တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ချာရံ
တတောင်ဆုံးပြန်တော့
တစ်လုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်
ခါတလေတကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ။
အမှန်တော့ ဖြစ်နိုင်ပမလား
စခဲ့မိတာပေါ့။
တစ်နေ့မှာဆုံးရာရောက်ပါလိမ့်
အားလျော့ခါ ဆုတ်ချင်စမ်းပါနဲ့။
စိတ်နွမ်းအသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
ဇဗ္ဗူတခွင် အားအင်သစ်လိုက်မယ်
ချစ်ဖွယ့်လူသား။
***********
(အမည်မသိ ရှေးစာဆို)
0 စာဖတ်သူတို့စကားများ:
Post a Comment