Sometimes silence is a really good answer.

မဲဆိုင်သူလေးပြောပြတဲ့ ငလျင်

မဲဆိုင် က ကျွန်တော့် ညီမတစ်ယောက်ဆီကို ဖုန်းဆက်ကြည့်ပါတယ်။ အိပ်ရေးပျက်လွန်းတဲ့ အသံနဲ့ ပြောပြတာလေးကို တင်ပြပါရစေ။
''ညတုန်းက အိပ်ရေးပျက်လို့ အခု အိပ်နေတာ၊ ဘယ်နားမှာ အိပ်နေတာလဲ သိလား၊ တံခါးပေါက်နားလေးမှာ အိပ်နေတာလေ၊
အခြေအနေ မကောင်းရင် ထဂျောင်းရအောင်မို့ပေါ့၊ ည (၉) နာရီကျော်လောက်မှ စ ဖြစ်တာ၊ တော်သေးတယ် ထမင်း စောစောစားထားလို့ ၊ မဟုတ်ရင် မနေ့က ထမင်းတောင် ငတ်နိုင်တယ်၊ အစောက တစ်နေရာမှာ သွားနေကြတာ၊ ဒါပေမဲ့ ကားနဲ့လှည့်ကြည့်တဲ့ လုံခြုံရေးတွေက အဲဒီနေရာမှာလဲ မနေနဲ့၊ နောက်ထပ် လာမယ့်အခြေအနေက ဒီနားမှာနေလဲ စိုးရိမ်ရသေးတယ် ဆိုလို့ ကွင်းပြင်ကျယ်ကြီး တစ်ခုဆီ ပြောင်းပြီး နေခဲ့ကြရတာ၊ လမ်းတွေပေါ်မှာလဲ လူတွေ ပြည့်လို့၊ ကွင်းပြင်ကြီးထဲ ဆိုတော့ အိပ်လို့လဲ မရဘူး၊ ပါလာတဲ့ အ၀တ်နဲ့ခြုံစရာ နည်းနေလို့ ငလျင်ငြိမ်နေတုန်း အိမ်ကို ပြေးယူတယ်၊ အဲဒီ အချိန်မှာတောင် နဲနဲတော့ လှုပ်နေတာပဲ၊ ငလျင်လှုပ်လိုက် နားလိုက်နဲ့ သွားယူခဲ့ရတယ်၊ ငလျင်က ခဏခဏ လှုပ်တယ်၊ ဘယ်နှကြိမ်မှန်းတောင် မမှတ်မိနိုင်တော့ပါဘူး၊ ဟော ပြောရင်း ဆိုရင်း လှုပ်နေပြန်ပြီ (၁၁ နာရီ ကျော်လောက်တွင်)၊ ဂျပန်မှာ အရမ်းဆိုနေလို့များ တို့ဆီ လှုပ်တာလာားဆိုပြီး ဂျပန်က သငယ်ချင်းဆီ ဖုန်းဆက် မေးကြည့်တော့ ဒီမှာ ဘာမှ မဖြစ်ဘူး လို့ ပြောတယ်၊  သူတို့ ဂျပန်မှာလဲ ခဏခဏတော့ နည်းနည်းချင်း လှုပ်နေတာပဲတဲ့၊ တစ်ချို့ရက်တွေမှာဆို ဆယ်ကြိမ်လောက်တောင် လှုပ်တယ်ဆိုလား၊ တာချီလိတ်မှာလဲ အရမ်းလှုပ်တယ်တဲ့၊  အခု တာချီလိတ်မှာ နေနေတဲ့ အမေ နဲ့ မောင်လေး ဒီကို ရောက်လာတယ်၊ ဒီ မဲဆိုင်မှာရှိတဲ့ အိမ်ကတော့ တစ်ချို့နေရာတွေ အက်သွားတယ်၊ ထပ်ချဲ့ထားတဲ့ နေရာတွေပါ၊ အဆက်မို့ အက်သွားတယ် ထင်ပါတယ်၊ ဟိုနား သုံးလေးအိမ်ကျော်လောက်ကတော့ အိမ်ပြိုသွားတယ်၊ အခု နေစရာတောင် မရှိဖြစ်နေတယ်၊ (၇)နာရီလောက်မှ ကွင်းပြင်ကနေ အိမ်ကို ရွှေ့လာကြတာ၊ အဲဒီထဲက အိပ်လိုက်တာ အခုထိပဲ၊ အိပ်ရေးလဲ မ၀ပါဘူး၊ အိပ်လိုက် နိုးလိုက် ပြီးတော့ ဖုန်းလာလိုက် ပြောပြလိုက်နဲ့၊ ကဲ ထမင်း စားဖို့ ပြင်လိုက်အုံးမယ် အစ်ကို ပျို့မောင်ကြီးရေ'' တဲ့။

စိတ်မကောင်းပါဘူးဗျာ၊ ဒါပေမဲ့ ဘာမှ မတတ်နိုင်တော့ ၀မ်းနည်းရပြီပေါ့။ အားလုံး ဘေးရန်အပေါင်းက လွတ်ကင်းကြပါစေ လို့ ဆုမွန်ချွေလိုက်ပါတယ်ဗျာ။

0 Comments:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!