Sometimes silence is a really good answer.

ထုံးစံအတိုင်းပါပဲ

ကိုချက်ကြီးတို့ လင်မယား တကျက်ကျက်နဲ့ ရန်ဖြစ်တတ်ကြတာ တစ်ရွာလုံးအသိ။ တစ်ခါက အကြီးအကျယ် ရန်ပွဲနွှဲပြီး လင်မယားကွဲခဲ့သေးတယ်။ သူတို့ချစ်ခြင်းကမပြယ်သေတာမို့ လူကြီးတွေကို အပူကပ်ပြီး သူတို့ဘာသာပဲ ပြန်ဟပ်ခဲ့ကြတာပါ။ အခုတော့ ပြန်ပေါင်းနေပါပြီ။

သူတို့ လင်မယား ပြန်ပေါင်းတာကို တွေ့တဲ့သူတိုင်းလိုလိုက ၀မ်းသာစကားဆိုကြတယ်။ တစ်နေ့ ကိုချက်ကြီးကို သူငယ်ချင်းတစ်ယောက်က  ဒီလိုဆိုလာပါတယ်...။

သူငယ်ချင်း။ ။ "ဟကောင် ချက်ကြီး၊ မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ ကြားရတာ ငါဝမ်းသာပါတယ်ကွာ၊  နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေ အတူတူခွဲနေကြတာတောင် လှမ်းမြင်လိုက်သေးတယ်၊ ၀မ်းသာတယ်ကွာ သူငယ်ချင်း ၊ အဲဒီလို ဖြစ်နေရမှာကွ"
ကိုချက်ကြီး။ ။ " ထင်းတွေများ မှတ်မနေနဲ့ သူငယ်ချင်းရဲ့ ၊ အဲဒါ အိမ်ထောင်ပရိဘောဂတွေ "

မှ http://www.ourmandalay.net မှ

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!