Sometimes silence is a really good answer.

ဂုဏ်ပြုစာတန်း

တစ်ခါတုန်းကအမျိုးသမီးနှစ်ယောက်ဟာ နိုက်ကလပ်တစ်ခုကို သွားကြသတဲ့...
ဖြစ်ချင်တော့အဲဒီနေ့မှာပဲ ဘီယာတွေ ပရိုမိုးရှင်းလုပ်တဲ့ အနေနဲ့ အခမဲ့သောက်သုံးခွင့် ပေးတာနဲ့ ကြုံနေပါရော...။  ဒါနဲ့ အမုန်းကဲပြီး အပီသောက်လိုက်ကြပါသတဲ့ မူးမူးနဲ့ လမ်းလျှောက်အပြန်လမ်းမှာ ရူးရူးပေါက်ချင်စိတ်က တားမရဆီးမရ ဖြစ်ပါလေရော..။ ဒါနဲ့ဘေးဘီကိုကြည့်လိုက်တော့ သင်ချိုင်းတစ်ခုတွေ့ပါသတဲ့။
  1. ပထမအမျိုးသမီး။ ။ ဒီထဲမှာလူရှင်းတယ် ၀င်ပေါက်လိုက်ကြရအောင်...။
  2. ဒုတိယအမျိုးသမီး။ ။ကြာသလားလို့လုပ်လိုက်လေ...။
အဲဒီလိုနဲ့မူးမူးနဲ့ရူးရူးပေါက်လိုက်ကြတာ ခြေထောက်တွေစိုစိုရွှဲကုန်ပါလေရော။ ပထမအမျိုးသမီးကတော့ သူ့မှာဝတ်လာတဲ့ အတွင်းခံဘောင်းဘီကို ချွတ်ပြီး သန့်ရှင်းရေးလုပ်ကာ ဘောင်းဘီကိုလွှတ်ပစ်ခဲ့ပါတယ်။ ဒုတိယအမျိုးသမီးမှာတော့ သူယောင်္ကျား ၀ယ်ပေးလိုက်တဲ့ အသစ်ဂျပ်ချွတ်လေးဆိုတော့  မလုပ်ရက်ဖူးဖြစ်နေတယ်.။ ဒါနဲ့ အုတ်ဂူပေါ်မှာတွေ့တဲ့ အနီေ၇ာင်ဖဲကြိုးပြားတစ်ခုကို ယူပြီး သန့်ရှင်းရေးလုပ်ခဲ့ပါတယ်..။ ဖြစ်ချင်တော့ကိစ္စတွေပြီးလို့  ဘောင်းဘီပြန်ဝတ်တဲ့ အချိန်မှာ ဖဲကြိုးအနီလေးဟာ ခါးပတ်နှင့်ချိတ်မိပြီး ပါသွားပါလေရော...။


ထိုအမျိုးသမီးနှစ်ယောက် အိမ်ပြန်ရောက်ပြီးချိန်မှာပဲ သူတို့ရဲခင်ပွန်းဖြစ်သူ နှစ်ယောက်ဟာ ဖုန်းဆက်ပြီး အောက်ပါအတိုင်း ပြောကြပါသတဲ့

1.ပထမခင်ပွန်း

ဒို့အိမ်ကဟာနှစ်ယောက်ကိုတော့ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူးဟေ..။ဒီနေ့ငါ့မိန်းမပြန်လာတော့ အတွင်းခံဘောင်းဘီပါမလာဘူးကွာ...တစ်ခုခုတော့တစ်ခုခုပဲ။
2.ဒုတိယခင်ပွန်း

အေး..မင်းကဘာဟုတ်သေးလဲကွာ..ငါ့မှာရူးတောင်ရူးချင်နေပြီ။ ငါ့မိန်းမပြန်လာတော့ ဂုဏ်ပြုစာတန်းတောင် ပါလာသေးတယ်။ ဘာတဲ့ “ခင်ဗျားကို ကျုပ်တို့တပ်စု တစ်ခုလုံးက မှတ်မှတ်ရရရှိနေမှာပါ“  တဲ့ကွာ။

မူရင်း မသိပါ။ သိလျှင် ပြောပြပေးခဲ့နော်။

3 စာဖတ်သူတို့စကားများ:

  1. ဟဲဟဲ အားပေးသွားတယ်ဗျ....ကြိုးစားပါ။

    ReplyDelete
  2. သူငယ်ချင်းရေ လာလည်သွားတယ် ဂုဏ်ပြုစာတမ်းတော့ မချိတ်လိုက်ပါနဲ့

    ReplyDelete
  3. ဟာဗျာ ဘယ်သူမှန်းလဲ မသိဘဲနဲ့ မချိတ်ပါဘူးဗျာ

    ReplyDelete

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!