Sometimes silence is a really good answer.

အက်ဆစ်မိုး ကောလာဟလ


ဂျပန်နိုင်ငံမှ နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာတွင် ယင်း၏နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံ၌လည်း အက်ဆစ် မိုးများ ရွာသွန်းနိုင်သည်ဟူသော ကောလာဟလများ ထွက်ပေါ်နေရာ တွင် ယင်းမှာ ရူပဗေဒသဘောတ ရားအရ၊ မိုးလေ၀သ သဘောတရား များအရပါ လုံးဝဖြစ်ပေါ်နိုင်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။

အင်အားပြင်းငလျင်ကြောင့် ဂျပန်နိုင်ငံ ဖူကူးရှီးမားနျူစွမ်းအင် စက်ရုံတွင် ဓာတ်ပေါင်းဖို ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ရာတွင် ယင်းမှထွက်ရှိသော ဓာတ်ရောင်ခြည်များကြောင့် မြန်မာနိုင်ငံတွင်လည်း အက်ဆစ်မိုးများ ရွာသွန်းနိုင်သည်ဟူသော ကောလာဟလသည် ၂၀၁၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် စတင်ထွက်ပေါ် ကာ မတ်လ ၁၅ ရက်နေ့တွင်မူ ပိုမို ပျံ့နှံ့လာခဲ့သည်။

"အင်တာနက်သုံးစွဲတဲ့ လူငယ်တွေအချင်းချင်းကြားမှာ တစ်ဦးနဲ့ တစ်ဦး အီးမေးလ်ပို့တာ၊ သတိပေးကြတာ၊ ဂျီတော့ခ်တွေမှာ တင်ထားတာ မတ်လ ၁၄ ရက်နေ့လောက်မှာ စပြီး လုပ်လာကြတယ်။ အရပ်ထဲမှာတော့ ဒီလိုပဲ စကားတွေပျံ့နှံ့ရာက အက်ဆစ်မိုးရွာမယ်ပဲ ထင်နေကြတယ်။ ဒီရက်ပိုင်းရာသီဥတုကလည်း မှိုင်းနေတော့ စိတ်ပူတာတွေ ရှိလာကြတယ်"ဟု ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ပြောကြားသည်။



ပေါက်ကွဲမှုဖြစ်ပွားသည့် ဖူကိုရှီးမား နျူစွမ်းအင်စက်ရုံကို ကောင်းကင်ယံမှ မြင်ရပုံ

အင်တာနက်လူမှုရေး ၀က်ဘ်ဆိုက်များတွင် ပျံ့နှံ့နေသော Text Massage တစ်ခုတွင် ဘီဘီစီသတင်းဌာနမှ ထုတ်ပြန်သယောင် ၊ တချို့က Eleven Media က ထုတ်ပြန်သယောင် လိမ်လည်ဖော်ပြထားပြီး ထိတ်လန့်ဖွယ် သတိပေးချက်များပါရှိခဲ့သည်။ ဂျပန် အစိုးရက ဖူကူရှီးမားနျူစက်ရုံများ မှ ဓာတ်ရောင်ခြည်ဖြာထွက်မှု ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း၊သို့ဖြစ်၍ အာရှနိုင်ငံများသည် ကြိုတင် ကာကွယ်မှုများ လုပ်သင့်ကြောင်း၊ နေ အိမ်တွင်း ၂၄ နာရီနေရမည်ဖြစ်ကြောင်း စသည်ဖြင့် လုပ်ကြံရေးသားထားပြီး ရောက်လာနိုင်သည့်အချိန်ကိုပါ ဖော်ပြထားမှုမျိုးရှိခဲ့သည်။ မိမိ ခင်မင်သိကျွမ်းသူများကို လက်ဆင့်ကမ်းစေလိုကြောင်း ပါပါရှိခဲ့သည်။ ဒေသတွင်းနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှားတို့တွင်လည်း ယင်းကောလာဟလ ပျံ့နှံ့ခဲ့ပြီး ထိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ယူဆရသည်။

အက်ဆစ်မိုးနှင့် ပတ်သက်၍ အချင်းချင်း သတိပေးရာမှ ပျံ့နှံ့လာသော သတင်းများ၊ ကောလာဟလ များအပေါ် အာရှနိုင်ငံအချို့တွင် သက်ဆိုင်ရာနိုင်ငံအဖွဲ့အစည်းများ က အက်ဆစ်မိုး ရွာသွန်းနိုင်ခြင်းမရှိကြောင်း သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ရသည်။

ဖိလစ်ပိုင်နိုင်ငံမှ ဖိလစ်ပိုင်နျူ ကလီးယား သုတေသနအဖွဲ့အစည်း နှင့် ဖိလစ်ပိုင် Philippine Atmo-spheric, Geophysical and Astro-nomical Services Administration တို့က ဖိလစ်ပိုင်ပြည်သူများ အက်ဆစ်မိုးနှင့် ပတ်သက်၍ စိုးရိမ်မှုများ မရှိရန် ထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။

