Sometimes silence is a really good answer.

တျခားေနရာေတြထက္ပိုၿပီး ခႏၶာကိုယ္မွာ သန႔္ရွင္းေရးလုပ္သင့္တဲ့ ေနရာ ၅ ခု

(photo credit: kaka love fb page)

တကိုယ္ရည္သန႔္ရွင္းေရးဟာ ခႏၶာကိုယ္အတြက္ အေရးႀကီးတယ္ဆိုတာကိုေတာ့ လူတိုင္းသိၾကမွာ ျဖစ္ပါတယ္။ ခႏၶာကိုယ္အစိတ္အပိုင္းေတြအားလုံးဟာ သန႔္ရွင္းေရးျပဳလုပ္ၾကဖို႔ လိုအပ္တယ္ဆိုေပမယ့္ အခုေဖာ္ျပေပးမယ့္ ေနရာေတြကေတာ့ ပိုမိုၿပီးသတိထားျပဳလုပ္ေပးသင့္တဲ့ ေနရာေတြပဲ ျဖစ္ပါတယ္။

(၁) ဦးေရျပား

အမ်ားစုဟာ ဆံပင္ေတြကိုသာ ေခါင္းေလွ်ာ္သန႔္ရွင္းျပဳလုပ္ၾကေပမယ့္ ဦးေရျပားသန႔္ရွင္းေရးကိုေတာ့ ေမ့ေလ်ာ့ေနတတ္ ၾကပါတယ္။ ေခါင္းေလွ်ာ္တဲ့အခါ ဆံသားေတြကိုသာမက ဦးေရျပားကိုပါ ေခါင္းေလွ်ာ္ရည္နဲ႔ ထိေတြ႕ပြတ္တိုက္ေပးၿပီး ႏွိပ္နယ္ေပးသင့္ပါတယ္။

(၂) လွ်ာ

လွ်ာဟာ ေရျမႇဳပ္တခုလိုပဲ ေန႔စဥ္စားသုံးေနတဲ့ အစားအစာေတြနဲ႔ အရည္ေတြကို ထိေတြ႕စုပ္ယူေနရတဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းတခုျဖစ္တာေၾကာင့္ သြားေတြကို သန႔္ရွင္းေရးျပဳလုပ္သလိုပဲ လွ်ာကိုလည္း သန႔္ရွင္းေရးျပဳလုပ္ေပးဖို႔ဟာ အေရးႀကီးလွပါတယ္။ သြားတိုက္တံလိုပဲ လွ်ာျခစ္တံေတြလည္း အလြယ္တကူ ဝယ္ယူႏိုင္တာေၾကာင့္ လွ်ာျခစ္တံေတြကို အသုံးျပဳၿပီး သန႔္ရွင္းေရးျပဳလုပ္ေပးသင့္ပါတယ္။

(၃) ေျခေထာက္

ေန႔စဥ္ေရခ်ိဳးသန႔္စင္တဲ့အခါမွာ ခႏၶာကိုယ္ကိုသာ ဆပ္ျပာတိုက္သန႔္ရွင္းျပဳလုပ္တတ္ၾကေပမယ့္ ေျခေထာက္ေတြကိုေတာ့ သန႔္ရွင္းေရးျပဳလုပ္ဖို႔ ေမ့ေလ်ာ့တတ္ၾကပါတယ္။ ေန႔စဥ္လႈပ္ရွားသြားလာမႈမွာ ေျခေထာက္ေတြဟာ ဖုန္မႈန႔္နဲ႔ ဘက္တီးရီးယားေတြကို ထိေတြ႕ေနရတာေၾကာင့္ ေျခေထာက္သန႔္ရွင္းေရးျပဳလုပ္ျခင္းဟာ အေရးႀကီးပါတယ္။

(၄) နား႐ြက္အေနာက္


နား႐ြက္အေနာက္ဘက္မွာ အဆီဂလင္းနဲ႔ ေခြၽးဂလင္းေတြ ရွိတာေၾကာင့္ ဘက္တီးရီးယားေတြ အမ်ားဆုံးေပါက္ဖြားရာ ေနရာတခုလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္မလို႔ ေရခ်ိဳးတဲ့အခါတိုင္း နား႐ြက္အေနာက္ဘက္ကိုလည္း ေသခ်ာသန႔္ရွင္း ေပးသင့္ပါတယ္။

(၅) ဝမ္းဗိုက္ေအာက္ပိုင္း


ေခြၽးထြက္မ်ားတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းတခုျဖစ္တာေၾကာင့္ ေရခ်ိဳးတဲ့အခါတိုင္း ဆပ္ျပာနဲ႔ေသခ်ာစြာ သန႔္ရွင္းေရးျပဳလုပ္ ေပးသင့္ပါတယ္။

