Sometimes silence is a really good answer.

ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ

တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုရှေ့မှာ မားမားမတ်မတ်ကြီးရပ်ပြီး  စူးစိုက်ကြည့်နေတဲ့  ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။

လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ" လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။

အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူသတည်း။

MeTtwe က gtalk မှ ဖတ်စေခဲ့သော ဟာသလေးဖြစ်ပါသည်။
အရမ်းကြိုက်ပါသည်။ ဖတ်ချင်ဖွယ်ဖြစ်အောင် အတတ်နိုင်ဆုံး ပြင်ဆင် တင်ပြပေးထားပါသည်။ 
မူရင်းမသိရသော ဟာသများအတွက် ခေါင်းစီးလေးတွေကို သင့်သလို တင်ထားပါသည်။ ရယ်မောပျော်ရွှင်နိုင်ပါစေနော်။

ချစ်တဲ့ပျို့မောင်ကြီး

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!