Sometimes silence is a really good answer.

ရှမ်းပြည်နယ် လွယ်မွေအနီးဗဟို အင်အား ၇.၀ ငလျင်ကြောင့် (၅၀) ခန့်သေဆုံး

ရှမ်းပြည်နယ်ရှိ လွယ်မွေအနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၀ ရှိ ငလျင်ကြောင့် သေဆုံးသူ ၅၀ ခန့်ရှိကြောင်း သိရ


mm-earthquake
mm-earthquake1

ရှမ်းပြည်နယ် လွယ်မွေမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၇.၀ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြောင့် သေဆုံးသူ ၅၀ ခန့် ရှိနေပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ငလျင်ဒဏ်ကြောင့် ကျိုင်းတုံမြို့တွင် သေဆုံးသူတစ်ဦး၊ တာချီလိတ်တွင် သေဆုံးသူနှစ်ဦး၊ တာလေတွင် သေဆုံးသူဦးရေ ၄၀ ကျော်နှင့်  မိုင်းလင်းတွင် သေဆုံးသူများရှိကြောင်း သိရှိရသည်။
"တာလေမြို့နယ်ခွဲမှာ လူ ၄၀ ကျော်လောက်သေပါတယ်။ မိုင်းလင်းမှာလည်း ၁၃ ဦးလောက်သေတယ်ကြားတယ်။ ကျိုင်းတုံမှာတော့ ငလျင်လှုပ်နေတဲ့အချိန် ဆိုင်ကယ်စီးလာတဲ့သူ တစ်ယောက် အက်ဆီးဒင့်ဖြစ်ပြီးဆုံးတယ်"ဟု ကျိုင်းတုံမြို့ခံတစ်ဦးက မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ပြောကြားသည်။
ငလျင်ဒဏ်သင့်ခဲ့သော မြို့နယ်များအားလုံးမှ လူသေဆုံးမှုများကို ခန့်မှန်းတွက်ချက်မှုအရ ဦးရေ ၅၀ ခန့် ရှိနေပြီဟု ဒေသခံများ၏အဆိုအရ သိရှိရပါသည်။
"တာလေမှာ အားလုံး ၄၇ ဦးလောက်သေတယ်လို့ အခုကြားတယ်။ မိုင်းလင်းကတော့ အသေအချာမသိရသေးဘူး။ အိမ်တွေပြိုတဲ့နေရာမှာ လူတွေပိနေတာတွေလည်း ရှိတယ်။ ဆွဲထုတ်ကယ်ဆယ်ဖို့ လိုနေတယ်လို့ ကြားပါတယ်။ တချို့ အဆောက်အအုံတွေဆို ကျွံဝင်သွားတာရှိတယ်။ အိမ်တော်တော်များများလည်း ပျက်စီးသွားတယ်။ ဖုန်းအဆက်အသွယ်ကတော့ မရသလောက်ပါပဲ။ ရရင်လည်း စကားမေးလို့ သိပ်မရဘူး။ သူတို့အရမ်းကြောက်နေကြတယ်"ဟု ကျိုင်းတုံမြို့မှ ဒေသခံတစ်ဦးက မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်က ပြောပြသည်။
မတ်လ ၂၄ ရက်နေ့က အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက်တွင် နောက်ဆက်တွဲငလျင်များ ဆက်၍လှုပ်ခတ်ခဲ့ကာ မတ်လ ၂၅ နံနက်ပိုင်းကလည်း ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရှိရသည်။
တာချီလိတ်မြို့ဝန်းကျင် ကျေးရွာများတွင် နေအိမ်အချို့ပြိုကျပျက်စီးခဲ့သဖြင့် မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီခွဲအထိရရှိသော သတင်းများအရ လူနှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိကာ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာကြောင်း နိုင်ငံပိုင်သတင်းစာများက မတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
"ကျိုင်းတုံနားက တာလေတံတား နိမ့်ကျသွားတယ်။ ကျိုင်းတုံနားက မိုင်းလင်းမှာလည်း အိမ်ခြေပျက်စီးမှု တချို့ရှိတယ်လို့ ကြားရတယ်"ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
၂၀၁၁နှစ်ဆန်းပိုင်းအတွင်း လှုပ်ခဲ့သောငလျင်အချို့

စဉ်   ရက်စွဲ       ဖြစ်ပွားရာဒေသ ပမာဏ(ရစ်ခ်ျတာစကေး)
၁၈.၁.၂၀၁၁   စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ရွှေညောင်ပင်ကျေးရွာ၏ အနောက်တောင်ဘက်  ၂မိုင်ခန့်အကွာ ၄ ဒသမ ၈
၂၈.၁.၂၀၁၁ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊မြို့သစ်မြို့နယ်ခွဲအနီး ၄ ဒသမ ၇
၎.၂.၂၀၁၁ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၏အရှေ့မြောက်ဘက်၃၅မိုင်ခန့်အကွာ ၆ ဒသမ ၎
၁၅.၂.၂၀၁၁   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက်မိုင်၉၀ခန့်အကွာ ၄ ဒသမ ၈
၂၄.၂.၂၀၁၁ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၏ အနောက်တောင်ဘက် ၅မိုင်ခန့်အကွာ ၄ ဒသမ ၈
၂၄.၃.၂၀၁၁ မန္တလေးမြေငလျင်စခန်း အရှေ့တောင်ဘက် မိုင်၃၀၀ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမှအရှေ့တောင်ဘက် ၃၅မိုင်ခန့်အကွာ) လွယ်မွေမြို့ အနီးဗဟိုပြု၍ ၇ ဒသမ ဝ
(ထပ်မံရရှိသော သတင်းအချက်အလက်များကို ဆက်လက်ဖော်ပြသွားပါမည်)
http://www.news-eleven.com/index.php?option=com_content&view=section&layout=blog&id=11&Itemid=110 မှ

0 Comments:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!