Sometimes silence is a really good answer.

ဧပြီလ ၉ ရက်နေ့တွင် ဖြစ်ပေါ်မည့် နေနှင့် ကမ္ဘာအကြား ဂြိုဟ်ပတ်လမ်းကြောင်းသို့ ဗုဒ္ဓဟူးဂြိုဟ် ဖြတ်မည့်ဖြစ်စဉ်တွင် မြန်မာနိုင်ငံရှိ ကော့သောင်းမြို့ကိုပါ ဖြတ်သန်းသွားမည်

 

ဧပြီလ ၉ ရက်နေ့တွင် ဖြစ်ပေါ်မည့် နေနှင့်ကမ္ဘာအကြား ဂြိုဟ်ပတ်လမ်းကြောင်းသို့ ဗုဒ္ဓဟူးဂြိုဟ်ဖြတ် မည့်ဖြစ်စဉ်တွင် မြန်မာနိုင်ငံရှိ ကော့သောင်းမြို့ကိုပါ ဖြတ်သန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းဖြစ်စဉ်သည် မြန်မာစံတော်ချိန် နေ့လယ် ၁၁ နာရီ ၅၂ မိ နစ်တွင် ဖြစ်ပေါ်မည်ဖြစ်ပြီး ဗုဒ္ဓဟူး ဂြိုဟ်သည် ကမ္ဘာနှင့် ၅၄ ဒသမ ၆၉ သန်းကွာဝေးကာ ၃ ဒီဂရီ အကွာအ ဝေးဖြင့် ရပ်တည်နေမည်ဖြစ်သည်။ ယင်းဖြတ်သန်းမှုသည်တစ်နှစ်လျှင် တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိသည်။ “ကော့ သောင်းမြို့ပေါ်ကနေ ဖြတ်သန်းမှာ ဖြစ်တော့ မထူးခြားတာထဲက ထူးခြားမှုတစ်ရပ်လို့ ပြောလို့ရတယ်။ ဒီဖြစ်စဉ်ကို ကမ္ဘာကနေ မျက်မြင်ကြည့်ရင် ဗုဒ္ဓဟူးဂြိုဟ်က နေရဲ့အပေါ်နား ရောက်နေတာကို တွေ့ရပြီး နက္ခတ်တာရာကြည့် မှန်ပြောင်းနဲ့ ကြည့်မယ်ဆိုရင်တော့ ဗုဒ္ဓဟူးဂြိုဟ် ကို နေရဲ့အ၀န်းထဲမှာ အမည်းစက်အနေနဲ့ မြင်တွေ့ရမှာပါ။ အဲဒီလိုဗုဒ္ဓဟူး ဂြိုဟ်ကို နေရဲ့အ၀န်းထဲမှာ အမည်းစက်အနေနဲ့ တွေ့ရှိရတာကလည်း နှစ်ပေါင်း တော်တော်ကြာမှ မြင်တွေ့ ရလေ့ရှိတာပါ” ဟု နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်းမှအမှု ဆောင်အရာရှိချုပ်ဦးဇေယျာကိုက ဆိုပါသည်။

ဖြစ်စဉ်၏ အကျိုးဆက်အနေဖြင့် တစ်လအတွင်း အရှေ့တောင်အာရှ နိုင်ငံများတွင် လေကြောင်းဆိုင်ရာ ထူးခြားမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ နေနှင့်ကမ္ဘာအကြားရှိ ဂြိုဟ်ပတ်လမ်းကြောင်းသို့ ဗုဒ္ဓဟူး ဂြိုဟ်ဖြတ်သန်းမှုကို ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် မေလ ၁ ရက်နေ့ တွင် ကြုံတွေ့ခဲ့ရသည်။



Monday, 04 April 2011 10:17

http://www.news-eleven.com/index.php?option=com_content&view=article&id=7902:2011-04-04-04-04-11&catid=42:2009-11-10-07-36-59&Itemid=112

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!