖြစ်တတ်ကြပြီး၊ မာနထောင်လွှားခြင်းကင်းမဲ့ကာ အမြဲနှိမ့်ချ ဆက်ဆံတတ်ကြတဲ့ သူမျိုးဖြစ်ကြတယ်တဲ့၊ နောက်ပြီး သူတို့ ဟာ အင်မတန်လည်း ခေါင်းမာတတ်ကြသောကြောင့် အမှားအမှန်ခွဲခြားနားမလည်နိုင်ပဲ မိုက်ရူးရဲဆန်တတ်ကြပါတယ် တဲ့။
(၆)
လက်သန်းရဲ့ အောက်ဆုံးအဆစ်ကသာ အတိုဆုံး ဖြစ်နေခဲ့မယ်ဆိုရင်တော့- ဒီလို လက်သန်းပိုင်ရှင် မျိုးကတော့ မွေးရာပါ ရိုးလွန်း၊ အေးလွန်း၊ ဖြူစင်တတ်လွန်းသူများဖြစ်ကြပြီး၊ သူတပါးအပေါ်မှာလည်း အင်မတန် အယုံလွယ်လွန်း၊ အကောင်းမြင်တတ်လွန်းသူများဖြစ်ပါတယ်၊ တကယ်တော့ ရိုးလွန်း အေးလွန်းတယ်ဆိုတာ ကောင်းတယ်ဆိုပေမဲ့ ခုခေတ်မှာတော့ ဥပမာ စီးပွါးရေး နယ်ပယ်အနေနဲ့ ပြောမယ်ဆိုရင် လူလည်၊ လူလိမ်တွေ ပေါများနေပြီဖြစ်တဲ့အတွက် ရိုးလွန်း၊ အေးလွန်းသူများအတွက်တော့ အလွယ်တကူ အလိမ်ခံရနိုင်ပါကြောင်း..။
0 စာဖတ်သူတို့စကားများ:
Post a Comment