Sometimes silence is a really good answer.

ဆရာ ပါရဂူ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပမည်

ရန်ကုန် (မဇ္ဈိမ)။   ။ စာရေးဆရာကြီး ပါရဂူ ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို သြဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့ ဇိဝိတဒါန သံဃာဆေးရုံးကြီး၌ ကျင်းပမည်ဟု 'ပါရဂူ ရှန်တိနိကေတန်' စာကြည့်တိုက်မှ အတွင်းရေးမှုး ဦးရဲထက်က မဇ္ဈိမ မီဒီယာသို့ ပြောသည်။


အဆိုပါ အထိမ်းအမှတ်ပွဲတွင် ပါရဂူ စာပေ မှုပိုင်ခွင့် ကော်မတီမှ ဇိဝိတဒါန သံဃာဆေးရုံကြီးသို့ ငွေကျပ် ၃ သိန်း လှုဒါန်းမည်ဖြစ်ပြီး စာအုပ်ထုတ်ဝေသူများက ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်သို့ အလှူငွေများ လှူဒါန်းဖြစ်မည်
ဆိုပါက အလှုငွေလက်ခံပွဲကိုလည်း ယင်းနေ့တွင် ကျင်းပမည်ဟု ဆိုသည်။

“အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်က ဆရာ့ကို ထာဝရ အမှတ်ရ လေးစားရန်နဲ့ ဆရာကြီးရဲ့ လူမှုရေး ပရဟိတ စိတ်ဓာတ်များ ထာဝစဉ် အမြဲတမ်း ရှင်သန်နေစေရန်တို့အတွက် ဖြစ်ပါတယ် ” ဟု ဦးရဲထက် က ပြောသည်။

ဆရာပါရဂူသည် စာအုပ်ပေါင်း ၂၀၀ ကျော် ရေးသားခဲ့ပြီး မြန်မာစာဖတ် ပရိသတ်အား အိန္ဒိယ စာပေများနှင့် မိတ်ဆက် ပေးခဲ့သော စာရေးဆရာတဦး ဖြစ်ပြီး ဘာသာပြန်ရော ပင်ကိုယ်ရေး စာအုပ်များပါ ပြုစုဖြန့်ဝေနိုင်ခဲ့သည်။

ဆရာရေးသားခဲ့သော ဒိဗျာ၊ စိတ္တရလေခါ၊ သိဒ္ဒတ္တ၊ ဝေသာလီ၊ ကွန်မြူနစ်ဝါဒသာလျှင် အဘယ့်ကြောင့်၊ ညီတော်
မင်းနန်၊ ချစ်သမီးသို့ ပေးစာများ၊ အမ္ဗပါလီ၊ မင်းနှင့် ပြည်သူ စာအုပ်တို့ မှာ အကြိမ်ကြိမ် ရိုက်နှိပ်ထုပ်ဝေရသော စာအုပ်များဖြစ်သည်။ ထို့ပြင် နီတိပုံပြင်များ၊ ဟိတောပဒေသ၊ ပျို့ကဗျာ ခက်ဆစ်အဘိဓာန်၊ နီတိ တစ်ရာ၊ စာပေယဉ်ကျေးမှု ရေစီးကြောင်း၊ မြသန်းတင့်၊ နိဗ္ဗာန်၊ ကမ္ဘာ့အကြောင်း တစေ့တစောင်း၊ နေရဉ္ဇရာ၊ ရာဇဘိသိတ် စသည့် အကြော်အမော် စာအုပ်များလည်း ရေးသားခဲ့သည်။

ဆရာ ပါရဂူသည် ၂၀၁၁ ခုနှစ် ဧပြီလတွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ခြင်း အထိမ်းအမှတ်အား ဧပြီလတွင် မကျင်းပ
ဖြစ်ရခြင်းမှာ မန္တလေးနှင့် ရန်ကုန် မည်သည့်နေရာတွင် အခမ်းအနား ကျင်းပမည်ကို ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်တာဝန်ရှိသူများက ဆွေးနွေး တိုင်ပင်နေသောကြောင့် ဖြစ်သည်ဟုလည်း ဦးရဲထက် က ပြောသည်။

ဆရာ ပါရဂူတည်ထောင်ခဲ့သော ”ပါရဂူရှန်တိနိကေတန်” စာကြည့်တိုက်မှာ ရည်ညွန်း စာကြည်တိုက်ဖြစ်ပြီး စာအုပ် ငှါးယူခွင့်မရှိဘဲ စာကြည့်တိုက်တွင်သာ ဖတ်ရှုနိုင်သည်။ အဆိုပါ စာကြည့်တိုက်တွင် စာအုပ်အရေအတွက် သုံးသောင်းခန့် ရှိသည်။ စာကြည့်တိုက်တွင်  ထိန်းသိမ်းရေးကော်မတီနှင့် ပါရဂူစာပေ မူပိုင်ခွင့်ကော်မတီပာူ၍
ကော်မတီနှစ်ခုခွဲ ထားပြီး စာကြည့်တိုက်ရန်ပုံငွေမှာ သိန်း ၁၃၀ နီးပါး ရှိသည်။
 ယုဝေ | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၅၀ မိနစ်

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!