ရှင်သုံးရှင်မှတ်ဖွယ်
by Pan Dita on Monday, February 14, 2011 at 10:29pm


မိမိတို့ ဆရာကြီးကတော့ ကြံကြံဖန်ဖန်တွေးခေါ်တတ်သည်။ ဘာတဲ့ ''လောကမှာ ကြီးပွားချင်တိုင်း... ဒီပြင်ဟာတွေ ဘာမှတွေးမနေနဲ့ ...... တွေးရပေါင်းများရလို့ ဖြစ်ချင်တွေနဲ့လည်း ဝေးခဲ့ရပါပြီ .... ဗေဒင်ယတြာ သွားရှည်လဲ ဗေဒင်ဟောခတို့ ဘာတို့ ညာတို့ကလည်း ကုန်သေးတယ်ဆိုတော့ ..... အော်ခေတ်ကြီးကိုက ဘာတဲ့ ညာတဲ့......''
ဟိုလူအပြစ်ကြောင့် ဒီလူအပြစ်ကြောင့်လို့ ပြစ်ချင်တိုင်းပြစ်နေကြ ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ ဒီလောကာကြီးအတွက် အသိပညာရှင်တွေ အတတ်ပညာရှင်တွေ သူတိုရဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပညာတွေ အမွေတွေပေးခဲ့ကြတယ်။ သူတို့တွေထက် အသိရော သတိပါ အစစအရာရာသာတဲ့ မြတ်စွာဘုရားလည်း လောကီလူသားတွေအတွက် တံခါးတွေ ဖွင့်ပေးခဲတယ်.. ။ လိုက်နာစရာတွေ လိုက်နာရ မှတ်စရာလေးတွေမှတ်သားရနဲ့ သိခွင့်လေးတွေပေးခဲ့လို့ သိခွင့်ရလိုက်တာဟာလည်း ကိုယ့်အတွက် ကံကောင်းခြင်း လက်ဆောင်ပေါ့လေ။
ကဲ..ဒါလေးလည်းကြိုက်ရင် မှတ်လိုက်ပါဦး---
(၁) ဓနရှင်
(၂) ပညာရှင်
(၃) အာဏာရှင်
ဒီသုံးရှင်ပေါင်းလိုက်ပြီ ဆိုရင်တော့ အစစအရာရာ တိုးတက်ပြီဗျို့။
ဓနရှင်သာရှိပြီး ကျန်တဲ့ ပညာရှင်မရှိရာအရပ် အာဏာရှင်ရဲ့ သက်ရောက်မှု မရှိပြန်ဘူးဆိုရင်လည်း ဟန်မကျပေဘူး။ ငွေရေးကြေးရေးသာ ချမ်းသာပြီး လောကကောင်းစားရေးအတွက် ကြီးပွားအောင် မဆောင်ရွက်နိုင်သေးဘူး။ မျိုးဆက်သစ်တွေ မွေးထုတ်ပေးဖို့.. အမွေတွေပေးထားခဲ့ဖို့ ပညာတွေတတ်အောင် သင်ကြားပေးတတ်သူ လမ်းညွှန်ပေးနိုင်သည့် ပညာရှင်တွေလည်း ရှိဦးမှ။ ဒီအတိုင်းဆို ငယ်ငယ်က သူငယ်တန်းမှာ သင်ခဲ့ရ ဖတ်ခဲ့ရ အော်ခဲ့ရဘူးတဲ့ ... '' ရှေးသရောအခါ... ပြည်ဗာရာဝယ် ... ကုဋေကြွယ်သား... သူဌေးသားသည်--- '' ဆိုတဲ့ မှတ်သားစရာ ပုံဝတ္ထုလေးအတိုင်း ဖြစ်ချေတော့မည်။ မိခင်ဖခင်များ ကွယ်လွန်သွားကြသည့်အခါ ပညာမတတ်သည့် သူဌေးကလေးသည် မိဘတို့၏ လက်ငုတ်လက်ရင်းလေးကို နိုင်နင်းအောင် ထိန်းသိမ်း မထားနိုင်သည့်အတွက် လမ်းဘေးထိုင် ငေးမှိုင်ပြီး.. ခွက်လက်ဆွဲကာ တောင်းစားခဲ့ရလေခြင်း.။
