Sometimes silence is a really good answer.

အရက်သမားတို့ဖြစ်အင်

အရက်မူးသမားတစ်ယောက်သည် အလွန်အကျွံ မူးအောင်သောက်ပြီး လမ်းလျှောက်ပြန်လာခဲ့ရာ
မဟန်နိုင်သောကြောင့်လမ်းမှာ ဖြတ်သွားသည့် တက္ကစီတစ်စီးကို လှမ်းတားသည်။

ထို့နောက် ကားနောက်ခန်းတံခါးထဲသို့ ပစ်ဝင်လိုက်ရာ တစ်ဖက်တံခါးကို တွန်းဖွင့်လိုက်သလို
ဖြစ်သွားပြီး ထိုတံခါးမှတစ်ဖန် အောက်သို့ပြန်ကျသွားသည်။ ထို့နောက် သူ့ဘာသာ
အားယူထရပ်ပြီး ဒရိုင်ဘာကို ပြောသည်။
”ကားခ ဘယ်လောက်ကျသလဲဗျ”



အရက်သမားတစ်ယောက်သည် ကားမမောင်းနိုင်လောက်အောင်ပင် မူးနေသောကြောင့် သူ့သူငယ်ချင်းက
တက္ကစီတစ်စီးတားပြီး တင်ပေးလိုက်ရ၏ ။
သူနေသည့် လမ်းသို့ရောက်သောအခါ တက္ကစီ ဒရိုင်ဘာက သူ့ကို မေးသည်။
”ခင်ဗျားရဲ့ အိမ်နံပါတ်က ဘယ်လောက်လဲ”
”ဟေ့လူ ကလေးကလား မေးခွန်းတွေ လာမမေးစမ်းနဲ့။ ကျုပ်အိမ်နံပါတ်က ကျုပ်အိမ်တံခါးမှာ
ကပ်ထားတာပဲ” ဟု သူက ပြန်ဖြေလိုက်လေသည်။


အရက်သမားတစ်ယောက်သည် ဘားကောင်တာမှာ အေးဆေးစွာ ထိုင်သောက်ရင်း အေးဆေးစွာ အမူးလွန်ကာ ထိုင်ခုံပေါ်မှ အသာအယာလျှောကျသွားပြီး ကြမ်းပြင်ပေါ်မှာ ပုံလျှက်သား လဲကျသွား၏ ။
ထိုအခါ ကူညီတတ်သော ဘားစာရေးက သူ့ကို မေးသည်။
”လူကြီးမင်းရဲ့ နာမည် ဘယ်လိုခေါ်ပါသလဲခင်ဗျာ ကျွန်တော် လူကြီးမင်းရဲ့ဇနီးကို
အကြောင်းကြားပေးပါ့မယ်”
”ကျေးဇူးပဲကွာ၊ ဒါပေမယ့် င့ါမိန်းမက ငါ့နာမည်ကို သိပါတယ်”

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!