တခါက အမေရိကန်သမ္မတဘုရှ်ရယ်.. ဗြိတိန်ဝန်ကြီးချုပ်တိုနီဘလဲရယ် မြန်မာပြည်ကဦးသန်းရွှေ ရယ် သေပြီးနောက်ငရဲပြည်ကို ရောက်လာကြတယ်.. ယမမင်းကြီးဆီမှာ ဆုံးဖြတ်ချက်ကိုစောင့်၇င်း သူတို့ရဲ့မိန်းမတွေဆီကို သတိရလို့ ဖုန်းခေါ်ချင်လာတယ်တဲ့..
အဲ့ဒါနဲ့ ဘုရှ် ကစပြီးဖုံးခေါ်လိုက်တာ (၅)မိနစ်လောက်ကြာတယ်... (၅)မိနစ်ပြောပြီးဖုန်းချလိုက်တော့....... ယမမင်းကြီးက ဒေါ်လာတထောင်တောင်းတယ်.. ဘာလို့ ဖုန်းခဈေးကြီးတာလဲလို့ မေးတော့ လူပြည်ကို ခေါ်တာမို့ oversea မို့လို့ပါလို့ပြောတယ်..
နောက် တိုနီဘလဲ ဖုံးထက်ခေါ်တယ်.. သူကတော့ (၁၀)မိနစ်လောက်ကြာတယ်တဲ့.. ယမမင်းကြီး သူဆီက ဒေါ်လာ တထောင် တောင်းလိုက်တယ်.. ဘုရှ် တုန်းက (၅) မိနစ်ကိုဒေါ်လာ ၁ ထောင်၊တိုနီကျတော့ (၁၀) မိနစ်ကို ဒေါ်လာ(၁) ထောင် ဆိုတော့ ဘုရှ် က မကျေနပ်ဘူးပေါ့..အဲ့ဒါနဲ့ ဘုရှ် က ယမမင်းကြီးကိုမေးတော့ဗြိတိန်က အမေရိကန်ထက်ပိုနီးလို့ပါတဲ့...........
နောက်ဆုံးမြန်မာပြည်ကဦးသန်းရွှေအလှည့်ကျတော့ သူမိန်းမနဲ့ဖုန်းပြောလိုက်တာ (၅) မိနစ်လဲမက (၁၀) မိနစ်လဲမက (၁)နာရီကျော်ကြာတယ်တဲ့.. ဒါပေမယ့် ယမမင်းကြီးက ဦးသန်းရွှေ ဆီက (၅) ဒေါ်လာပဲတောင်းလိုက်တယ်... အဲ့မှာ ဘုရှ်ကော တိုနီကော က စိတ်တွေဆိုးပြီး ယမမင်းကြီး အပြစ်တွေဆိုတာပေါ့....... အဲ့တော့ .ယမမင်းကြီး ကဘာပြန်ပြောလည်းဆိုတော့...
ဦးသန်းရွှေ သူ့မိန်းမဆီကိုခေါ်တာ Oversea call မဟုတ်ဘူး.. Local call ပါတဲ့ခင်ဗျား...။
ဒါလေးကလဲ mehtwe အပျင်းပြေဖတ်ဖို့ ပို့ပေးတာလေးပါပဲ။ စိတ်မရှိပါနဲ့ ဦးသန်းရွှေ။ ဟာသ သက်သက်ပါ။ မဟုတ်လဲ အတော်များများ ဖတ်ပြီးသား ဖြစ်မှာမို့ ပျင်းနေတဲ့သူတွေအတွက် အပျင်းပြေပါရမီဖြည့်တဲ့အနေနဲ့ တင်ပြလိုက်တာပါ။ ကိုယ်ဘယ်သွားရနိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သာ အသိဆုံးပါ။ ဦးသန်းရွှေကြီးက ဘုရားတည်ကျောင်းဆောက်နဲ့ဆိုတော့......။
ဖန်တီးပြောဆိုရေးသားသူကတော့ တော်တော် စဉ်းစားထားပုံပါပဲ။ ဟာသဥာဏ်လဲ ရွှင်ပါပေ့။

0 စာဖတ်သူတို့စကားများ:
Post a Comment