Sometimes silence is a really good answer.

ယနေ့လူငယ်နှင့်ပညာရေး

ယခုခေတ် လူငယ်များအများစုသည် နိင်ငံရပ်ခြားသို့သွားရောက်ခါ ပညာသင်ကြားခြင်းသည် အတော်ပင်ခေတ်စားလျှက်ရှိသည်။ မိဘများအနေဖြင့်လည်း မိမိတို့၏သားသမီးများ နိင်ငံရပ်ခြားသို့ ပညာသင်ယူခြင်းအပေါ်တွင်လည်း ၀မ်းမြောက်ဝမ်းသာရှိသကဲ့သို့ ဂုဏ်ယူသကဲ့သို့ ရှိနေကြသည်။
ဤသသည်မှာ ယနေ့ခေတ်စားနေသော လူငယ်ပညာရေးပင် ဖြစ်သသည်။ နိင်ငံရပ်ခြားသို့ ပညာသင်ယူခြင်းသသည် ခေတ်လူငယ်များအတွက် မိမိတို့ဘ၀ရှေ့ရေးကို တိုးတတ်ကောင်းမွန်စေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ကျွှန်တော်တို့တခုစဉ်းစားသင့်သည်မှာ မိမိတို့သည် မည်သည့်ရည်ရွယ်ချက်ဖြင့် သွားရောက်သင်ယူနေကြခြင်းကိုတော့ ယနေ့လူငယ်များ သိရှိရန်လိုအပ်သည်။ ပညာသွားရောက်သင်ယူသည်။
ဆိုရာတွင် မိမိတို့၏ ငွေကြေးအတိုင်းအတာ တန်ဖိုးရှိလှသော ကျွှန်နုပ်တို့၏အချိန် အသက်အရွယ် အားလုံးကို ရင်း၍အသုံချရတာပါ။
၁။ မိမိသည် မည်သည့်ပညာရပ်အား သင်ယူလိုခြင်း
၂။ မိမိအတွက် အသုံးဝင်နိုင်သော ပညာရပ်ဟုတ်မဟုတ် သေချာစွာ ဆန်းစစ်လေ့လာခြင်း
၃။ မိမိတက်ရောက်သောကျောင်း၏ အဆင့်အတန်းကို ကြိုတင်လေ့လာရန်လိုခြင်း
၎။ မိမိသသည်ထိုပညာရပ်နှင့် အသက်မွေးဝမ်းကျောင်းပြုမည်လော သို့မဟုတ်
၅။ မိမိသသည် ထိုပညာရပ်ဖြင့် နိင်ငံခြားတွင် အလုပ်အကိုင်ပြု၍ နေထိုင်မည်လော သို့မဟုတ်
တခဏသာ အလုပ်ဝင်၍ နေထိုင်ပြီး မိမိနိင်ငံသို့ပဲ ပြန်မည်လော
၆။ မိမိသင်သောပညာရပ်သည် မိမိ၏လက်ရှိအခြေနေနှင့် လုပ်ငန်းထူထောင်ရန် ကိုက်ညီမှု သင့်မသင့်
စသဖြင့် အခြေခံ အချက်လက်များအားဉီးစွာ စဉ်းစားခြင်းဖြင့်သာ အကောင်းဆုံး ကြိုတင်မှုနှင့်အတူ ချင့်ချိန်ရန်လိုအပ်ပါသည်။

လက်ရှိ ကျွှန်နုပ်၏သူငယ်ချင်းများတွင်လည်း အချို့မှာ ကျောင်းပြီး၍ အမိနိင်ငံသို့သာ ပြန်သွားရခြင်း ကျောင်းပြီး၍ အလုပ်တနေရာ ရရန်အတွက် ခက်ခက်ခဲခဲဖြင့် ရရာအလုပ်တခုခုကို လုပ်ကိုင်နေရခြင်း စသဖြင့် မိမိကိုယ်တိုင်တွေ့မြင်လာရသောအခါ နောက်လာမည့်ညီအကို မောင်နှမ အနေဖြင့် နိုင်ငံရပ်ခြားသို့ မသွားရောက်မီ မိဘများနှင့်အတူ သေချာစွာ တိုင်ပင်ဆွေးနွေးပြီး နီးစပ်ရာ အပေါင်းသင်းများနှင့်လည်း ဆန်းစစ်လေ့လာသင့်ကြောင်း မှတ်ချက်ပြုပါတယ်။

http://cyan19star.blogspot.com/2009/03/blog-post_6127.html မှကူးယူတင်ပြသည်။

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!