ယခုအကြိမ်သည် လွတ်ငြိမ်းချမ်းသာခွင့်ဦးရေ စတုတ္ထအများဆုံး
မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၃၅၉ ဦးအား ၁၂-၁ဝ-၂ဝ၁၁ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးလိုက်ပြီးဖြစ်ကာ ယင်းအရေအတွက်သည် ၁၈-၁၁-၂ဝဝ၄ရက်မှ ၁၁-၁ဝ-၂ဝ၁၁ ရက်အထိ ၁၁ကြိမ် အတွင်း စတုတ္ထအများဆုံး စာရင်းဖြစ်ကြောင်း သိရပြီး အကျဉ်းသား(ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရ သူ) များ ပါဝင်လာမှုတွင် ဒုတိယအများ ဆုံးဖြစ်ဖွယ်ရှိကြောင်း သိရသည်။ယခုအကြိမ်အထိ ပြစ်ဒဏ်မှ လွတ်မြောက်လာသူဦးရေမှာ ၁၁ကြိမ်အတွင်း ၆၆၄၃၇ ဦးရှိလာပြီ ဟု သိရကာ ၁၆-၅-၂ဝ၁၁ ရက်က လွှတ်ပေးခဲ့သော အကျဉ်းသားဦးရေ ၁၄၅၇၈ ဦးမှာ အများဆုံးဖြစ်ပြီးကြောင်း သိရသည်။ ၁၂-၁ဝ- ၂ဝ၁၁ ရက်က သတင်းများအရ သရုပ်ဆောင်ဇာဂနာ အပါအဝင် နာမည်ကြီး နိုင်ငံရေးသမား ကိုးဦး ပါဝင်သည်ဟု စုံစမ်းသိရှိရသည်။ ယင်းကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်များထဲတွင် ၂ဝဝ၄ခုနှစ်က သုံးကြိမ်တိတိ လွှတ်ပေးခဲ့ဖူးပြီး၂ဝဝ၅ တွင် နှစ်ကြိမ်၊ ၂ဝဝ၇ နှင့် ၂ဝဝ၈တွင် တစ်ကြိမ်စီ၊ ၂ဝဝ၉ တွင် နှစ်ကြိမ်နှင့်ယခုနှစ်တွင် နှစ်ကြိမ်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရပြီး ၂ဝဝ၄ ခုနှစ်၏ သုံးကြိမ်ဆက်တိုက် လွှတ်ပေးခဲ့သည့် ပမာဏသည် ၁၄၄၁၈ ဦးသာရှိခဲ့ပြီး ၂ဝ၁၁ ခုနှစ် တွင် လွှတ်ပေးခဲ့သော နှစ်ကြိမ်တိတိ စာရင်းအရ ၂ဝ၉၃၇ ဦးရှိနေခဲ့ကာ နှစ် အလိုက်တွင် ယခုနှစ်သည် အများဆုံး ဖြစ်နေကြောင်း သိရသည်။
http://swesonemedia.org/index.php?id=1515
0 စာဖတ်သူတို့စကားများ:
Post a Comment