Sometimes silence is a really good answer.

ဘိုးရင်း၏ ဂျမ်ဘိုဂျက်လေယဉ် စမ်းသပ်ပျံသန်းမှုအောင်မြင်

အမေရိကန်လေကြောင်း အာကာသလုပ်ငန်း ဘိုးရင်းသည် ဂျမ်ဘိုဂျက် လေယာဉ်သစ် ၇၄၇-၈ ကို မတ်လ ၂၀ ရက်နေ့က အောင်မြင်စွာ စမ်းသပ် ပျံသန်းနိုင်ခဲ့သည်။


ဘိုးရင်း၏ စီယက်တဲလ်ဌာနချုပ် အနီးရှိ ပိန်ဖီးလေဆိပ်တွင် စမ်းသပ်ပျံသန်းမှုကို ဥရောပပြိုင်ဘက် အဲလ်ဘတ်မှ တာဝန်ရှိသူများ၊ လေကြောင်း ၀ါသနာရှင်များက တက်ရောက် ကြည့်ရှုခဲ့ကြသည်။ ဘိုးရင်း၏ ၇၄၇-၈ ဂျမ်ဘိုဂျက် လေယာဉ်သစ်သည် နယူးယောက်မှ ဟောင်ကောင်ထိ၊ လန်ဒန်မှ စင်ကာပူထိ မိုင် ၈၀၀၀ ခရီးကို ခရီးရှည် ပျံသန်းနိုင်ပြီး ခရီးသည် ၄၆၇ ဦး တင်ဆောင်နိုင်သည်။ ဘိုးရင်း၏ ၇၄၇ ကို အဆင့်မြှင့်တင်ထားသော လေယာဉ်သစ်သည် အလျားပိုရှည်ကာ စွမ်းအင် သုံးစွဲမှု ပိုမိုထိရောက်ပြီး ပြိုင်ဘက်အဲဘတ်စ်၏ အေ-၃၈၀ လေယာဉ်ကို ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ အေ-၃၈၀ လေယာဉ်သည် ၂၀၀၇ ခုနှစ်တွင် စတင်ပြေးဆွဲနိုင်ခဲ့ပြီး ခရီးသည် ၅၂၅ ဦး သယ်ဆောင်နိုင်သည်။ ပေ ၂၅၀ ရှည်သော ၇၄၇-၈ ကို ဖေဖော်ဝါရီလ က အများပြည်သူထံ ချပြခဲ့ပြီး ယခုမှ စမ်းသပ်ပျံသန်းခဲ့ခြင်း ဖြစ်သည်။

၂၀၀၅ ခုနှစ်က စတင် ကြေညာခဲ့သော ယင်းစီမံကိန်းသည် မူလက သတ်မှတ်ထားသည်ထက် နှစ်နှစ်ခန့် နှောင့်နှေးခဲ့သည်။ လေယာဉ်သစ်ကို နာရီ ၆၀၀ ကျော်ကြာ စမ်းသပ်ပြေးဆွဲသွားမည် ဖြစ်ပြီး ယခုနှစ်ကုန်တွင် ပျံသန်းရန် အတည်ပြုချက်ရမည် ဖြစ်သည်။

0 Comments:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!