Sometimes silence is a really good answer.

ပျော်လိုက်မိသည် ပျော်ခဲ့သည်

မဲဆိုင်က ညီမတစ်ယောက် ပို့လိုက်တဲ့ အက်ဆစ်မိုး ကောလာဟလ သတင်းလင့်ခ်လေး ကို နှိပ်ကြည့်လိုက်ရာက...
ပျော်စရာ သတင်လေး ဖတ်လိုက်ရတယ်ဗျာ။
ဘာလို့ပျော်သွားတာလဲ ? ပြောပြခွင့်ရှိမယ်ဆို ပြောပြချင်ပါတယ်။
နောက် ကြုံမှပဲ ပြောပြပါတော့မယ်ဗျာ နော်။
အရမ်းပျော်လွန်းလို့ ပျို့မောင်ကြီးချစ်သူတွေလဲ မဖတ်ရသေးတဲ့သူ ဖတ်ရအောင် တင်ပေးလိုက်မိပါတယ်။
ရွှေမြန်မာတွေ ဘေးကင်းသလို ငွေဂျပန်တွေလဲ ထိခိုက်ဒဏ်ရာ ဘာဘာညာ နည်းပါစေလို့...။
နည်းလေ ပျော်လေဖြစ်မယ်ဆိုတာ ယုံပါလား ချစ်ရတဲ့ ဂျပန်ရယ်...။

ဂျပန်ရောက်မြန်မာများ ငလျင်၊ဆူနာမီကြောင့် အထိအခိုက် မရှိသေး
ဂျပန်နိုင်ငံတွင် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဂျပန်သမိုင်း တစ်လျှောက် အင်အားအကြီးဆုံး ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီဖြစ်ပေါ်ခဲ့ကာ လူသေဆုံးမှု၊ ပျောက်ဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ယင်းနိုင်ငံ တွင်ရောက်ရှိနေသည့် မြန်မာလူမျိုး များ ထိခိုက်မှုမရှိကြောင်း မတ်လ ၁၄ ရက်နေ့အထိရရှိသော သတင်းများအရ သိရှိရသည်။

"တိုကျိုမှာရှိတဲ့ မြန်မာကျောင်း သားတချို့ကို လှမ်းမေးခဲ့ပါတယ်။ အထိအခိုက်မရှိကြပါဘူး။ မြန်မာ လူမျိုးထဲကအထိ အခိုက်ရှိတယ်လို့ မကြားသေးဘူးလို့ပြောပြတယ်"ဟု မတ်လ ၁၃ ရက်နေ့က အိုဆာကာမှ ပြန်ရောက်လာသည့် ဒေါ်ခင်သိင်္ဂီမောင် က ပြောပြသည်။

"အခုရက်တွေထဲမှာတော့ ငလျင်တွေ ထပ်လှုပ်နိုင်သေးတယ် ဆိုပြီး အစိုးရက ကြိုတင်သတိပေးမှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ထားပါတယ်" ဟု ၎င်းက ဆက်လက်ပြောပြသည်။

ဂျပန်နိုင်ငံသည် နည်းပညာနှင့် စီးပွားရေး တိုးတက်မှုများကြောင့် တရုတ်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်အစရှိသော နိုင်ငံခြားသား အလုပ်သမားများ ရောက်ရှိလုပ်ကိုင်ရာ၊ ကျောင်းသားများ အလုပ်တစ်ဖက်နှင့် ပညာဆည်းပူးရာ နိုင်ငံဖြစ်နေပြီး မြန်မာလူမျိုးများလည်း အလုပ်အကိုင်နှင့် ပညာသင်အခွင့်အလမ်း အတွက် သွားရောက်မှု များပြားသည် ဟု သိရသည်။

ဂျပန်နိုင်ငံ၌ မြန်မာလူမျိုး လုပ်သားဦးရေ မည်မျှရှိသည်ကို အတိအကျ ထုတ်ပြန်မှု မရှိသော်လည်း လွန်ခဲ့သော ၁၀ နှစ်က မှတ်တမ်းများအရ မြန်မာလူမျိုး အလုပ်သမားဦးရေ ၁၀၀၀၀ ခန့်ရှိသည်ဟု သိရှိရ ...

"ငလျင်ဖြစ်တဲ့အချိန်တုန်းက အိမ်မှာပါ။ ကြုံလည်းမကြုံဖူးတော့ တော်တော်လေးကြောက်တယ်။ ဘာမှတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။ နေတဲ့ အိမ်လည်းမပျက်စီးဘူး။ မြန်မာလူမျိုးတွေထဲကတော့ သေတာ၊ ဒဏ်ရာ ရတာနဲ့ပတ်သက်ပြီး မကြားသေး ပါဘူး။ မြန်မာနိုင်ငံက မိသားစုကတော့ စိတ်ပူနေတဲ့အတွက် ဖုန်းဆက် ပြီး ကောင်းကောင်းမွန်မွန် ရှိကြောင်း အကြောင်းကြားခဲ့ပါတယ်"ဟု တိုကျိုမြို့တွင် ပညာသင်ယူနေသူ မသီတာက မတ်လ ၁၂ ရက်နေ့တွင် ပြောကြားသည်။

လတ်တလောအချိန်တွင်မူ ဂျပန်နိုင်ငံ၌ မြန်မာလူမျိုး လုပ်သားဦးရေ မည်မျှရှိသည်ကို အတိအကျ ထုတ်ပြန်မှုမရှိသော်လည်း လွန်ခဲ့သော ၁၀ နှစ်က မှတ်တမ်းများအရ မြန်မာလူမျိုး အလုပ်သမားဦးရေ ၁၀၀၀၀ ခန့် ရှိသည်ဟု သိရှိရသည်။

ပညာသင် သွားရောက်သည့် မြန်မာလူငယ်ဦးရေမှာလည်း ရာဂဏန်း မှ ထောင်ဂဏန်း ၀န်းကျင်ရှိနေပြီး တိုကျိုမြို့နှင့် အခြားမြို့များတွင် နေထိုင်သူများ ရှိနေကြသည်။

"ကျွန်တော်နေတဲ့ မာဆုမိုတိုမြို့ တော့ ငလျင်ဖြစ်တဲ့နေရာနဲ့ ဝေးတဲ့အတွက် ဘာမှထိခိုက်မှုမရှိဘူး။ ကျွန်တော့်ညီမလေးနေတဲ့ မြို့ကလည်း အခြေအနေကောင်းပါတယ်။ မြန်မာလူမျိုးတွေ အထိအခိုက်ရှိတယ်ဆိုတဲ့ သတင်းမျိုးတော့ မကြားမိသေးပါဘူး"ဟု မြန်မာကျောင်းသား တစ်ဦးက ပြောပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာလူမျိုးများ၏ မိသားစုဝင်များမှာ ဂျပန်နိုင်ငံ မှ ငလျင်နှင့်ဆူနာမီ သတင်းကြောင့် စိတ်ပူပန်ခဲ့ကြပြီး ဖုန်းဆက်သွယ် မေးမြန်းမှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


မူရင်းhttp://www.news-eleven.com/index.php?option=com_content&view=article&id=7605:2011-03-16-10-03-43&catid=42:2009-11-10-07-36-59&Itemid=112

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!