"မြန်မာနိုင်ငံမှာ အက်ဆစ်မိုး ရွာမယ်ဆိုတာ လုံးဝမရှိနိုင်ပါဘူး။ ဒါကတော့ အကြောင်းအချက် သုံးချက်လောက်ရှိပါတယ်။ တစ်အချက်ကတော့ ဓာတ်ရောင်ခြည်တွေဟာ ရေငွေ့နဲ့ထိရင် အက်ဆစ်ဖြစ်လာအောင် ဓာတ်ပြုနိုင်တဲ့ ပစ္စည်းလည်း မဟုတ်ဘူး။ မိုးရေနဲ့အတူ မျောပါသွားနိုင်ပေမယ့် အက်ဆစ်မိုးမဖြစ်နိုင်ပါဘူး။ ဒုတိယတစ်ချက်ကတော့ ဖြစ်ရပ်ဟာ သူ့ပတ်ဝန်းကျင်နိုင်ငံတွေမှာပဲ သက်ရောက်နိုင်ပါတယ်။ တတိယတစ်ချက်ကတော့ အနီးဆုံးက ရုရှားနိုင်ငံ အရှေ့ပိုင်းဖြစ်ပြီး အဲဒီမှာဘယ်လို ထူးခြားသလဲ လေ့လာကြည့်တော့ နှိုးဆော်တာတွေလုပ်ပေမယ့် ဆိုးဆိုးဝါးဝါးဖြစ်မယ်လို့ မျှော်လင့်ထားတာမဟုတ်ဘူး။ ဓာတ်ငွေ့သင့်တာ တော့ရှိမယ်၊ ဒါပေမယ့် မဆိုးဝါးဘူးလို့ ရုရှားက မျှော်လင့်ပုံရပါတယ်"ဟု Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ပြောကြားသည်။

"နောက်တစ်ခုက ဓာတ်ရောင်ခြည်တွေ ပျံ့နှံ့ဖို့ဆိုရင် မိုးလေ၀သဖြစ်စဉ်တွေက အရေးပါလာပါတယ်။ ဖြစ်တဲ့နေရာမှာ အေးပြီးမိုးရွာမယ်၊ ဆီးနှင်းကျမယ်ဆိုရင်တော့ အဲဒီမှာပဲ မြေကြီးပေါ်ပြန်ကျမယ်၊ မြေကြီးပေါ် ရောက်သွားရင် မပျံ့နှံ့နိုင်တော့ပါဘူး။ အခု အဲဒီနေရာမှာ အပူချိန်က ၁၀ ဒီဂရီ စင်တီဂရိတ်အောက်မှာပဲ ရှိနေတယ်။ မိုးလည်းရွာနေတယ်။ နောက်ပြီး လေတအားတိုက်နေတဲ့ နေရာမှာလေဟာ အနောက်လေဖြစ်ပြီး မြန်မာနိုင်ငံဘက်ကို သက်ရောက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရူပဗေဒသဘောအရရော မိုးလေ၀သ သဘောအရပါ လုံးဝမဖြစ်နိုင်ပါဘူး" ဟု ဒေါက်တာထွန်းလွင်က ရှင်းလင်း ပြောကြားသည်။

မြန်မာနိုင်ငံ အောက်ပိုင်း၌ ယခု လက်ရှိဖြစ်ပေါ်နေသော မိုးအုံ့မှိုင်းခြင်း၊ မိုးရွာသွန်းခြင်း စသည့် ရာသီဥတုဖြစ်စဉ်သည် မတ်လ ၁၈ ရက် နေ့အထိ ရှိနိုင်ကြောင်း သိရှိရသည်။

မတ်လ ၁၅ ရက်နေ့မွန်းလွဲပိုင်းအထိ နောက်ဆုံးရရှိသောသတင်း များအရ ဓာတ်ရောင်ခြည်ဖြာထွက် မှုမှာ ဂျပန်တွင်မူ ၁၅ ရက်နေ့အစောပိုင်းက မြင့်တက်နေရာမှ ပြန်ကျသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရေဒီယိုသတ္တိကြွတိမ်ထုများ နှင့် အက်စစ်မိုးများရွာသွန်းမည် ဆိုသော ကောလာဟလများမှာ ဖိလစ်ပိုင်တွင်လည်း Text Massage မှ တစ်ဆင့်ပျံ့နှံ့ခဲ့ခြင်းပင်ဖြစ်သည်။ ဖိလစ်ပိုင် နျူကလီးယားသုတေသန အင်စတီကျုက ဖူကူရှီးမားနျူစွမ်း အင်စက်ရုံပေါက်ကွဲပြီးနောက်တစ် ရက်တွင်ပင် လေထုအတွင်း ရေဒီယိုသတ္တိကြွမှု ရှိမရှိစမ်းသပ်ခဲ့သော်လည်း ဖြစ်ပွားသည်ကို မတွေ့ရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဖိလစ်ပိုင်ရာသီဥတု ခန့်မှန်းသူ ရေမွန်အော်ဒီနာရီယိုကလည်း "ဒါအဓိပ္ပာယ်မရှိပါဘူး။ ပေါက်ကွဲတဲ့ နေရာကအဝေးကြီးပါ။ အဲဒါက ကျွန်တော်တို့ဆီမှာ မိုးရွာသွန်းမှုကို သက်ရောက်မှုမရှိစေနိုင်ပါဘူး"ဟု သုံးသပ်ခဲ့သည်။