အော်. သနားစရာကောင်းလူသားလေး။
အကယ်၍ ပညာတတ်ကြီးတွေသာ ရှိနေရင်လည်း မကိုက်သေးဘူးဗျ။ ညာတတ်သလောက် လောကကောင်းကျိုးအတွက် ဓနမရှိလို့လည်း ဘာမှဖြစ်ဖြစ်မြောက်မြောက် မဆောင်ရွက်နိုင်ဘူး... တက္ကသိုလ်တက်တုန်းက ဆရာ ဦးအုန်းသော်က မြန်မာစာသင်ရင်း.ပြောဘူးတယ် ရယ်စရာပါ ..
မြန်မာစကားပုံမှာ... ပညာရွှေအိုးလူမခိုး ..လို့ဆိုတယ်၊ ဆရာငယ်ငယ်တုန်းက ဒီစာလေးကို သိပ်သဘောကျလွန်းလို့တဲ့...။ ''ပညာရပ်ဆိုင်ရာတွေမှာ သူများတွေထက်တော်အောင် ကြိုးစားခဲ့ရတယ်...။ ဘွဲ့တွေအလီလီရခဲ့တယ်..။ စာတွေခွဲခြမ်းစိတ်ဖြာ တွေးခဲ့ရတယ်...။ ကျမ်းအစောင်စောင် ရေးခဲ့ရတယ်...။ နောက်ပီး အချိန်တန် အရွယ်ရောက်လို့ အိမ်ထောင်ရက်သား ကျပြန်တော့လည်း ...... ကိုယ်ရထားတဲ့ ဘွဲ့လေးနဲ့ အလုပ်လျှောက် ... တက္ကသိုလ်ဆရာတစ်ယောက် ဖြစ်ခဲ့ရတယ်.။ သို့ပေမဲ့ မိသားစု အသိုင်းအဝိုင်းလေးတစ်ခု ရလာပြန်တော့လည်း ပညာတတ်ပြီးသား ပညာရေးဝန်ထမ်းသမား တစ်ယောက်အတွက် ကျောင်းလစာလေးနဲ့က ဘယ်လိုမှ မိသားစုတာဝန်ကို ကြေပွန်အောင်မထိန်းနိုင်.. ရှိစုမဲ့လေးနဲ့ ခြစ်ခြုတ်ချွေတာပြီး လင်မယားနှစ်ယောက်ရဲ့ လစာလေးနဲ့ လူရိုသေ ရှင်လည်းရိုသေအောင်လို့ စက်ဘီးလေးတစ်စီးသာ ဝယ်နိုင်ခဲ့တယ်... ကလေးတွေကလည်းရလာပြန်တော့. စရိတ်စကတွေ များလာတယ်..။ ပညာသင်စရိတ်.. ဘာစရိတ်.. ညာရိတ်ပေါ့.။ တစ်သက်လုံးက ပညာတတ်ပီပီ တင်းမာလာခဲ့ရတဲ့ ပညာမာနတွေလည်း အဲဒီမှာ ကျခဲ့ရတယ်.။ ဝင်ငွေရှာရတဲ့ အလုပ်လေးတစ်ခု ကိုယ်မလုပ်ချင်ပေမဲ့လည်း လုပ်ခဲ့ရတယ်..။ နီးစပ်တဲ့ မိမိတပည့် ကျောင်းသားကျောင်းသူလေးတွေကို စည်းရုံးပြီး စာသင်ပြရတဲ့ ကျုရှင်ဆရာတစ်ယောက်ရဲ့ဘဝထဲကို ခြေစုံပစ်ကာ ဝင်ခဲ့ရပါတယ်...။ ခုနေများ.. ပညာနဲ့ရွှေအိုး.. ဘယ်ဟာယူမလဲလို့များ မေးလာခဲ့ရင် ရွှေအိုးပဲယူတော့မယ်။ ပညာတော့ မယူရစေနဲ့ ။'' တဲ့။
ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ ကိုယ်လည်းပဲချမ်းသာသလို သူများလည်းပဲ ချမ်းသာစေလိုသည့်အတွက် စီးပွားနည်းပညာပိုင်းဆိုင်ရာတွေ ပိုချပေးသည့်အတွက် ဘေဘီလုံသည် အချမ်းသာဆုံး နိုင်ငံတစ်ခု ဖြစ်လာ၏...ဟုဖတ်ဖူးသည်။
