Sometimes silence is a really good answer.

အာဆီယံစီးပွားရေးအသိုက်အ၀န်း ၈၀ ရာခိုင်နှုန်း အကောင်အထည်ဖော်ပြီးဖြစ်

အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) အား ၂၀၁၅ ခုနှစ်အမီ အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ၈၀ ရာခိုင်နှုန်းခန့် အကောင်အထည်ဖော်ပြီးဖြစ် သည်ဟု အာဆီယံနိုင်ငံများမှ အယ်ဒီတာများ ၏ ဆွေးနွေးပွဲတွင် အာဆီယံအထွေထွေ အတွင်းရေးမှူး မစ္စတာ Le Luong Minh က ပြောကြားလိုက်သည်။

ဒုတိယအကြိမ်မြောက်အဖြစ် ကျင်းပသည့် ယင်းဆွေးနွေးပွဲတွင် "၂၀၁၅ နှင့် အလွန် AEC အနာဂတ်စိန်ခေါ်မှုများ"
ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဂျာကာတာအခြေစိုက် အာဆီယံနှင့်အရှေ့အာရှဆိုင်ရာ စီးပွားရေး သုတေသန အဖွဲ့ (ERIA) မှစီစဉ်ခဲ့ခြင်းဖြစ်သည်။

AEC အား ၂၀၁၅ ခုနှစ်မတိုင်မီ အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် အရေးကိစ္စများမှာ ကုန်ပစ္စည်းများ လွတ်လပ်စွာ စီးဆင်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာစီးဆင်းရေးတို့ ပါဝင်သည်ဟုလည်း မစ္စတာ Le Luong Minh ကပြောကြားလိုက်သည်။

မလေးရှားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာနမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ Rebecca Fatima Sta Maria ကလည်း ယင်းအစည်းအဝေးတွင် မစ္စတာ Le Luong Minh ၏ အမြင်အား ထပ်မံ အတည်ပြုပြောကြားသွားခဲ့သည်။

သူမက မိမိအနေဖြင့်လည်း AEC အား ၂၀၁၅ ခုနှစ်အမီ ပြီးစီးလိမ့်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။ ယခုကဲ့သို့ ပြီးမြောက်စေရန်အတွက် အာဆီယံအနေဖြင့် သဘောတူထားသည့် အရေးကိစ္စများကို အကျိုးရှိရှိလက်တွေ့ အကောင်အထည်ဖော်ဆောင်ရေးအတွက် ၎င်း၏လက်ရှိစီးပွား ရေးလုပ်ငန်းများအား ပို၍ နားလည်ရှင်းလင်းလာအောင် ပြုလုပ်ရမည်ဟု ပြောကြားလိုက်သည်။

ထို့အပြင် အာဆီယံအဖွဲ့အား ပိုမိုခိုင်မာလာစေရန်နှင့် ကြိုးပမ်းဆောင်ရွက်မှုများ နောက်ကြောင်းပြန် မလှည့်စေရန် အတွက် လုပ်ထုံးလုပ်နည်းများအား ကြီးကြပ်ရမည်ဟုလည်း ဒေါက်တာ Rebecca Fatima Sta Maria က မဇ္ဈိမကို
ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌရာထူးအတွက် ပြင်ဆင်နေခြင်းတွင် အဆင်သင့်ဖြစ် မဖြစ်ဆို သည်ကို ဒေါက်တာ Rebecca Fatima Sta Maria အား မဇ္ဈိမမှမေးမြန်းရာတွင် သူမက အကောင်းမြင်သည့် အဖြေကိုသာ ပြန်ပေးခဲ့သည်။ ERIA နှင့် ဘရူနိုင်းဝန်ကြီးချုပ်ရုံးမှ စီစဉ်သည့် ဒုတိယအကြိမ် မြောက် ERIA အယ်ဒီတာများ စုံညီအစည်းအဝေးသို့ အယ်ဒီတာ ၇၀ နှင့်အတူ နိုင်ငံတကာနှင့်ဒေသတွင်းမှ ကျွမ်းကျင်ပညာရှင် များလည်း တက်ရောက်ခဲ့သည်။

ဘရူနိုင်းဝန်ကြီးချုပ်ရုံး၏ မီဒီယာနှင့်ဝန်ကြီးအဖွဲ့ဆိုင်ရာ အမြဲတမ်းအထွေထွေအတွင်းရေးမှူး မစ္စတာ Mah rub Murni က အဖွင့်အမှာစကားပြောကြားရာတွင် စာနယ်ဇင်းသမားအနေဖြင့် လွန်ခဲ့သောနှစ်များအတွင်း စီးပွားရေး၊
နိုင်ငံရေးနှင့် လုံခြုံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့သုံးဖွဲ့အတွက်ဆောင်ရွက်ချက်များမှာ အာဆီယံအဖွဲ့၏
ဖြစ်ထွန်းတိုးတက်မှုဖြစ်သည်ဆိုသည်ကို နားလည်ရန်အရေးကြီးသည်ဟု ပြောခဲ့သည်။

ထို့အပြင် မီဒီယာကဏ္ဍများအနေဖြင့် ပါဝင်ပတ်သက်သူအားလုံးထံသို့ သတင်းအချက်အလက်များ ဖြန့်ဖြူးပေးခြင်း
ဖြင့် အစိုးရအား ကူညီသင့်သည်ဟု ၎င်းက ထပ်လောင်းပြောကြားသွားသည်။ “မီဒီယာတွေက ပြည်သူတွေဆီကို သူတို့ရဲ့ အစိုးရတွေရဲ့ လုပ်ငန်းဆောင်တာတွေ၊ သူတို့ရဲ့အကျိုးစီးပွားအတွက် အာဆီယံက ဘယ်လိုလုံခြုံမှု
ပေးနိုင်တယ် ဆိုတာတွေအပြင် သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ဘယ်လို တိုးမြှင့်နိုင်တယ် ဆိုတာတွေကို
ဖြန့်ဝေပေးသူတွေအဖြစ် ဆောင်ရွက်ကြပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

တစ်ရက်တာကျင်းပသည့် မျက်နှာစုံညီ အစည်းအဝေးမှာ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၏ အာဆီယံအဖွဲ့ အပေါ် သက်ရောက်နေသည့် အရေးကြီးကိစ္စရပ်များအား အရှေ့အာရှအဖွဲ့ဝင်နိုင်ငံများမှ စာနယ်ဇင်းသမားများမှ သတိပြု နားလည်မှုတိုးမြှင့်ရေးအတွက် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်သည်။

ယင်းစုံညီ အစည်းအဝေးတွင် အာဆီယံပေါင်းစပ်ဆက်သွယ်မှု မဟာဗျူဟာစီမံကိန်း၏ တိုးတက်မှု အခြေအနေနှင့်
ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးလက်တွဲဖော်အဖွဲ့၏ အလားအလာများကိုလည်း ဆွေးနွေးခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/14010-2013-09-12-05-11-39.html

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!