Sometimes silence is a really good answer.

ထိုင်းတက္ကသိုလ် အချို့မှာ မြန်မာကျောင်းသားတွေများ


The Education Fair 2011 ပြပွဲ မြင်ကွင်း

မြန်မာ-ထိုင်းနယ်စပ် အနီးတစ်ဝိုက်ရှိ ထိုင်းတက္ကသိုလ် အချို့သို့ တက်ရောက်နေသည့် မြန်မာဦးရေမှာ အခြားနိုင်ငံသားများ ထက် ပိုမိုကြသည် ဟု မတ်လ ၂၆ ရက်နှင့် ၂၇ ရက်နေ့ များတွင် ပြုလုပ်သည့် Thai Education Fair 2011 တွင် ပါဝင်ခဲ့သည့် ထိုင်းတက္ကသိုလ်ကြီးများ၏ သတင်း အချက်အလက်များအရ သိရှိရပါ သည်။

အကြောင်းမှာ မြန်မာနှင့်ထိုင်း နှစ်နိုင်ငံနယ်စပ် အနီးတစ်ဝိုက်မှ ထိုင်းနိုင်ငံပညာရေးကို နှစ်သက်သည့် မြန်မာကျောင်းသားများက ထိုင်းတက္ကသိုလ်များသို့ တက်ရောက်လေ့ရှိကြပြီး ဘန်ကောက်နှင့် ဖူးခက်ရှိ တက္ကသိုလ်ကြီးများ၏ ရုံးခွဲများက နယ်စပ် မြို့များတွင် ၀န်ဆောင်မှုလုပ်ငန်းများ အဖြစ် ထားရှိဆောင်ရွက် ပေးနေခြင်း တို့ရှိကြောင်း Mae Fah Luang တက္ကသိုလ်မှ SPublic Relation and Information အရာရှိ Ms.Wannapha Thippayasak က ရှင်းလင်းပြောပြ ခဲ့ပါသည်။



“တာချီလိတ်၊ လားရှိုးဘက်က ကျောင်းသားတွေများကြတယ်။ ပြီးတော့ ဘွဲ့ရထားတဲ့ မြန်မာတွေဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေမှာ အလုပ်ဝင် လုပ်နေကြတာ တွေ့ရတယ် . . .”


မြန်မာ-ထိုင်း နယ်စပ်မြို့များ နှင့် အနီးတစ်ဝိုက်ရှိ နိုင်ငံတကာ ကျောင်းသားများ လက်ခံသည့် တက္ကသိုလ်များမှာ ချင်းရိုင်၊ ချင်းမိုင်တို့ တွင် အများစုတည်ရှိကြပြီး ချင်းရိုင်ရှိ Mae Fah Luang တက္ကသိုလ်တွင် တက်ရောက်နေသည့် မြန်မာဦးရေမှာ ဘွဲ့ကြိုဘာသာရပ်တွင် ရာခိုင်နှုန်းအများဆုံး ဖြစ်ပြီး ဒုတိယမှာ တရုတ် လူမျိုးများဖြစ်သည်ဟု သိရသည်။

ချင်းမိုင်နှင့်ချင်းရိုင်ရှိ ထိုင်းတက္ကသိုလ်များ၌လည်း မြန်မာဦးရေနှစ်စဉ်တိုးကာ ပညာသင်လျက်ရှိနေပြီး ချင်းရိုင်ရှိ Mae Fah Luang တက္ကသိုလ်တွင် ပညာသင်ခဲ့ဖူးသည့် မြန်မာ ကျောင်းသားဦးရေမှာ စုစုပေါင်း တစ်သောင်းကျော်ထိ ရှိခဲ့ကာ တာချီလိတ်မှ အများဆုံး လာရောက်ကြသည်ဟု စုံစမ်းသိရှိရပါသည်။

“ထိုင်းတက္ကသိုလ်တွေမှာ နယ်စပ်က မြန်မာလူမျိုးတွေကို အများဆုံး တွေ့ရပါတယ်။ တာချီလိတ်၊ လား ရှိုးဘက်က ကျောင်းသားတွေ များကြတယ်။ ပြီးတော့ ဘွဲ့ရထားတဲ့ မြန်မာတွေဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေမှာ အလုပ်ဝင်လုပ်နေကြတာ တွေ့ရတယ်။ ပြီးတော့ သူတို့တွေ ရဲ့ထူးခြားချက်က မြန်မာစကား တတ်တာနည်းပြီး ထိုင်းစကား အရမ်းကျွမ်းကြတယ်”ဟု ထိုင်းပညာရေးပြပွဲသို့ လာရောက်သည့် ရှမ်းတိုင်းရင်းသား လူငယ်က ရှင်းပြခဲ့ပါသည်။

ထို့ပြင် နှစ်စဉ်အစိုးရချင်း ချိတ်ဆက်ကာ ခေါ်ယူလေ့ရှိသည့် တက္ကသိုလ်ဖြစ်သည့် King Mongkut's University of Technology မှ Parichart Kreaktarvuth က မြန်မာနိုင်ငံရှိ ရေဆင်းတက္ကသိုလ်နှင့် နှစ်စဉ်ချိတ်ဆက် ခေါ်ယူလေ့ရှိသည့်အပြင် မြန်မာလူမျိုး ၁၀ ဦးအား တက္ကသိုလ်တွင် ပညာသင်ကြား ပေးခဲ့ပြီးဖြစ်ကြောင်း ပြောပြခဲ့သည်။

ထို့ပြင်ထိုင်းနိုင်ငံ ဘန်ကောက်ရှိ Mahidol တက္ကသိုလ်၌လည်း နှစ်စဉ် မြန်မာကျောင်းသား နှစ်ရာကျော် နီးပါး ပညာသင်ကြားလျက်ရှိနေကြရာ ယင်းတက္ကသိုလ်တွင် Public Health နှင့် Health Science ဘာသာရပ်များ၌ မြန်မာကျောင်းသား အများဆုံး တက်ရောက်နေကြောင်း Mahidol တက္ကသိုလ်မှ Mr.Shawn Siferd က ပြောပြခဲ့ပါသည်။

ချင်းမိုင်နှင့် ချင်းရိုင်ရှိထိုင်း တက္ကသိုလ်များတွင် ဘွဲ့ကြိုကျောင်းသားများမှာ မြန်မာအများဆုံးဖြစ်ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်စသည့် မဲခေါင်ဒေသများမှ လည်း ကျောင်းသားများ ပါဝင်ကြောင်း ချင်းရိုင်ရှိ MaeFahLuang တက္ကသိုလ် မှ Public Relationand Information အရာရှိ Ms.WannaphaThip payasak က ဆိုသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=7904:2011-04-04-05-08-23&catid=42:2009-11-10-07-36-59&Itemid=112

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!