Sometimes silence is a really good answer.

စီးပွားရေးလုပ်ကိုင်ရန် အလွယ်ကူဆုံးနေရာအဖြစ် ထိပ်ဆုံး၌ စင်ကာပူဆက်လက်ရပ်တည်

စင်ကာပူနိုင်ငံသည် စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူဆုံးနေရာအဖြစ် ထိပ်ဆုံး၌  ခြောက်နှစ်ဆက်ရပ်တည်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က အောက်တိုဘာခ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

၂၀၁၁ ခုနှစ်တွင် စည်းမျဉ်းစည်းကမ်းများ စံချိန်တင်ပြုပြင်ပြောင်းလဲခဲ့မှုများက စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အခြေအနေများကို ပိုမိုကောင်းမွန်စေခဲ့ကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖြစ်ထွန်းစဈေးကွက်များ၌ စီးပွား ရေးလုပ်ကိုင်ရန် အခြေအနေပိုမိုကောင်းမွန်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ နိုင်ငံပေါင်း ၁၈၃ နိုင်ငံကို စစ်တမ်းကောက်ယူခဲ့သည့် Doing Business စစ်တမ်းက ဖော်ပြခဲ့သည်။
စင်ကာပူပြီးလျင် ဟောင်ကောင်၊ နယူးဇီလန်၊ အမေရိကန်နှင့် ဒိန်းမတ်တို့က ၂၀၁၀ ပြည့်နှစ်ကအတိုင်း စီးပွားရေးလုပ်ကိုင် အလွယ်အကူဆုံး ထိပ်တန်း ငါးနိုင်ငံအဖြစ်ဆက်လက် ရပ်တည်ခဲ့သည်။ ဖြစ်ထွန်းစ ဈေးကွက်များတွင် တရုတ်က အလယ်အလတ်အဆင့်၌ ရပ်တည်ခဲ့ပြီး အဆင့် ၉၁ ရရှိခဲ့သည်။ ရုရှားအဆင့် ၁၂၀ ဘရာဇီးလ်အဆင့် ၁၂၆၊ အိန္ဒိယအဆင့် ၁၃၂ အသီးသီးရရှိခဲ့ကြသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=10657:2011-10-23-16-19-10&catid=82:2009-11-13-06-14-24&Itemid=157

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!