Sometimes silence is a really good answer.

ဂျပန်ရောက် မြန်မာကျောင်းသား နှင့် လုပ်သားအချို့ နေရပ်ပြန်လာ

ဂျပန်နိုင်ငံရှိ ဘာသာစကား သင်တန်းကျောင်းများ၊ တက္ကသိုလ်များတွင် ပညာသင်ယူနေကြသော မြန်မာ ကျောင်းသားအချို့နှင့် လုပ်ငန်းခွင် ၀င်ရောက်နေသူအချို့ မြန်မာနိုင်ငံသို့ အခိုက်အတန့် ပြန်လည်ရောက်ရှိမှုများ ရှိလာကြောင်း သတင်းရရှိပါသည်။


ဂျပန်နိုင်ငံသည် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က သမိုင်းတွင် အင်အားအကြီးမားဆုံးသော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ လူပေါင်းများစွာ သေကြေပျက်စီးမှုများ၊ ပျောက်ဆုံး မှုများကို ရင်ဆိုင်ခဲ့ရသည်။ ငလျင် ဒဏ်ပြီးနောက်တွင်လည်း နျူစွမ်းအင်စက်ရုံမှ ဓာတ်ပေါင်းဖိုများပေါက်ကွဲမှု၊ နောက်ဆက်တွဲငလျင်များ လှုပ်ခတ်မှုတို့ကို ရင်ဆိုင်ခဲ့ရသော နိုင်ငံဖြစ်သည်။

ဂျပန်နိုင်ငံသည် မြန်မာလူငယ် ကျောင်းသားများ ပညာသင်နှင့် အလုပ်အကိုင် အခွင့်အလမ်းအတွက် သွားရောက်မှုများပြားသော နိုင်ငံများတွင်ပါဝင်ပြီး မြန်မာကျောင်းသားဦးရေ ထောင်ဂဏန်းဝန်းကျင်နှင့် မြန်မာလုပ်သားဦးရေ သောင်းဂဏန်းဝန်းကျင် ရောက်ရှိနေသည်ဟု လေ့လာသူများ၏ အဆိုအရသိရှိရသည်။ ထို့ပြင်အစိုးရ ပညာတော်သင်အစီအစဉ်ဖြင့် ဂျပန်နိုင်ငံတွင်ရောက်ရှိနေသော မြန်မာဝန်ထမ်းများလည်း တိုကျို၊ ကျိုတို၊ နာဂိုယာ၊ အိုဆာကာစသော မြို့များတွင် အသီးသီးရှိနေကြသည်။

"ကျောင်းက နှစ်ပတ်လောက် ပိတ်လိုက်ပါတယ်။ အရင်ကတော့ ကျောင်းပိတ်လည်း အလုပ်ဝင်လုပ်ပြီး မပြန်ဖြစ်ကြဘူး။ ဒီနှစ်တော့ ကြောက်တာကြောင့်လား မသိဘူး၊ ပြန်လာကြတယ်။ တိုကျိုက မပျက်စီးတဲ့အတွက် တိုကျိုမှာရှိတဲ့ မြန်မာ ကျောင်းသားတွေ တက်နေတဲ့ကျောင်းတွေလည်း မပျက်စီးပါဘူး" ဟု ၂၀၁၁ ခုနှစ် မတ်လ ၁၉ ရက်နေ့က ပြန်ရောက်လာသော မြန်မာ ကျောင်းသားတစ်ဦးက ဆိုသည်။ "အလုပ်သမားတချို့လည်း ပြန်လာတယ်လို့ သိရပါတယ်"ဟု ဂျပန်နိုင်ငံ၌ အလုပ်သွားရောက် လုပ်နေသူတစ်ဦး၏ ဆွေမျိုးဖြစ်သူ ရန်ကုန်မြို့ခံတစ်ဦးက ပြောပြသည်။

မြန်မာကျောင်းသား လူငယ်များ နှင့် လုပ်သားများ နေရပ်ပြန်လာမှုသည် ၂၀၁၁ ခုနှစ် မတ်လ တတိယပတ် အတွင်းတွင်ဖြစ်ပြီး အချို့မှာမူ ဂျပန်နိုင်ငံ၌ လက်ရှိနေထိုင်နေသော မြို့များ၌သာ ဆက်လက်နေထိုင်နေ ကြသည်ဟု သိရှိရသည်။

ဂျပန်နိုင်ငံရှိ တက္ကသိုလ်၊ ဘာသာ စကားသင်တန်းကျောင်းများ စသည် တို့သည်လာမည့်ဧပြီလတွင် အတန်းသစ်များ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းအချိန်တွင် အတန်းသစ်စတင် တက်ရောက်ရန် မြန်မာနိုင်ငံမှ ကျောင်းသားသစ်များအဖြစ် ထွက်ခွာမည့်သူများလည်း ရှိနေကြပြီး ပိတ်ရက်တွင် ပြန်ရောက်လာသူများလည်း ပြန်လည်ထွက်ခွာကြမည်ဟု သိရှိရသည်။

"ဧပြီလဆန်းမှာ တက္ကသိုလ်ဖွင့်မှာဖြစ်တဲ့အတွက် မတ်လကုန်ပိုင်းလောက်ကို ဂျပန်ကို ပြန်ရပါမယ်" ဟု ရက်သတ္တပတ်နှစ်ပတ်မျှ လာရောက်နေထိုင်သူ မြန်မာကျောင်းသူတစ်ဦးက ပြောပြသည်။

0 Comments:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!