မြန်မာနိုင်ငံ၏ မိခင်သေဆုံးမှုနှုန်းမှာမြို့ပြထက် ကျေးလက်ဒေသများတွင် ပိုများကြောင်း၊ မိခင်သေဆုံးရသော အဓိကအကြောင်းအရင်းများမှာ မွေးပြီးသွေးလွန်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းနှင့် သားပျက် သားလျှောခြင်းတို့ဖြစ်ကြောင်း သိရပါသည်။ ကျန်းမာရေး ၀န်ကြီးဌာနမှ ကောက်ယူရရှိသော စာရင်းဇယားများအရ ၂၀၀၆ ခုနှစ်တွင် အရှင်မွေးတစ်သိန်း၌ ၁၉၀ ဦး၊ ၂၀၀၇ ခုနှစ်တွင် ၁၇၀ ဦး၊ ၂၀၀၈ ခုနှစ်တွင် ၁၅၀ဦးသို့လည်းကောင်း ကျဆင်းခဲ့ပြီး နောက်ဆုံးကောက် ယူထားသောစာရင်းအရ ၂၀၀၉ ခုနှစ်တွင်၁၄၄ ဦးအထိ ကျဆင်းခဲ့ကြောင်း သိရသည်။
အလားတူပင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ အဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့နှင့် ကမ္ဘာ့ဘဏ်အဖွဲ့တို့မှ မိခင်သေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံပေါင်း ၁၈၁ နိုင်ငံတွင် ၁၉၈၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိလေ့လာခဲ့ရာတွင် မိခင် သေဆုံးမှုနှုန်းသည် ၁၉၉၀ ပြည့်နှစ် တွင် အရှင်မွေးတစ်သိန်း၌ ၄၂၀ ဦးရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အရှင် မွေးတစ်သိန်း၌ ၂၄၀ ဦးသို့ကျဆင်းခဲ့ကြောင်း ယခုလက်ရှိ သေဆုံးမှုနှုန်း အချက်အလက်ကိုမူ မရရှိသေးကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ နှစ်စဉ်ကိုယ်ဝန်ဆောင်များ မွေးဖွားမှုနှုန်းမှာ ၁ ဒသမ ၃ သန်းရှိပြီး ကလေးမွေးဖွားရာတွင် ကျွမ်းကျင်သူနှင့်မွေးဖွားသော ရာခိုင်နှုန်းမှာ ၆၄ ရာခိုင်နှုန်း သာရှိကြောင်း၊ အရန်သားဖွားနှင့် မွေးဖွားသူအပြင် အရပ်လက်သည်၊ ရမ်းကုဆရာ၊ ခင်ပွန်းနှင့်မိမိကိုယ်တိုင် မွေးဖွားမှုနှုန်းသည် ၃၆ ရာခိုင်နှုန်း ရှိသည်ဟု သိရပါသည်။ မိခင်သေဆုံးမှုနှုန်း လျော့ကျစေရန်အတွက် ကျွမ်းကျင်သူနှင့် မွေးဖွားနိုင်အောင် အသိပေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအား အရည်အသွေးမြှင့်တင်နိုင်ရန် သင်တန်းများပို့ချခြင်း၊ သင်တန်းကျောင်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊ သင်တန်းအပြီး ထောက်ပံ့ပစ္စည်းများ ပံ့ပိုးပေးခြင်း စသည့်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ မူရင်း http://www.news-eleven.com/index.php?option=com_content&view=article&id=7706:2011-03-23-09-10-26&catid=42:2009-11-10-07-36-59&Itemid=112 |
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment