ရွှေဘို ကန့်ဘလူနယ် ထန်းကုန်းရွာတွင် မနေ့ညခင်းက ကုလားဗမာ အခင်းဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်ပွားပုံမှာ .... ဇီးပင်သာကျေးရွာမှ မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်သည်မှ စတင်ခဲ့ခြင်းဖြစ်သည်။
ဇီးပင်သာကျေးရွာမှ မိန်းကလေးသည် ထန်းကုန်းတွင် ဆံပင်စီအလုပ်လုပ်ပြီး ရွာအပြန် လမ်းတွင် အစ်လမ်ဘာသာဝင်သုံးယောက်က နိုင့်ထက်စီးနင်းပြု၍ အဓမ္မပြုကျင့်ခဲ့သည်။ ထန်းကုန်ရွာသားတစ်ယောက်မှ တွေ့မြင်သွားပြီး ၀ိုင်းဖမ်းရာ တစ်ယောက်သာ မိခဲ့သည်။ ရဲစခန်းမှ ထိန်းသိမ်းထားစဉ် ဇီးပင်သာရွာသူရွာသားများ လိုက်လာပြီး တရားခံကို ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ယင်းသို့တောင်းဆိုရာမှ လူများစုဝေးမိပြီး အရေးအခင်းကြီးတစ်ခု ဖြစ်ပွားသွားခဲ့ခြင်းဖြစ်သည်။ဗုဒ္ဓဘာသာများဘက်မှ ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း သိရသည်။ သတင်းအတိအကျမသိရသေးသော်လည်း ဗုဒ္ဓဘာသာဝင် လေးဦးဒဏ်ရာရရှိပြီး လေးဦးပျောက်ဆုံးနေကြောင်း ကြားသိရသည်။

0 စာဖတ်သူတို့စကားများ:
Post a Comment