"လူတွေအထိတ်တလန့်ဖြစ်အောင် မသမာသူတစ်ချို့က သတင်းလွှင့်တာဖြစ်ပါတယ်။ အချို့တွေက ဖုန်း Massageတွေကတစ်ဆင့် ပျံ့နှံ့နေတာပါ။ ရရှိထားတဲ့ သတင်း အချက်အလက်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ့ရဲ့ပြောပြချက်အရ အက်စစ် မိုးရွာနိုင်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ကောလာဟလ သာဖြစ်ပါတယ်"ဟု Weekly Eleven News ဂျာနယ်အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက် နေ့တွင် ဂျပန်နိုင်ငံ၌ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီဖြစ်ပေါ် ခဲ့ကာ ပစိဖိတ်သမုဒ္ဒရာ ၀န်းကျင်နိုင်ငံများတွင် ဆူနာမီသတိပေးမှုများပြု လုပ်ခဲ့ရသည်။

ဂျပန်နိုင်ငံ မီယာဂီခရိုင်ရှိ ဖူကူးရှီးမား နျူစွမ်းအင်စက်ရုံမှ ဓာတ် ပေါင်းဖိုများပေါက်ကွဲမှုကြောင့် တို ကျိုမြို့၏ မြောက်ဘက်ဒေသများ၌ ရေဒီယိုသတ္တုကြွမှု Level မြင့်တက်လာကြောင်း မတ်လ ၁၅ ရက်နေ့ သတင်းများတွင် ပါရှိခဲ့ပြီး ဂျပန်နိုင်ငံ အနုမြူထိန်းသိမ်းရေး အေဂျင်စီက နိုင်ငံတကာ အနုမြူအေဂျင်စီအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စုသို့ အကူအညီများပေးနိုင်ရန် တောင်းဆိုထားသည်။

အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီနှင့် ဂျပန်အစိုးရ တို့ကလည်း ဓာတ်ရောင်ခြည်ဖြာ ထွက်မှုရှိနေကြောင်း ထုတ်ပြန်ထားခဲ့သော်လည်း စက်ရုံတစ်ဝိုက် ကီလို မီတာ ၂၀ အတွင်းရှိဒေသခံများကို သာဖယ်ရှားခိုင်းထားခြင်းဖြစ်ပြီး ယင်းကီလိုမီတာ ၂၀ ပြင်ပ ၁၀ ကီလိုမီတာအတွင်းရှိ ဒေသခံများကို နေအိမ်အပြင်မထွက်ရန် သတိပေးထားခြင်းသာ ရှိနေသည်။

အက်စစ်မိုးဆိုသည်မှာ . . .

အက်ဆစ်မိုးရွာသွန်းခြင်းသည် မိုးရေတွင် ပုံမှန်ရှိရမည့် PH7ထက် နည်းပါးသော ပမာဏဖြင့် အက်ဆစ်ဓာတ်များ ပါဝင်ကာ မိုးရွာချခြင်းဖြစ်ပြီး အက်ဆစ်မိုးကြောင့် ဖြစ်ပေါ်သည့် သက်ရောက်မှုများမှာ အရေပြားရောဂါများဖြစ်ပေါ်ခြင်း၊ သစ်ပင်များ သေကြေပျက်စီးခြင်းတို့ ဖြစ်သည်။ ဓာတ်ရောင်ခြည်သင့်သည့် ဖြစ်စဉ်မှာမူ မအီမသာဖြစ်ခြင်း၊ ရောင်ခြည်သင့်မှု ပိုများပါက ခန္ဓာကိုယ်၏ သုံးပုံတစ်ပုံတွင် ရောဂါရခြင်း၊ သေကြေခြင်းတို့ဖြစ်ပေါ်နိုင်သည်။

အက်စစ်မိုးဆိုသည်မှာ ဆာလ်ဖာနှင့် နိုက်ထရိုဂျင်ကဲ့သို့သော အငွေ့ များနှင့် ရေတို့တိမ်ထုအတွင်း ရောနှောဓာတ်ပြုမှသာ ဖြစ်ပေါ်ခြင်းဖြစ်ကြောင်း၊ ရေဒီယိုသတ္တိကြွပစ္စည်းများမှာ သတ္တုပုံစံသာ ဖြစ်သောကြောင့် ရေနှင့်ဓာတ်မပြုနိုင်ကြောင်း ဖိလစ်ပိုင်ရာသီဥတု ခန့်မှန်းသူ ရေမွန် အော်ဒီနာရီယိုက သုံးသပ်ခဲ့သည်။
Ref;AFP,Daily Inquier,CNN,AP, BdST Photo ; AFP

http://www.news-eleven.com/index.php?option=com_content&view=article&id=7590:2011-03-15-08-28-36&catid=42:2009-11-10-07-36-59&Itemid=112   မှ

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!