Sometimes silence is a really good answer.

"ငြိမ်းအထူးကုဆေးခန်းမှ သူနာပြုဆရာမနှင့်အခြေခံဝန်ထမ်းများသပိတ်မှောက်"

(မန္တလေး ၁.၈.၂၀၁၂)

မန္တလေးမြို့၊ ၈၂ လမ်း၊ ၂၉-၃၀ လမ်းကြားရှိ ရီရှင်းအုပ်စုပိုင် ငြိမ်းအထူးကုဆေးခန်းမှ သူနာပြုဆရာမများနှင့် အခြေခံဝန်ထမ်းများသည် ၀န်ထမ်းလစာရရှိရာတွင် တရားမျှတခြင်းမရှိဟု ယူဆ၍ (၁၊ ၈၊ ၂၀၁၂)ရက်မှ စ၍ အလုပ်မဆင်းဘဲ သပိတ်မှောက်လိုက်သည် သတင်းရရှိသည်။

စုံစမ်းရန် (Reception) ကောင်တာနှင့် ဆေးအရောင်းကောင်တာဝန်ထမ်းများကိုသာ လစာတိုးပေးပြီး သူနာပြုဆရာမနှင့်အခြေခံဝန်ထမ်းများကို လုပ်ခလစာတိုးမပေးသဖြင့် လုပ်ခလစာရရှိမှု မညီမျှခြင်းကြောင့် သူနာပြုဆရာမနှင့်အခြေခံဝန်ထမ်းများ အားလုံးနီးပါး(စုစုပေါင်း ဦးရေ ၃၀)ခန့်သည် (၁.၈.၂၀၁၂ )နေ့မှ စ၍ အလုပ်မဆင်းဘဲ သပိတ်မှောက်ဆန္ဒပြနေကြပြီး ဆေးရုံလုပ်ငန်းများ မရပ်ဆိုင်းစေရန် ရီရှင်းအုပ်စုပိုင်ပင်ဖြစ်သော မြို့တော်ဆေးရုံမှ ဝန်ထမ်းများအားခေါ်ယူကာ ငြိမ်းဆေးခန်းတွင် အစားထိုးတာဝန်ပေးထားကြောင်းနှင့် ဆန္ဒပြမှုတောင်းဆိုမှု အောင်မြင်စေရန် ဦးဆောင်မှုပေးနိုင်မည့် လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်းတစ်ရပ်လိုအပ်လျက်ရှိကြောင်း ဝန်ထမ်းတစ်ဦးမှ CJ MYANMAR သို့ ပြောကြားပါသည်
 
facebook

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!