Sometimes silence is a really good answer.

ပဲ နဲ့ ဘဲ


ကျွန်တော် တစ်ခုလောက် ပြောပါရစေခင်ဗျာ မသိတဲ့သူများနေသလားလို့ပါ .... သိစေချင်လွန်းလို့ပါနော်။ မှားပြန်ပြီးဗျာ ... မသိတာ မဟုတ်လောက်ဘူး ... မေ့နေတာ မေ့နေတာ၊ ဟုတ်တယ်ဟုတ်။ အဲဒါကြောင့် သတိရစေချင်လွန်းလို့ ပြောပါရစေဗျာ နော်။
ပဲ နဲ့ ဘဲ အသုံးလေးကို မြန်မာသဒ္ဒါသင်တုန်းက မှတ်ခဲ့ရလို့ပါ။ '' ပဲ ''ဆိုတာကို ''သာ/သာလျှင်'' ရေးစကားတွေအစား ကန့်သတ်ပြောဆိုတဲ့ နေရာမှာ သုံးပါတယ် ။ အင်္ဂလိပ်စကားလုံးမှာ only ပေါ့။ ပဲများတာ ပဲစားတာ တွေကို မရည်ရွယ်ပါဘူးနော်။ ဘယ်လောက်များများ ဘယ်လောက်စားစား အဲဒီ ပဲ က နာမ်(noun) ကလေးပါ။ ''ဘဲ''ဆိုတာကိုတော့ ''မ--ဘဲ'' ဆိုတဲ့ မရှိ/မဖြစ် အငြင်း နေရာမှာ သုံးပါတယ်။ အင်္ဂလိပ် without နဲ့ တူပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။


ကျွန်တော်ချစ်တဲ့ ရွှေမြန်မာတွေ
မြန်မစာ မြန်မာစကား တန်ဖိုးထားနိုင်ကြပါစေ
ခင်တဲ့ ပျို့မောင်ကြီး


ကာတွန်းငွေကြည်ရဲ့ ဟာသလေး

foreverfriends@ning.com တွင် ရေးခဲ့သော post လေး ဖြစ်ပါသည်။ အမှတ်တရ ပြန်တင်လိုက်ခြင်းဖြစ်ပါသည်။

0 Comments:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!