ရန်ကုန်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တွင် ဂျပန်တက္ကသိုလ် ခုနစ်ခုမှ ပါမောက္ခ
နှစ်ရာ့လေးဆယ်ကျော် လာရောက်ပို့ချမည်ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ လူသားဖွံ့ဖြိုးမှုဆိုင်ရာ အကြံပေးမစ္စတာ
Daisuke က ပြောကြားသည်။
မြန်မာနိုင်ငံ၏ အင်ဂျင်နီယာ အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်ပြီး ၂၀၁၃ မှ ၂၀၁၈ ထိ ငါးနှစ်တာ စီမံချက်ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ဆောင်ရွက်လျှက်ရှိပြီး ယခုကဲ့သို့ တက္ကသိုလ် ပါမောက္ခများ လာရောက်ပို့ချမှုသည်လည်း အပါအ၀င်ဖြစ်သည်။
“ကမ္ဘာမှာ အဆင့်အတန်းရှိတဲ့ တက္ကသိုလ်တွေပါတော့ ဒီငါးနှစ်မှာ တက်ရောက်သင်ကြားတဲ့ ကျောင်းသား၊
ကျောင်းသူတွေ ကမ္ဘာ့အဆင့်ရှိတဲ့သူတွေ ဖြစ်လာမယ်” ဟု ရန်ကုန်စက်မှုတက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာအေးမြင့် က မှတ်ချက်ပြုသည်။
သင်ကြားမည့် ဘာသာရပ်တွင် ဆောက်လုပ်ရေးဘာသာရပ်ကို ကျိုတိုတက္ကသိုလ် ပါမောက္ခများက အဓိက သင်ကြားပေးမည်ဖြစ်ပြီး စက်မှုနည်းပညာ၊ အီလက်ထရောနစ်၊ICT၊ Mechatronic၊ Electrical Power ဘာသာရပ် တို့ကို ကျန်တက္ကသိုလ်မှ ပါမောက္ခများက ပို့ချပေးမည်ဖြစ်သည်။
ပါမောက္ခများ လာရောက်မည့် တက္ကသိုလ်များမှာ ကျိုတိုတက္ကသိုလ်၊Ciba တက္ကသိုလ်၊ Niigata တက္ကသိုလ်၊ Kanazawa တက္ကသိုလ်၊ Okayama တက္ကသိုလ်၊ Nagasaki တက္ကသိုလ်၊Kumamato တက္ကသိုလ် တို့ဖြစ်ပြီး ငါးနှစ်ကြာစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ မီလီယံခန့် သုံးစွဲမည်ဖြစ်သည်။
“အရည်အချင်း ပြည့်ဝတဲ့ ပါရဂူကျောင်းသားတွေကို ကျိုတိုမှာသွားရောက် ပညာသင်ခွင့်ပေးမှာ၊ အဲ့ဒီ ကျောင်းသား
တွေက တစ်ဆင့်နောက် ကျောင်းသားတွေကို ကောင်းကောင်းပြန်ပြီး သင်ကြားပေးလို့ရပါ တယ်။ နောက်ပြီး မြန်မာ
နိုင်ငံမှာလည်း ဆောက်လုပ်ရေးဆိုင်ရာ မြန်မာ၊ ဂျပန်သုတေသန စင်တာတည် ထောင်ဖို့ရှိတယ်” ဟု ကျိုတို တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ Koichi Ono က ပြောသည်။
ဂျပန်ပါမောက္ခများ ပို့ချမှုများကို မဟာဘွဲ့တက်ရောက်နေသူများနှင့် ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေသူများသာ တက်ရောက်နိုင်မည်ဖြစ်ပြီး လက်ရှိ ရန်ကုန်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ပြုစုနေသူ ၆၀၀ ခန့် ရှိနေသည်။
ယမန်နှစ်က ရန်ကုန်နှင့် မန္တလေးနည်းပညာတက္ကသိုလ်များသို့ ၀င်ခွင့်အမှတ် ၅၀၀ ထိ သတ်မှတ်ခဲ့ပြီး ယခု
လောလောဆယ်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၄၀ ကျော် သင်ကြားလျက် ရှိသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/13598-2013-08-28-05-13-27.html

0 စာဖတ်သူတို့စကားများ:
Post a Comment