Sometimes silence is a really good answer.

အသက် ၁၈ မှ ၃၉ နှစ်အတွင်းရှိ လုပ်သား ၅၁၀၀ ကျော်ခေါ်ယူရန် ကိုရီးယား သမ္မတနိုင်ငံမှ ထပ်မံကမ်းလှမ်းမှုရှိ


EPS ဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သွားလုပ်ရန် အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီတွင် လာရောက်စုံစမ်းနေသူများ


ကိုရီးယား သမ္မတနိုင်ငံသို့ EPS (Employment Permit System) ဖြင့် အလုပ်သွားရောက် လုပ်ကိုင်ရန် အသက် ၁၈ နှစ်မှ ၃၉ နှစ် အတွင်းရှိ မြန်မာနိုင်ငံမှ လုပ်သား ၅၁၀၀ ကျော် ကို ထပ်မံကမ်းလှမ်းမှုရှိကြောင်း အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ သတင်း ရရှိပါသည်။

ကိုရီးယားနိုင်ငံမှ ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် လုပ်ကိုင်ရန် လိုအပ်လျက်ရှိသော အလုပ်သမားများကို နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ခေါ်ယူလျက် ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်မှ စတင်ကာ နှစ်နိုင်ငံ သဘောတူညီမှု ဖြင့် အလုပ်သမားများ စေလွှတ်ခဲ့ကြောင်း သိရသည်။

“၂၀၀၉ ခုနှစ်က ရပ်ဆိုင်းခဲ့တဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီး အလုပ်သမား ပြန်လည်စေလွှတ်ဖို့ အတွက် နှစ်နိုင်ငံ ဆွေးနွေးမှုတွေကို ၂၀၁၀ ပြည့်နှစ် မေလ၀န်းကျင်က စတင်ပြုလုပ်ခဲ့ပါ တယ်။ အခု ကိုရီးယားနိုင်ငံက job offer ရရှိတဲ့ လုပ်သား ၁၀၀၀ ကျော် ရှိပါပြီ။ မတ်လအတွင်းမှာလည်း လုပ်သား ၄၀၀ ကျော် စေလွှတ်ပြီးပါ ပြီ။ နောက်ထပ်လည်း လုပ်သား ၅၁၀၀ ကျော်လောက်ကို ကိုရီးယား နိုင်ငံကို စေလွှတ်ပေးဖို့ ကမ်းလှမ်းထား တာရှိပါတယ်” ဟု EPS ဖြင့် လုပ်သားစေလွှတ်မှုများနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

ကိုရီးယားသမ္မတနိုင်ငံတွင် EPS ဖြင့် သွားရောက်လုပ်ကိုင် လိုသည့် လုပ်သားများအနေဖြင့် ပညာအရည် အချင်း ကန့်သတ်ထားချက် မရှိသော်လည်း ကိုရီးယားနိုင်ငံမှ တိုက်ရိုက် လာရောက်စစ်ဆေးမည့် ကိုရီးယားဘာသာ စကားကျွမ်းကျင်မှု စာမေးပွဲအောင်မြင်ရန် လိုအပ်ကြောင်း သိရသည်။

“ EPS နဲ့သွားရောက်လုပ်ကိုင်ဖို့ တခြားလုပ်ငန်း ကျွမ်းကျင်မှုတို့၊ ပညာ အရည်အချင်းတို့ ကန့်သတ်ချက် သီးခြား မရှိပါဘူး။ အဓိကက ကျန်းမာရေး ကောင်းမွန်ဖို့၊ ပြစ်မှုကင်းရှင်းကြောင်းနဲ့ ကိုရီးယားနိုင်ငံကနေ ပြန်ပို့ထား ခြင်းမခံရသူဖြစ်ဖို့ပဲ လိုအပ်ပါတယ်။ စာမေးပွဲအောင်ရင် ဟိုဘက်က ကမ်းလှမ်းတဲ့ အလုပ်အကိုင်တွေထဲက ကိုယ် ကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။ အခု အများဆုံး ကမ်းလှမ်းထားတာ ကတော့ manufacturing industry တွေကဖြစ်ပါတယ်။ job offer ရရှိပြီး သူတွေကို ကိုရီးယားနိုင်ငံ အစားအသောက်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဥပဒေ၊ နေထိုင်မှုစနစ်တွေနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ သင်တန်းကျောင်းမှာ လုပ်ငန်းခွင် သင်တန်းအနေနဲ့ သင်ကြားပေးပါတယ်” ဟု အဆိုပါ တာဝန်ရှိသူ က ရှင်းပြပါသည်။

စာမေးပွဲနှင့် ဆေးအောင်မြင်ပြီး အလုပ်ခန့်စာ ရရှိပြီးသူများသည် အလုပ်သွားရောက် လုပ်ကိုင်ရန် လေယာဉ်ခ၊ ဆေးစစ်ခ၊ ဗီဇာကြေး၊ ၀တ်စုံစရိတ်နှင့် သင်တန်းကြေး အပါအ၀င် စုစုပေါင်းငွေကျပ် ရှစ်သိန်းပေးသွင်း ရမည်ဖြစ်ကြောင်းနှင့် တစ်နှစ်စာချုပ်ဖြင့် ၀င်ရောက် လုပ်ကိုင်ရမည်ဖြစ် ကြောင်း၊ လခအနေဖြင့် တစ်လလျှင် ပျမ်းမျှ ကျပ်ကိုးသိန်းဝန်းကျင် ရရှိမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သွားရောက် လုပ်ကိုင် လိုသူများအနေဖြင့် မရမ်းကုန်းမြို့ နယ်၊ အလုပ်သမား ၀န်ကြီးဌာန၊ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ သို့ လာရောက် စုံစမ်းနိုင်ကြောင်း သိရသည်။
Thursday, 07 April 2011 14:43 
http://www.news-eleven.com/index.php?option=com_content&view=article&id=7963:2011-04-07-08-29-30&catid=42:2009-11-10-07-36-59&Itemid=112

0 စာဖတ်သူတို့စကားများ:

Post a Comment

FLAG COUNTER

Tue,Sep14,2010at2:02PMတွင်Blogကိုစတင်။27.2.2011တွင်FlagCounterကိုစတင်။ Free counters!