ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးအတွက် ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ပြည်ထောင်စု မြန်မာနိုင်ငံတော်သမ္မတက မတ်လ ၃၀ ရက်နေ့တွင် အတည်ပြု ခန့်အပ်ကြောင်း ကို နိုင်ငံပိုင် ရုပ်သံများတွင် အဆိုပါနေ့က ကြေညာသည်။
ဝန်ကြီးဌာန ၃၄ ခု အတွက် ၀န်ကြီး ၃၀ ဦးတို့မှာ -
၁။ ဗိုလ်ချုပ်လှမင်း (ကာကွယ်ရေးဝန်ကြီးဌာန)
၂။ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို (ပြည်ထဲရေးဝန်ကြီးဌာန)
၃။ ဗိုလ်ချုပ်သိန်းဌေး (နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန)
၎။ ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီးဌာန)
၅။ ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီးဌာန နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
၆။ ဦးမြင့်လှိုင် (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)
၇။ ဦးဝင်းထွန်း (သစ်တောရေးရာ ၀န်ကြီးဌာန)
၈။ ဦးလှထွန်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၉။ ဦးခင်မောင်မြင့် (ဆောက်လုပ်ရေး ၀န်ကြီးဌာန)
၁၀။ ဦးတင်နိုင်သိန်း (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန)
၁၁။ ဦးဝင်းမြင့် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန)
၁၂။ ဦးသိန်းထွန်း (ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန)
၁၃။ ဦးအောင်ကြည် (အလုပ်သမားဝန်ကြီးဌာနနှင့် လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန)
၁၄။ ဦးသိန်းထိုက် (သတ္တုတွင်းဝန်ကြီးဌာန)
၁၅။ ဦးအုန်းမြင့် (သမ၀ါယမ၀န်ကြီးဌာန)
၁၆။ ဦးဉာဏ်ထွန်းအောင် (ပို့ဆောင်ရေးဝန်ကြီးဌာန)
၁၇။ ဦးတင့်ဆန်း (ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနှင့်အားကစား ၀န်ကြီးဌာန)
၁၈။ ဦးကျော်စွာခိုင် (စက်မှု (၁) ၀န်ကြီးဌာန)
၁၉။ ဦးစိုးသိန်း (စက်မှု (၂) ၀န်ကြီးဌာန)
၂၀။ ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
၂၁။ ဦးသန်းဌေး (စွမ်းအင်ဝန်ကြီးဌာန)
၂၂။ ဦးဇော်မင်း (အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)
၂၃။ ဦးခင်မောင်စိုး (အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန)
၂၄။ ဒေါက်တာမြအေး (ပညာရေးဝန်ကြီးဌာန)
၂၅။ ဒေါက်တာဖေသက်ခင် (ကျန်းမာရေးဝန်ကြီးဌာန)
၂၆။ သူရဦးမြင့်မောင် (သာသနာရေးဝန်ကြီးဌာန)
၂၇။ ဦးအေးမြင့် (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)
၂၈။ ဦးခင်ရီ (လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန)
၂၉၊၊ ဦးသိန်းညွန့် (သမ္မတရုံး ၀န်ကြီးဌာန)
၃၀။ ဦးစိုးမောင် (သမ္မတရုံးဝန်ကြီးဌာန)တို့ ဖြစ်သည်။
ထို့ပြင် အမိန့်ကြေငြာစာအမှတ် ၅၊ ၂၀၁၁ အရ ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် တာဝန်ပေးအပ်ခြင်းကို ပြည်ထောင်စု ရှေ့နေ ချုပ်အဖြစ် ဒေါက်တာ ထွန်းရှင်အား လည်းကောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ဦးလွန်းမောင်အား လည်းကောင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ဦးသိန်းညွန့်အား လည်းကောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တာဝန်ပေး ခန့်အပ်ကြောင်း ကြေညာသည်။ ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ဦးထွန်းထွန်းဦးအား တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

0 စာဖတ်သူတို့စကားများ:
Post a Comment