Sometimes silence is a really good answer.

ဘယ်မိန်းမမှ ဆယ်မိနစ်နဲ့မပြီးဘူး

ဂျွန်ဒီနေ့ ရုံးကို တစ်နာရီ နောက်ကျပြီးမှ ရောက်လာပါတယ်။ ဒါပါနဲ့ဆို တစ်ပတ်ထဲ နောက်ကျတာသုံးရက်ရှိပြီမို့ ဘော့စ်က သူ့ကို နောက်ကျရတဲ့ အကြောင်းရင်းကိုမေးပါတော့သည်။ ဒီတော့ ဂျွန်အကြောင်းပြမယ့် ဆင်ခြေလေးတွေ ထွက်လာပြီပေါ့။ ဂျွန်က "မနက်ကတည်းက အရာရာ အဆင်မပြေဖြစ်နေတာပဲ ဆရာရယ်။

ကျွန်တော့မိန်းမက ကားမောင်းလိုက်ပို့မယ်ဆိုပြီး မိတ်ကပ်လိမ်းနေတာ ဆယ်မိနစ်လောက်ကြာတယ်။ ဒီကြားထဲတံတားပေါ်မှာ ကားတွေပိတ်နေတော့ ဆရာစိတ်ဆိုးမှာ စိုးတာနဲ့ မြစ်ကို ကူးပြီး ဖြတ်လာတာ ကျွန်တော့အ၀တ်တွေဆို ခုထိရေစိုတုန်းပဲ။ ကြည့်ပါလား ဆရာရဲ့" လို့ ဆိုပါတယ်။ အဲဒီအခါ ဘော့စ်က ဂျွန့်ကို သနားသလိုကြည့်ရင်း ခုလို ပြောလိုက်ပါတယ် - "ဂျွန်ရယ် ... မင်းငါ့ကို ဒီထက်ကောင်းတဲ့ ဆင်ခြေပေးပါလား။ မင်းဟာက အစကတည်းကမှ ယုတ္တိမရှိတာ။ မသိရင်မှတ်ထား မိတ်ကပ်လိမ်းတာ ဘယ်မိန်းမမှ ဆယ်မိနစ်နဲ့ မပြီးဘူးကွ"။

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!