Sometimes silence is a really good answer.

မိုးဒဏ်ကြောင့် မွန်ဆားကွင်းများ ပျက်စီး

မဇ္ဈိမ ။ ။ ဒုတိယအကျော့ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မွန်ပြည်နယ်ရှိ ဧကတသောင်းခန့်ရှိ ဆားကွင်းများ ပျက်စီးသွားသည်ဟု ပြည်နယ်ဆားလုပ်ငန်းရှင်များက ပြောသည်။

သံဖြူဇရပ်မြို့နယ်တွင် ဆားကွင်းဧက ၅ဝဝဝ ခန့်၊ ပေါင်မြို့နယ်တွင် ဧက ၁၅ဝဝ ခန့်၊ ရေးမြို့နယ်တွင် ဧက ၁၅ဝဝ ခန့်နှင့် သထုံမြို့နယ်တွင် ဧက ၁၅ဝဝ ခန့် ပျက်စီးသွားသည်။ စုစုပေါင်း ဆုံးရှုံးမှုပမာဏ သိန်း ၁ သောင်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။

ဒီဇင်ဘာလလည်က ၃ ရက်ဆက် မိုးရွာသွန်းမှုကြောင့်


ဆားကွင်းများ (ဓါတ်ပုံ :: နိရဉ္စရာ)ပျက်စီးခဲ့သော ဆားကွင်းများ ပြန်ပြင်ပြီး နေလှမ်းနေစဉ် အင်္ဂါနေ့က မိုးထပ်ရွာသဖြင့် ပြန်လည်အရည်ပျော်ကုန်တော့သည်။

“ပထမအကြိမ် ရွာပြီးပျက်လို့ ပြင်နေတုန်းမှာ ထပ်ရွာတော့ ပိုဆိုးတာပေါ့” ဟု မွန်ပြည်နယ်တွင် ဆားအများဆုံး ထုတ်လုပ်သော သံဖြူဇရပ်မြို့နယ် ပင ဆားကွင်းမှ ဧက ၃ဝ ပိုင် ဆားလုပ်ငန်းရှင် ဦးနိုင်ဝင်းက မဇ္ဈိမကို ပြောသည်။

သူ့အနေဖြင့် ပထမဆုံးထုတ်မည့် ဆား ဧက ၃ဝ အတွက် ရင်းနှီးခဲ့ရသည့် ကျပ်သိန်း ၃ဝ ခန့် ဆုံးရှုံးရသည်ဟု ဆိုသည်။

နေလှန်းဆား ထုတ်လုပ်ရန်အတွက် ပထမအကြိမ်တွင် ကွင်းပြင်ခြင်း၊ တမံတုတ်ခြင်း၊ ကန်သင်းရိုးရိုက်ခြင်း၊ ဂျုတ်ဆွဲခြင်း၊ ဒလိမ့်လှိမ့်ခြင်း၊ ပင်လယ်ရေငန်သွင်းခြင်းများကို အဆင့်ဆင့်ပြုလုပ်ရသည်။ ကွင်းထဲမှ ဆားငန်ရည်များ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ် ရောက်ရှိပါက နေလှန်းဆား ရရှိသည်။

ထိုင်းနိုင်ငံဘက်မှ ဆားများ မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်နေသဖြင့် ယခုအထိ ဆားဈေး အတက်အကျ မရှိဘဲ ဆားကြမ်းတပိဿာ ၅ဝ ကျပ်နှင့် ကြိတ်ပြီး ဆားချော တပိဿာ ၈ဝ ကျပ် ပေါက်ဈေး ရှိနေသည်။

နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဌာနက ဒီဇင်ဘာလ ၁၁ ရက်နေ့ တိုင်းထွာချက်အရ မော်လမြိုင်တွင် မိုးရေချိန် ၄.ဝ၉ လက်မရှိကာ ၁၈ နှစ်အတွင်း စံချိန်တင် ရွာသွန်းမှုဟု ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလဆန်းမှစ၍ ဆားထွက်ရှိပြီး မိုးဦးမကျမီ မေလထိ တနှစ်လျှင် နေလှန်းဆား ၁၂ ကြိမ်ခန့်အထိ ထွက်ရှိကြသည်။ နေလှန်းဆား တပိဿာ ရရှိရန် ထုတ်လုပ်မှုစရိတ် ၃၅-၆ဝ ကျပ်အကြား ရှိသည်။

မွန်ပြည်နယ်ထွက် ဆားက တနိုင်ငံလုံး၏ ၂ဝ ရာနှုန်းခန့် ဖြစ်သည်။ ကျန်ဆားထွက်ရာ ဒေသများမှာ ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းတို့ ဖြစ်သည်။

ကွန်းချမ်း | သောကြာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၃ မိနစ် 
http://www.mizzimaburmese.com/news/inside-burma/6724-2011-01-14-14-54-46.html

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!