Sometimes silence is a really good answer.

IS စစ်သွေးကြွခေါင်းဆောင် မိသားစု Lebanon မှာ ဖမ်းမိ


IS အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုခေါင်းဆောင် Abu Bakr Al-Baghdadi ရဲ့ ဇနီးနဲ့ ကလေးတဦးကို လက်ဘနွန်စစ်တပ်က ထိန်းသိမ်းထားတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။
မှတ်ပုံတင်ကဒ်အတု ကိုင်ဆောင်ခဲ့ကြတဲ့ သူတို့နှစ်ဦးကို ဆီးရီးယားနယ်စပ်မှာ လွန်ခဲ့တဲ့ ၁၀ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ဘနွန် ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဆေးမေးမြန်းနေတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။
နိုင်ငံခြားထောက်လှမ်းရေးဌာနတွေရဲ့ ကူညီဆောင်ရွက်မှုနဲ့ စစ်တပ်က သူတို့နှစ်ဦးကို ထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ လက်ဘနွန်ရှိ As-Safir သတင်းစာက ဖော်ပြပါတယ်။ IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ဘက်ကတော့ တုံ့ပြန်ချက် ချက်ခြင်း မထုတ်ပြန်သေးပါဘူး။
စစ်သွေးကြွအုပ်စုခေါင်းဆောင် Baghdadi ဟာ ၂၀၁၀ ကစလို့ IS အကြမ်းဖက်အုပ်စုကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ အီရတ်မြောက်ပိုင်းနဲ့ ဆီးရီးယားအရှေ့ပိုင်းတို့မှာ နယ်မြေ အတော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Baghdadi ကို နိုင်ငံတကာ အကြမ်းဖက်သမားအဖြစ် အမေရိကန်က ထုတ်ပြန်ထားပြီး သူ့ကို ဖမ်းဆီးရမိရင် ဒေါ်လာ ၁၀ သန်း ဆုကြေးပးမယ်လို့ ကြေညာထားပါတယ်။

http://burmese.voanews.com/content/article/2543710.html

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!