Sometimes silence is a really good answer.

အေး နောက်တစ်ခေါက်

အယ်လင်သည် မိန်းမသဘာဝ ချမ်းသာချင်စိတ်လေး ၀င်လာသည်။ ထို့ကြောင့် အိမ်၏ ငွေယိုပေါက်များကို ရှာကြံပိတ်ရန် ကြိုးစားနေသည်။ ပိုက်ဆံ ချွေတာဖို့ အစွမ်းကုန်ကြိုးစားသည်။ အဝတ်အစားကိုလည်း အငှားနဲ့ မလျှော်တော့။ ကိုယ်တိုင် လက်လျှော် လျှော်ဖွပ်တော့သည်။ တစ်နေ့မှာတော့
အင်္ကျီတစ်ထည် လျှော်အပြီး ဂုဏ်ယူစွာဖြင့် မလှမ်းမကမ်း ပက်လက်ခုံလေးပေါ်မှာ စာထိုင်ဖတ်နေတဲ့ ချစ်ယောက်ျားကြီး အယ်လင်ဘက်သို့ လှည့်ပြီး “မောင်ရေ ဒီမှာကြည့်စမ်းပါ၊ ကျမ ကိုယ့်ဘာသာ အင်္ကျီတစ်ထည် လျှော်ပြီးသွားတာလေ။ ခုလိုလျှော်လိုက်လို့ ကျွန်မတို့ ငါးဒေါ်လာပိုချမ်းသာသွားပြီရှင့်” ဟု ပြောလိုက်ရာ ယောက်ျားအယ်လင်က ဖြတ်ခနဲ့ စာအုပ်ကို ကျော်ကြည့်ပြီး ပြန်ငုံ့ကာ “အေး ကောင်းသားပဲကွ။ အဲဒီ့အင်္ကျီကို နောက်တစ်ခေါက်ထပ်လျှော်ကွာ” ဟု ဆိုလိုက်ပါသည်။
http://www.hinlayooe.com

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!