Sometimes silence is a really good answer.

 ကုန်းပိုင်းလုပ်ကွက် ၁၈ ကွက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေမှုများ ပြုလုပ်သွားမည် မုတ္တမပင်လယ်အော်ရှိ လက်ခုပ်ကုန်း ကမ်းခြေအနီးတွင် ဓာတ်ငွေ့သိုက်တစ်ခု ထပ်မံတွေ့ရှိ

746
မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်
မြစ်ငယ်မြစ်ဖြတ်ပိုက်လိုင်း တံတားတည်ဆောက်မှု လုပ်ငန်းခွင်ကို ၂၀၁၁ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်။
ပြည်တွင်း အသုံးပြုရန်အတွက် ကုန်းတွင်းပိုင်းလုပ် ၁၈ ကွက် တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့နှင့် အနီးဆုံးဖြစ်သည့် မုတ္တမ ပင်လယ်အော် လက်ခုပ်ကုန်းကမ်းခြေ လုပ်ကွက်တွင် သဘာဝဓါတ်ငွေ့ အမြောက်အများ ထွက်ရှိနိုင်မည့် သဘာဝဓါတ်ငွေ့သိုက် တစ်ခုကို ထပ်မံတွေ့ရှိထားကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန်းဌေးက ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၆ ရက် မြောက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်း ပြောကြားသွားခဲ့သည်။

မလှိုင်မြို့နယ် မဲဆန္ဒနယ်မှ ဦးအေးမောက်၏ ကုန်းတွင်းသဘာဝ ဓါတ်ငွေ့သာမကပဲ ကမ်းလွန် သဘာဝဓါတ်ငွေ့များကို ပြည်ပသို့ ရောင်းချမည့်အစား ပြည်တွင်း၌ ဦးစားပေး ရောင်းချရန် အစီစဉ်ရှိ မရှိ မေးခွန်း ကို ပြန်လည်ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။
“ဒီကနေ့ နိုင်ငံတော်ကနေ ကမ်းလွန်သဘာဝဓါတ်ငွေ့ အများအပြားကို နိုင်ငံခြားကို ထုတ်ရောင်းနေရပါ တယ်။ ၀င်ငွေအများဆုံးကိုလည်း ဒီကနေ ရှာပေးနေတာ ဖြစ်ပါတယ်။ ၁၉၈၁ခုနှစ်မှာ ရတနာသဘာဝ ဓါတ်ငွေ့မြေကို MOGE က ရှာဖွေတွေ့ရှိ ခဲ့ပေမယ့် နည်းပညာ အားနည်းမှုတွေကြောင့် ထုတ်ယူသုံးစွဲနိုင်ခြင်း မရှိတဲ့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ကြရပါတယ်။ အရင်ကလုပ်ခဲ့တဲ့ ကမ်းလွန် သဘာဝဓါတ်ငွေ့ စီမံကိန်း တော်တော်များများကိုလည်း အကြောင်းကြောင်းကြောင့် ပြည်ပထုတ်ရောင်းဖို့ ဆုံးဖြတ်ပြီး လုပ်ခဲ့ရတာဖြစ်ပါတယ်။ အခုကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာ ထပ်တွေ့ထားတဲ့ သဘာဝမြေ အသစ်တစ်ခုရှိပါတယ်။ ရန်ကုန်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ မုတ္တမပင်လယ်အော် လက်ခုပ်ကုန်း ကမ်းခြေအလွန် က လုပ်ကွက်မှာ သဘာဝဓါတ်ငွေ့ အမြောက်အများ တွေ့ရှိထားပါတယ်။ ထိုင်းနိုင်ငံ PTTEP နဲ့ ပူးပေါင်း ရှာတွေ့ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ တို့ပဲသုံးတော့မယ်။ ဘယ်ကိုမှ မရောင်းဘူးဆိုတာ သူတို့ကို ပြောပြထားပါတယ်။ ဒါ အပြင် ကုန်းတွင်းပိုင်းလုပ်ကွက် ၁၈ ကွက်မှာလည်း ရေနံနဲ့သဘာဝဓါတ်ငွေ့ ထုတ်လုပ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ စီစဉ်လျက်ရှိပါတယ်။ အဲဒီလုပ်ကွက်တွေကနေ သဘာဝဓါတ်ငွေ့တွေ ထပ်မံထုတ်လုပ် လာနိုင်ရင်လည်း ပြည်တွင်းကို ဦးစားပေးဖြန့်ဝေသွားမှာ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသွားခဲ့သည်။
လတ်တလော အခြေအနေတွင် ပြည်တွင်း သဘာဝဓါတ်ငွေ့တစ်ရက် လိုအပ်ချက်ပမာဏမှာ ၅၇၂ ကုဗပေ သန်းခန့်ရှိပြီး စွမ်းအင်ဝန်ကြီးဌာနမှ သဘာဝဓါတ်ငွေ့ တစ်ရက်လျင် ၂၄၀ ကုဗပေသန်းခန့်သာ ဖြန့်ဖြူးပေးနိုင်သဖြင့် လိုအပ်ချက်၏ ၄၂ ရာခိုင်နှုန်းသာ ဖြန့်ဖြူးပေးနိုင်ကြောင်း သိရှိရ သည်။
ကုန်းတွင်းသဘာဝဓါတ်ငွေ့ များမှ သဘာဝဓါတ်ငွေ့ ကုဗပေသန်း ၇၀ ခန့်ဖြင့် ပြည်တွင်းသုံးစွဲရန် မလုံလောက်သဖြင့် ရတနာသဘာဝဓါတ် ငွေ့စီမံကိန်းမှ သဘာဝဓါတ်ငွေ့ကုဗ ပေသန်း ၂၀၀ ကို ရယူဖြန့်ဝေလျက် ရှိကြောင်း ၂၀၁၃ခုနှစ်တွင် ပြည်တွင်းသုံးစွဲရန်အတွက် သဘာဝဓါတ်ငွေ့ ကုဗပေသန်း ၁၆၀ ကို ကမ်းလွန်သဘာဝဓါတ်ငွေ့စီမံကိန်းများ ဖြစ်သော ရွှေစီမံကိန်းနှင့် ဇောတိက စီမံကိန်းများမှ ထပ်မံရယူမည်ဖြစ် ပြီး အဆိုပါအချိန်တွင် စုစုပေါင်း သ ဘာဝဓါတ်ငွေ့ကုဗပေသန်း ၄၃၀ ခန့်နှင့် မုတ္တမကမ်းလွန်လုပ်ကွက် M3မှ ထွက်ရှိလာသည့် ဓါတ်ငွေ့အားလုံးကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စက်မှုလုပ်ငန်းများတွင် တိုးမြှင့်ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း သိရှိရသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=10642:2011-10-23-07-59-10&catid=42:2009-11-10-07-36-59&Itemid=112

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!