Sometimes silence is a really good answer.

ကရင်နီအမျိုးသားစာပေ မူလတန်းအဆင့်တွင် သင်ကြားနိုင်ရေး စတင်ကြိုးစား

ကယား(ကရင်နီ) အမျိုးသားတရပ်လုံး၏ ဘုံစာပေအဖြစ် ဆုံးဖြတ်အတည်ပြုလိုက်သည့် ဗျည်းအက္ခရာစာပေ ကို မူလတန်းအဆင့်တွင် အမျိုးသားစာပေအဖြစ် သင်ကြားနိုင်ရေးအတွက် စတင်ကြိုးစား ဆောင်ရွက်လျက်ရှိ သည်ဟု ကယားအမျိုးသားစာပေအဖွဲ့မှ အတွင်းရေးမှူး ဆရာမိုးဇက်အောင်လေးညို့ရယ် က ပြောသည်။
လူထုကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာစာပေကော်မတီများက ကယားတမျိုးသားလုံးအတွက် ဘုံစာပေအဖြစ် သဘောတူညီချက်ရထားကြသည့် ဆရာကြီးထဲဘူးဖဲစာပေကို ကျယ်ဖိုးကြီးဗျည်းအက္ခရာဟု အမည်နာမအဖြစ် ခေါ်သွင် လိုက်ကြပြီးနောက် ၎င်းစာပေကို ကျောင်းနေအရွယ် မူလတန်းအဆင့်တွင် ထည့်သွင်း သင်ကြားနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။
ဆရာမိုးဇက်အောင်လေးညို့ရယ် က  "ကျနော်တို့လာမည့် သားစဉ်မြေးဆက်တွေအတွက် ခိုင်ခိုင်မာမာ ဖြစ်အောင် ဒီဗျည်းအက္ခရာတွေကို ကျနော်တို့အသုံးပြုနေပါတယ်။ နှောင်လာမည့် သားသမီးတွေကျရင်လည်း ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ ဒီပညာရေးလောကမှာလည်း ကောင်းမွန်စွာအသုံးပြုနိုင်ဖို့ တခြားတိုင်းရင်း သားတွေနဲ့လည်း ယှဉ်တွဲပြီးတော့ အသုံးပြုနိုင်ဖို့ နိုင်ငံ တကာမှာလည်း ဒီစာပေကိုအသုံးပြုနိုင်ဖို့ ဖြစ်တယ်" ဟု ပြောသည်။
အမျိုးသားစာပေအဆင့်အတန်း တိုးတက်မြင့်မားရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး နှင့် စည်းလုံး ညီညွတ် ရေးကို ရှေးရှု့ပြီး ၎င်းစာပေကို ကယားအမျိုးသားတရပ်လုံး၏ ဘုံစာပေအဖြစ် အသုံးပြုသွား မည်ဖြစ်ကြောင်း ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့က ထုတ်ပြန်ကြေငြာထားပြီး ဖြစ်သည်။
၎င်းစာပေကို အစိုးရတရားဝင်အသိအမှတ်ပြုစာပေတခု ဖြစ်လာရန်အတွက် လက်ရှိတွင် ပြည်သူလူထုများ အကြား ယခင်ကထက် ထိထိရောက်ရောက် အသုံးချနိုင်ရန် ဦးစွာဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရဘက်မှ တရားဝင်ခွင့်ပြုရန်အတွက် လုပ်ငန်းများဆောင်ရွက်ဆဲပင်ဖြစ်ကြောင်း ပြောသည်။
"လွှတ်တော်တွေကိုလည်း တင်ပြမယ်၊ ပြည်နယ်အစိုးရဆီကိုလည်းတင်ပြဖို့ ဆောင်ရွက်ဆဲဖြစ်တယ်။ လောလောဆယ် ကျနော်တို့ပြည်သူလူထုတွေ အသုံးပြုနေပြီဆိုတော့ လူထုတွေကြိုက်နှစ်သက်နေပြီဆိုတော့ ကျနော်တို့ ဆောင်ရွက်နေတာ" ဟု ဆရာမိုးဇက်အောင်လေးညို့ရယ်က ပြောသည်။

ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 14 ရက် 2013 ခုနှစ် ကန္တာရ၀တီတိုင်း(မ်) သတင်း - ကန္တာရ၀တီတိုင်း(မ်)   

http://burmese.bnionline.net/index.php/news/kantarawaddy/15048-2013-08-14-16-28-57.html

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!