ထို့ကြောင့် ဓနရှင်နဲ့ ပညာရှင်လည်း မရှိမဖြစ်အရေးပါတာပါပဲ....နောက်ပီး အစစအောင်မြင်ရေးအတွက် အာဏာရှင်ကလည်း ရှိရဦးမယ်။။
ပညာရှင်က နည်းပညာတစ်ခုရလာအောင် နှစ်ပေါင်းများစွာ ကြိုးစားထားခဲ့သည်ကို ဓနရှင်ဆိုသူက ပညာရှင်ရဲ့စီမံကိန်းကို အကောင်အထည်ဖော်နိုင် အောင်မြင်နိုင်ရေးအတွက် မြေတောင်မြောက် ပေါင်းသင်ပေးရပါလိမ့်မည်။ ထိုအခါ ၎င်းတို့က နည်းမျိုးစုံသုံးကာ အာဏာရှင်များအား ပါမစ် (ခွင့်ပြုချက်)ရအောင် တင်ပြရပေမည်။ သို့မဟုတ်ပါက ဆရာလည်းလွဲ တပည့်လည်းကွဲရကိန်းသို့ ဆိုက်တော့မည်သာ။ ဒီဃာ့နိကာယ်ရဲ့ စာတစ်ပိုဒ်မှာ သီလနှင့်ပညာ နှစ်မျိုးလုံးဟာ လောကမှာ အရေးကြီးလှပုံကို ဘယ်ဘက်ခြေထောက်မှာ အညစ်အကြေးပေးရင် ညာဘက်ခြေထောက်နဲ့ ရေဆေးပေးရခြင်း၊ ညာဘက်ခြေထောက်မှာ အညစ်အကြေးပေရင် ဘယ်ဘက်ခြေထောက်နှင့် ရေဆေးကြောပေးရခြင်း၊ တစ်ဖန် ဘယ်ဖက်လက်မှာ အညစ်အကြေးပေရင် ညာဖက်လက်နှင့် ရေဆေးပေးရခြင်း၊ ညာဖက်လက်မှာ အညစ်အကြေးပေရင် ဘယ်ဖက်လက်ဖြင့် ရေဆေးပေးရခြင်း ဆိုသည့် ဥပမာစကားရပ်များကဲ့သို့ ဤ၌လည်း အထက်ဖော်ပြပါ ရှင်သုံးရှင်ဟာ တစ်ခုနှင့် တစ်ခု အပြန်အလှန် အမှီသဟဲပြုမှသာ ဘဝမှာ အောင်မြင်တိုးတက်ပြီး သာယာလှပသည့် ဘဝတစ်ခုကို ထူထောင်နိုင်ပါလိမ့်မည်။ ဆန့်ကျင်ဘက်အနေဖြင့် အထက်ပါသုံးဦး မပူးပေါင်းသရွေ့ ကာလပတ်လုံး မိမိဖြစ်ချင်သည့် မည့်သည့်ကိစ္စမျိုးမဆို မအောင်မြင်နိုင်ကြောင်း.........။
***မှတ်သားဘွယ်ရာ စကားချီးမြှင့်ပေးခဲ့သည့် ဆရာကြီး ဦးမြင့်ဆွေ (ပါမောက္ခချုပ်၊ မန္တလေး ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၊ မဟာဝိဇ္ဇာ၊ လန်ဒန်) အား ဂုဏ်ပြုရေးသားအပ်ပါသည်***
from

to pyomaunggyi@gmail.com
date

subject

mailed-by

signed-by

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် သို့ အလည်သွားနိုင်ပါသည်။
http://www.yangonbuddhistuniversity.com/search/label/%E1%80%94%E1%80%AD%E1%80%92%E1%80%AB%E1%80%94%E1%80%B9%E1%80%B8
ven.panditasiri211: အပြင်အဆငိကောင်းလို့
ReplyDeleteမျက်စိတောင်လည်
တယ်
ven.panditasiri211: စာထု နော်