Sometimes silence is a really good answer.

Blue Screen တက်လာရင် အလွယ်ပင်ဖြေရှင်း

ပြောရအုံးမယ်ဗျာ
ဖတ်ဖတ်ကိုမောလို့...
ကျွန်တော်ကိုယ်တိုင် ကြုံလိုက်ရတာလေ။
လျှာ ပေတစ်ရာ လုပ်လိုက်မိတာဆိုပါတော့။
စက်မှာ အကောင့်ဖွင့် ပက်စ်ဝါ့ဒ်လေး ပေးလိုက်မိပါတယ်၊
နောက် Blue Screen ပြဿနာ ရောက်လာတော့တာပါပဲ။

ပက်စ်ဝါ့ဒ် နဲ့ ဖွင့်လိုက်  ကောင်းကင်ပြာလား အချစ်ရဲ့ သင်္ကေတလား မပြောတတ်
အပြာရောင်ကြီး က စာဖြူလေးတွေနဲ့အတူ လာကြူတော့တာပဲ။ ခဏခဏ ဆိုတော့ ချွေးတောင် ပြန်တယ်။ ဘယ်နှစ်ခါ ဖွင့်ဖွင့် မရ၊ ဘယ်လိုလုပ်လို့မှ အဆင်မပြေဘူးဗျာ။
သူများတွေပြောတဲ့ ဘာညာကွိကွတွေလဲ လိုက်လုပ်တာပါပဲ
ဘာဆော့ဝဲ ညာဆော့ဝဲတွေတော့ မလုပ်ကြည့်တော့ပါဘူး
အခုတော့ ဘာမှ မလုပ်ဘဲ ကျွန်တော် စက်ကို အေးဆေး ဖွင့်သုံးလို့ ရသွားပြီလေ
လူပြိန်းဆန်တယ်လို့ ဆိုချင်လဲ ဆိုပေါ့ဗျာ အဆင်ပြေဖို့ရာက အဓိက ကျတယ်မလား
သယ်ချင်းများလဲ စမ်းကြည့်ပေါ့နော်

ပက်စ်ဝါ့ဒ် ပေးထားတယ်ဆိုရင်
ပက်စ်ဝါ့ဒ်ကို ပထမတစ်ခါ မှားရိုက်ပေးလိုက်ပါ။ မှားမှန်း သိသိနဲ့ ဖွင့်ကြည့်လိုက်။ မရဘူးလို့ ပြောလိမ့်မယ် ၊ OK လိုက်ပေါ့။ ပြီးတော့မှ ပက်စ်ဝါ့ဒ်ကို အမှန်လေး ရိုက်ထည့်ကြည့်လိုက်ပါ။ တစ်ခါ မရ နှစ်ခါ ပေါ့နော်။ ဇွဲမလျှော့တမ်း စမ်းကြည့်လိုက်ပါအုံးဗျာ။ ကျွန်တော်တော့ အဆင်ပြေနေတုန်းပဲဗျို့။ တာ့တာ....။

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!