Sometimes silence is a really good answer.

ကိုထုံရဲ့သမိုင်းရာဇ၀င်

သူ့ကိုတော့ မသိပါ
စာသင်ခန်းအတွင်း၌ဖြစ်သည်...
ဆရာ ။ ။ ဂန္ဒီ ဂျရမ်သီ အကြောင်း မှတ်ချက် ရေးပါ
မောင်ထုံ ။ ။ ဂန္ဒီ ဟာကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဂျရမ်သီ ကိုတော့ ကျနော် မသိပါဘူး။

မတူပုံ
စာသင်ခန်းအတွင်း၌ဖြစ်သည်...
ဆရာ ။ ။ လိမ္မော်သီး နဲ့ ပန်းသီး ရဲ့ခြားနားချက်ကိုပြောပါ
ကိုထုံ ။ ။ လိမ္မော်သီးရဲ့ အရောင်က လိမ္မော်ရောင်ဖြစ်ပေမယ့် ပန်းသီးရဲ့အရောင်က ပန်းရောင်မဟုတ်ပါဘူးဆရာ။

မောင်မြရဲ့ညီပါ

  'ရဲဘော်တို့ တပ်မတော်ဟာ ငါတို့ရဲ့မိခင်ပဲဖြစ်တယ်၊ တပ်သားမောင်မြ တပ်မတော်ဟာ မင်းရဲ့ဘာလဲ''
''ကျွန်တော့် မိခင်ပါ''
''ဟုတ်တယ်၊ ကဲ တပ်သားမောင်ထုံ ပြောစမ်း''
''တပ်မတော်ဟာ မောင်မြရဲ့ အမေပါ''
''ဟာ မဟုတ်သေးဘူး၊ တပ်မတော်ဟာ မောင်မြရဲ့ မိခင်ဖြစ်သလို မင်းရဲ့မိခင်လည်းဖြစ်တယ် ဆိုတာ ပြန်ပြော''
''ဟုတ်ကဲ့ ကျွန်တော်ဟာ မောင်မြရဲ့ ညီဖြစ်ပါတယ်''

တွေးနေတာကို ရပ်လိုက်
အင်တာဗျူးတစ်ခုတွင်....
မန်နေဂျာ။ ။ မင်းဟာ သုံးထပ်တိုက်ပေါ်ရောက်နေတယ်လို့ စိတ်ကူးကြည့်လိုက်၊ အဲဒီတိုက်ကိုမီးလောင်နေပြီ  ဆိုပါ တော့၊ မင်းဘာဆက်လုပ်မလဲ?
ကိုထုံ ။ ။ လွယ်လွယ်လေး၊ စိတ်ကူးနေတာကို ရပ်လိုက်မှာပေါ့၊
လိပ်စာသာပေးလိုက်
ကွန်ပြူတာကုမ္မဏီ ၏ အင်တာဗျူးတစ်ခုတွင်....
မန်နေဂျာ။ ။ မင်း MS office ကို သိသလား
ကိုထုံ ။ ။ လိပ်စာသာပေးလိုက်ပါ၊ ရအောင်ရှာသွားလိုက်ပါမ

နားလေးနေတာထင်တယ်
ကိုထုံ ။ ။ အဲဒီကောင်မလေးက နားလေးနေတယ်ထင်တယ်ကွ
သူငယ်ချင်း ။ ။ ဘာလို့ လဲ
ကိုထုံ ။ ။ ငါက သူ့ကိုချစ်တယ်လို့ပြောတာကို...သူ့ ထီးက အသစ်ကြီးနော် လို့ပြန်ပြောတယ်လေ။

ကလေးလေးတွေပဲ
ရွာကိုရောက်လာတဲ့ အမေရိကန်တိုးရစ် တစ်ယောက်က ကိုထုံကို မေးကြည့်တယ်....
အမေရိကန်။ ။ ဒီရွာမှာ ကြီးကျယ်မြင့်မြတ်တဲ့လူ တစ်ယောက်ယောက်များ မွေးခဲ့ဘူးသလား
ကိုထုံ ။ ။ ဟင့်အင်း...ကလေးလေး တွေပဲ မွေးတာ။

ခိုးကြည့်တာပေါ့လေ
ကိုထုံနဲ့ သူ့ဇနီးသည်တို့ ကားငှားစီးလာစဉ်ဖြစ်သည်။
ကားဒရိုင်ဘာက နောက်ကြည့်မှန်ကို ချိန်နေပါတယ်။ ဒါကိုမြင်တဲ့ကိုထုံက...
"မင်းက ငါ့မိန်းကို ခိုးကြည့်မလို့ပေါ့လေ၊ ဘယ်ရမလဲကွာ...ဖယ်စမ်း ငါမောင်းမယ်၊
ဒီမှာလာထိုင်"



0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!