Sometimes silence is a really good answer.

မန္တလေးသူများ ဘာကြောင့် ကျနော်လို့ ပြောဆိုကြတာလဲ

နန်းမူနန်းရာ အငွေ့အသက်တွေ၊ မန္တလေးမြို့ပြတည်ဆောက်ပုံတွေကြောင့် မြန်မာ့အငွေ့အသက် မွှေးထုံနေတဲ့ ဂုဏ်ကြောင့်လဲ ရတနာပုံ ရွှေမြို့တော်ကြီးဟာ အကျော်ဒေယျ ထင်ပေါ်လှခြင်း ဖြစ်ပါတယ်။

ခြူးသန်းနဲ့ဘုံပျံ၊နတ်ဝိသုကံဖန်သလိုပင်
အံ့ဖွယ်ဘနန်း၊ရွှေတောင်နန်းသစ်လွင်
ထောင့်နှစ်ရာ့နှစ်ဆယ်၊စွန်းတစ်ပြည့်မြောက်ကဆုန်တွင်
ကုန်းဘောင်နွယ်ဘုန်းမြို့တည်မင်းတုန်းဘုရင်
အနောက်ဝယ်ရစ်ခွေ၊ဧရာမြူးရွှင်၊အေးမြမြကြည်လင်
တောင်တော်မန်းဦး၊ပျံ့ပျူးသာမြေပြင်

လို့မန္တလေးသား ဂီတစာဆိုကျော် အလင်္ကာကျော်စွာ ဆရာ မြို့မငြိမ်းကလဲ ကိန်းခန်းသိုက်ဝင် မန္တလေးမြေပြင်ကို “နန်းမြို့တော်” သီချင်းနဲ့ တခမ်းတနား စာဖွဲ့ခဲ့ဖူးပါတယ်။

အဲဒီလို ထူးခြားလှတဲ့ ရွှေမန်းမြို့ မှာ လူသိများတဲ့ ထူးခြားတာလေး တစ်ခုက ရွှေနန်းမြို့သူတွေ 'ကျွန်တော်' လို့ ပြောဆို သုံးနှုန်းတာလေးပေါ့။ ဘာလို့များပါလိမ့်လို့ စဉ်းစားမိကြတဲ့သူတွေထဲက အပျော်အပျက် ဟာသဥာဏ်ရှင် တစ်ဦးက ဒီလိုလေးပြောထားပါရဲ့....။


ရတနာပုံ မန္တလေးနေပြည်တော်ကို တည်ထောင်ခဲ့သော မင်းတုန်းမင်းတရားကြီးသည် သမိုင်းများမှတ်တမ်းအရ အလွန် ကာမဂုဏ် ခံစားမှုအားကြီးသည်ဟု လူတိုင်းကြားဖူးကြမည်ထင်သည် ။ ထို့ကြောင့် နန်းဆောင် အသီးသီးမှ ကိုယ်လုပ်တော် အသီးသီးတို့သည် မင်းတုန်မင်း စံနေသော နန်းဆောင်ကို ဖြတ်လျောက်ကြသောအခါ

မင်းတုန်းမင်က " ဟေ့ ဘယ်သူလဲ " ဟုမေးလေ့ရှိသည်။ ထိုသို့မေးသောအခါ ကိုယ်လုပ် မောင်းမအချို့တို့သည် "ကျွန်မ ပါ" ဟု ပြန်ဖြေကြလေသည်။ ထိုအခါ မင်းတုန်းမင်းကြီးက "လာခဲ့စမ်းသည်ကို" ဟုခေါ်၍ အိပ်စက်လေတော့သည်။ ကြာလာသည်နှင့်အမျှ ကိုယ်လုပ်မောင်းမတို့ကလည်း အထာနှပ်လာသဖြင့် မင်းကြီးအဆောင်ကို ဖြတ်လျောက်မိသောအခါ မင်းတုန်းမင်းကြီး မေးသောအမေးကို "ကျွန်တော်ပါ"ဟု သာပြန်ဖြေကြလေတော့သည်။ ၎င်းနန်းတွင်းမှသည် မြို့နေပြည်သူများ ဖြစ်ကြသောအရပ်သူသို့ကူးစက်၍ မန္တလေးမြို့နေသူ မန်းပျိုဖြူများကလည်း "ကျွန်တော်" ဟုသာ ပြောဆိုသုံးနှုံးလာကြလေတော့သည်။ ကျွန်တော် ဟု မန်းပျိုဖြူတို့သုံးနှုံ ပြောဆိုထားခြင်းသည် မင်းတုန်းရန်ကို ကြောက်လန့်ကြ၍ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ အခုခေတ်တွင် မင်းတုန်းမရှိသော်လည်း မန်းပျိုဖြူတို့ ကြောက်စိတ်မပြယ်သေး၍ထင့် "ကျွန်တော်" ဟူသောအသုံးကို မြိန်မြိန်ဆိုင်ဆိုင် သုံးနှုံးနေကြပါသေးသည်။

အော် လွမ်းလိုက်တာ ရွှေမန္တလေးရယ်

ရွှေမန်းသူသီချင်းလေး နားထောင်ချင်သေးရင်လေ ရွှေမန်းသူ (ခင်မောင်ထူး)


http://cyan19star.blogspot.com/ က ယူတင်ထားတာပါ၊ သူလဲ မေးလ်က၀င်လာတာတဲ့။ ရယ်ရတယ်နော်။
http://www.myanmar-ccg.org/board/topic262.html မှ မြို့မငြိမ်းရဲ့ သီချင်းစာသားလေးနဲ့ နိဒါန်းချီပေးထားပါတယ်။


ချစ်တဲ့ ပျို့မောင်ကြီး

4 စာဖတ်သူတို့စကားများ:

  1. မှတ်သားစရာပါပဲ။ကျနော်လည်း မန္တလေးမှာ ငါးနှစ်လောက်နေလာခဲ့ပါတယ်
    ဒါပေမဲ့ တွေးလဲမတွေးခဲ့ဘူး၊သိလဲမသိခဲ့ပါဘူး၊ကျေးဇူးပါ

    ReplyDelete
  2. အကိုရေ ဟာသတွေကိုလဲ အားပေးသွားတယ်
    နားအာရုံ ဘလော့ထဲကမြန်မာရှေးသီချင်းနှင့်ကျေးလက်သီချင်းကောင်းလေးတွေစုစည်းပေးထားတာကျေးဇူးပါဗျာ။

    ReplyDelete
  3. ငယ်ငယ်ကတည်းက ကြားဖူးတာ။ အဖြစ်မှန်လား၊ နောက်ပြောင်တာလားတော့ မသိပါဘူး။

    ReplyDelete

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!