Ref. www.powerofpositivity.com
Topics: ခႏၶာကိုယ္, သန႔္ရွင္းေရး
By ဟယ္လ္သင္ 21 January 2019
https://burma.irrawaddy.com/lifestyle/health/2019/01/21/180831.html?fbclid=IwAR38_6ZqgHACnNYZxmztCl_Ymz6oJCUkQ7twXCzCz7CBMZx2pOK-da_iEaw

UNicode
တခြားနေရာတွေထက်ပိုပြီး ခန္ဓာကိုယ်မှာ သန့်ရှင်းရေးလုပ်သင့်တဲ့ နေရာ ၅ ခု
------------


တကိုယ်ရည်သန့်ရှင်းရေးဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတယ်ဆိုတာကိုတော့ လူတိုင်းသိကြမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးဟာ သန့်ရှင်းရေးပြုလုပ်ကြဖို့ လိုအပ်တယ်ဆိုပေမယ့် အခုဖော်ပြပေးမယ့် နေရာတွေကတော့ ပိုမိုပြီးသတိထားပြုလုပ်ပေးသင့်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

(၁) ဦးရေပြား

အများစုဟာ ဆံပင်တွေကိုသာ ခေါင်းလျှော်သန့်ရှင်းပြုလုပ်ကြပေမယ့် ဦးရေပြားသန့်ရှင်းရေးကိုတော့ မေ့လျော့နေတတ် ကြပါတယ်။ ခေါင်းလျှော်တဲ့အခါ ဆံသားတွေကိုသာမက ဦးရေပြားကိုပါ ခေါင်းလျှော်ရည်နဲ့ ထိတွေ့ပွတ်တိုက်ပေးပြီး နှိပ်နယ်ပေးသင့်ပါတယ်။

(၂) လျှာ

လျှာဟာ ရေမြှဳပ်တခုလိုပဲ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ အရည်တွေကို ထိတွေ့စုပ်ယူနေရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတခုဖြစ်တာကြောင့် သွားတွေကို သန့်ရှင်းရေးပြုလုပ်သလိုပဲ လျှာကိုလည်း သန့်ရှင်းရေးပြုလုပ်ပေးဖို့ဟာ အရေးကြီးလှပါတယ်။ သွားတိုက်တံလိုပဲ လျှာခြစ်တံတွေလည်း အလွယ်တကူ ဝယ်ယူနိုင်တာကြောင့် လျှာခြစ်တံတွေကို အသုံးပြုပြီး သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။

(၃) ခြေထောက်

နေ့စဉ်ရေချိုးသန့်စင်တဲ့အခါမှာ ခန္ဓာကိုယ်ကိုသာ ဆပ်ပြာတိုက်သန့်ရှင်းပြုလုပ်တတ်ကြပေမယ့် ခြေထောက်တွေကိုတော့ သန့်ရှင်းရေးပြုလုပ်ဖို့ မေ့လျော့တတ်ကြပါတယ်။ နေ့စဉ်လှုပ်ရှားသွားလာမှုမှာ ခြေထောက်တွေဟာ ဖုန်မှုန့်နဲ့ ဘက်တီးရီးယားတွေကို ထိတွေ့နေရတာကြောင့် ခြေထောက်သန့်ရှင်းရေးပြုလုပ်ခြင်းဟာ အရေးကြီးပါတယ်။

(၄) နားရွက်အနောက်


နားရွက်အနောက်ဘက်မှာ အဆီဂလင်းနဲ့ ချွေးဂလင်းတွေ ရှိတာကြောင့် ဘက်တီးရီးယားတွေ အများဆုံးပေါက်ဖွားရာ နေရာတခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ရေချိုးတဲ့အခါတိုင်း နားရွက်အနောက်ဘက်ကိုလည်း သေချာသန့်ရှင်း ပေးသင့်ပါတယ်။

(၅) ဝမ်းဗိုက်အောက်ပိုင်း


ချွေးထွက်များတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတခုဖြစ်တာကြောင့် ရေချိုးတဲ့အခါတိုင်း ဆပ်ပြာနဲ့သေချာစွာ သန့်ရှင်းရေးပြုလုပ် ပေးသင့်ပါတယ်။

Ref. www.powerofpositivity.com
Topics: ခန္ဓာကိုယ်, သန့်ရှင်းရေး
By ဟယ်လ်သင် 21 January 2019
https://burma.irrawaddy.com/lifestyle/health/2019/01/21/180831.html?fbclid=IwAR38_6ZqgHACnNYZxmztCl_Ymz6oJCUkQ7twXCzCz7CBMZx2pOK-da_iEaw

0 စာဖတ္သူတို႔စကားမ်ား:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတြင္Blogကုိစတင္။27.2.2011တြင္FlagCounterကုိစတင္။ Free counters!